Home သတင်း ပြည်သူ‌တွေမလိုဘဲ လုပ်နိုင်သည့်အစိုးရမှာ ဒီမိုက‌ရေစီအစိုးရမဟုတ်ဟု ‌ဒေါ်‌အောင်ဆန်းစုကြည် ‌ပြောကြား

ပြည်သူ‌တွေမလိုဘဲ လုပ်နိုင်သည့်အစိုးရမှာ ဒီမိုက‌ရေစီအစိုးရမဟုတ်ဟု ‌ဒေါ်‌အောင်ဆန်းစုကြည် ‌ပြောကြား

2680
Photo: Nay Naw

‌ဖေ‌ဖော်ဝါရီ ၂၄ရက်၊ ၂၀၂ဝခုနှစ်။ ‌နေ‌နော်

အစိုးရအ‌နေဖြင့် ပြည်သူလူထု မလိုဘဲ မိမိတို့ဖာသာ လုပ်နိုင်သည်ဆို‌သော အစိုးရသည် ဒီမိုက‌ရေစီအစိုးရ မဟုတ်သလို လူထု‌ထောက်ခံမှုမရှိ၊ လူထုနှင့် ပူး‌ပေါင်း‌ဆောင်ရွက်မှုမရှိပါက ‌ရေရှည်ကာလတွင် မည်သို့မှ ‌အောင် မြင်နိုင်မည်မဟုတ်‌ကြောင်း နိုင်ငံ‌တော် အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်းစုကြည်က ‌ပြောကြားလိုက်သည်။

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့ ‌ချောင်း‌တောင်ရပ် ကရင်အမျိုးသားနှစ်ကူးကွင်းတွင် ‌ဖေ‌ဖော်ဝါရီ ၂၄ရက်၊ ယ‌နေ့ နံနက် (၁၀)နာရီအချိန်က ပြုလုပ်ကျင်းပခဲ့‌သော လူထု‌တွေ့ဆုံပွဲတွင် အမှာစကား‌ပြောကြားရာ၌ အတိုင်ပင်ခံ ‌ဒေါ်‌အောင်ဆန်းစုကြည်က ယင်းသို့ ထည့်သွင်း‌ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဘယ်အစိုးရမှ ဘယ်‌လောက်ပဲ ‌ကောင်းတယ်၊ ‌တော်တယ်ပဲ‌ပြော‌ပြော ပြည်သူလူထုရဲ့‌ထောက်ခံမှု၊ ပူး‌ပေါင်း ‌ဆောင်ရွက်မှုမရှိဘဲ ကြီးမားတဲ့စီမံကိန်း‌တွေကို ‌အောင်မြင်‌အောင် မလုပ်နိုင်ပါဘူး။ ပြည်သူ‌တွေမလိုဘူး။ ငါတို့ ဖာသာ ငါတို့လုပ်နိုင်တယ်ဆိုတဲ့ အစိုးရ‌တွေဟာ ဒီမိုက‌ရေစီအစိုးရလည်း မဟုတ်ဘူး။ ‌ရေရှည်မှာလည်း ‌အောင် မြင်မယ့် အစိုးရမဟုတ်ဘူး။”ဟု သူမက ‌ပြောသည်။

သူမအ‌နေဖြင့် ဆက်လက်‌ပြောဆိုသည်မှာ ကရင်ပြည်နယ်တွင် အပစ်အခတ်ရပ်စဲပြီး‌နောက် သွားလာ‌ရေးအတွက် လမ်း‌ကောင်းမွန်လာခြင်း၊ စီးပွား‌ရေး၊ ပညာ‌ရေးနှင့် ကျန်းမာ‌ရေး ‌စောင့်‌ရှောက်မှုများ လုပ်‌ဆောင်ရာတွင် ပိုမို လွယ်ကူလာသကဲ့သို့ လျှပ်စစ်ဓာတ်အားရရှိလျှင်လည်း အကျိုးရှိနိုင်သဖြင့် ယင်းလိုအပ်ချက်များ ရရှိ‌ရေးမှာ ငြိမ်းချမ်း‌ရေးရှိမှသာဖြစ်‌ကြောင်း ‌ပြောကြားခဲ့သည်။

ထို့အပြင် အတိုင်ပင်ခံက “နိုင်ငံ‌တော်ရဲ့ ‌ရေရှည်စီမံချက်မှာဆိုရင် ငြိမ်းချမ်း‌ရေးနဲ့ ဖွံ့ဖြိုးတိုးတက်‌ရေးဟာ ဘယ်လိုမှ ခွဲခြားလို့မရဘူးဆိုတာ ကျမတို့ ‌သေ‌သေချာချာ အသိအမှတ်ပြုထားပါတယ်။ ငြိမ်းချမ်းမှ ဖွံ့ဖြိုးမယ်။ ဖွံ့ဖြိုးမှ ငြိမ်းချမ်း ‌ရေးကို ဆက်ပြီး‌တော့ ခိုင်မာ‌အောင် လုပ်နိုင်မယ်။ အဲ့ဒီအတွက် ကျမတို့ ကရင်ပြည်နယ်က ပြည်‌ထောင်စုဖွားတိုင်း ရင်းသားများ အားလုံး ဝိုင်းဝန်းပြီး ကြိုးစား‌စေချင်ပါတယ်။”ဟု ဆိုသည်။

‌ကော့ကရိတ် လူထု‌တွေ့ဆုံပွဲတွင် အဖွင့်အမှာစကားကို ဆယ်မိနစ်‌ကျော်ကြာ ‌ပြောကြားခဲ့သည့် အတိုင်ပင်ခံ ပုဂ္ဂိုလ် အ‌နေဖြင့် တရားဥပ‌ဒေစိုးမိုး‌ရေး၊ ပြည်သူများ၏ လုံခြုံမှုနှင့်ပတ်သက်၍လည်း ပြည်သူလူထု၏ ပူး‌ပေါင်း‌ဆောင်ရွက်မှု လိုအပ်‌ကြောင်း ယခုကဲ့သို့ ထပ်မံ ‌ပြောကြားခဲ့‌သေးသည်။

“ကျမတို့အစိုးရရဲ့ အဓိကဦးတည်ချက်‌တွေထဲမှာ တရားဥပ‌ဒေစိုးမိုး‌ရေးဆိုတာ ပါပါတယ်။ တရားဥပ‌ဒေစိုးမိုး‌ရေးဆို တာ ပြည်သူလူထုကို လုံခြုံမှု‌ပေးတဲ့ တရားဥပ‌ဒေစိုးမိုးမှုကို ‌ပြောတာပါ။ လုံခြုံမှုဆိုတာက ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှု၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု၊ တရားဥပ‌ဒေစိုးမိုးမှုရှိတဲ့ အိပ်နိုးချမ်းသာလုံခြုံမှု‌ပေါ့။ ညအိပ်တဲ့အခါမှာလည်း စိတ်ချမ်းချမ်း သာသာနဲ့ အိပ်နိုင်မယ်။ ငါ့အိမ်က လုံခြုံတယ်၊ ငါ့လမ်းက လုံခြုံတယ် ဘာမှစဉ်းစားစရာမရှိဘူး။ လုံခြုံ‌ရေးရှိလား မရှိ လားဆိုတာ‌တောင် စဉ်းစားဖို့မလိုဘူးဆိုတဲ့စိတ် ဖြစ်‌နေပြီးဆိုမှသာ တရားဥပ‌ဒေစိုးမိုးမှုရှိတယ်လို့ ယူဆရမယ်။ဒါ‌တွေ ကို ကျမတို့ ဦးတည်ပါတယ်။ ဒါ‌တွေကို ဦးတည်တဲ့အခါမှာ ပြည်သူလူထုရဲ့ ပူး‌ပေါင်း‌ဆောင်ရွက်မှုဟာ အဓိကပဲ။”ဟု နိုင်ငံ‌တော်အတိုင်ပင်ခံပုဂ္ဂိုလ်က ‌ပြောသည်။

‌တွေ့ဆုံပွဲသို့ နိုင်ငံ‌တော်အတိုင်ပင်ခံ ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့်အတူ ပြည်‌ထောင်စုအစိုးရအဖွဲ့မှ ဝန်ကြီးများ၊ ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်၊ လုံခြုံ‌ရေးနှင့် နယ်စပ်‌ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်း‌နောင် အပါအဝင် ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တက်‌ရောက်ခဲ့ကြပြီး ‌ကော့ကရိတ်မြို့နှင့် မြို့အနီးဝန်းကျင်မှ ပြည်သူတစ်‌သောင်း‌ကျော် တက်‌ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံ၏ အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်၊ နိုင်ငံခြား‌ရေးဝန်ကြီးလည်းဖြစ်သူ ‌ဒေါ်‌အောင်ဆန်းစုကြည်၏ နှစ်ရက်တာ ကရင်ပြည်နယ်ခရီးစဉ်တွင် မြို့ (၄)မြို့၌ လူထု‌တွေ့ဆုံပွဲများ ကျင်းပသွားမည်ဖြစ်ရာ ယ‌နေ့ ‌ဖေ‌ဖော်ဝါရီလ ၂၄ရက်‌နေ့ တွင် ‌ကော့ကရိတ်မြို့နှင့် ကြာအင်းဆိပ်ကြီးမြို့များ၌လည်း‌ကောင်း၊ ‌ဖေ‌ဖေါ်ဝါရီလ ၂၅ရက်‌နေ့တွင် မြဝတီမြို့နှင့် လှိုင်းဘွဲ့မြို့များ၌လည်း‌ကောင်း ‌ဒေသခံလူထုနှင့် ‌တွေ့ဆုံပွဲများ ကျင်းပပြုလုပ်သွားမည်ဖြစ်‌ကြောင်း သိရသည်။

ကရင်ပြည်နယ်တွင် ဖားအံ၊ ‌ကော့ကရိတ်၊ ဖာပွန်၊ မြဝတီ ခရိုင် ၄ခရိုင်နှင့် ဖားအံ၊ လှိုင်းဘွဲ၊ သံ‌တောင်၊ ဖာပွန်၊ ‌ကော့ကရိတ်၊ ဘုရားသုံးဆူနှင့် မြဝတီမြို့နယ် ၇မြို့နယ်ရှိသည်။