Home သတင်း နှစ်နိုင်ငံချစ်ကြည်‌ရေးမပျက်‌စေရန် ဘုရားသုံးဆူနယ်စပ်ဂိတ်အား ဖွင့်ခွင့်မပြုခြင်းဖြစ်ဟု ‌ဒေါ်‌အောင်ဆန်းစုကြည်‌ပြော

နှစ်နိုင်ငံချစ်ကြည်‌ရေးမပျက်‌စေရန် ဘုရားသုံးဆူနယ်စပ်ဂိတ်အား ဖွင့်ခွင့်မပြုခြင်းဖြစ်ဟု ‌ဒေါ်‌အောင်ဆန်းစုကြည်‌ပြော

3390

‌ဖေ‌ဖော်ဝါရီလ ၂၅ ရက်၊ ၂ဝ၂ဝ ခုနှစ်။ ‌စောမြတ်ဦးသာ

ဆယ်စုနှစ် တစ်ခု‌ကျော်ကြာ ပိတ်ထားသည့် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူနယ်စပ်ဂိတ်ကို နှစ်နိုင်ငံချစ်ကြည်‌ရေး မပျက်‌စေ ရန်အတွက် ဖွင့်ခွင့်မပြုခြင်းသာဖြစ်သည်ဟု နိုင်ငံ‌တော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်‌ဒေါ်‌အောင်ဆန်းစုကြည်က ‌ပြောသည်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ ဇမိခန်းမ၌် ယမန်‌နေ့ (‌ဖေ‌ဖော်ဝါရီ ၂၄ ရက်)က ပြုလုပ်သည့် လူထု‌တွေ့ဆုံပွဲ အခမ်း အနားတွင် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဂိတ်အား ပြန်လည်ဖွင့်လှစ်‌ပေးရန် ဘုရားသုံးဆူမြို့‌ဒေသခံတစ်ဦး၏ တင်ပြ ချက်အ‌ပေါ် နိုင်ငံ‌တော်၏အတိုင်ပင်ခံ ‌ဒေါ်‌အောင်ဆန်းစုကြည်က ယခုလို ထည့်သွင်း‌ပြောကြားခဲ့ခြင်းဖြစ်သည်။

‌ဒေါ်‌အောင်ဆန်းစုကြည်က “တရားဝင်နှစ်ဖက်စလုံးက လက်မခံထားတဲ့‌နေရာမှာ ဂိတ်‌တွေဖွင့်လိုက်လို့ရှိရင် နယ်စပ်‌တွေသတ် မှတ်တဲ့အခါ ‌ပြောစရာစကားဖြစ်လာ‌ရော။ အငြင်းပွားမှု‌တွေ ဖြစ်တတ်ပါတယ်။ နှစ်ဖက်စလုံးကလည်း ကိုယ့်ရဲ့အခွင့်အ‌ရေး‌တွေ ညီညီမျှမျှရှိဖို့ လက်ခံနိုင်ဖို့ လိုအပ်တယ်။ ဒီဂိတ်ကိစ္စဟာ လွယ်လွယ်နဲ့ မဆုံး ဖြတ်ပါဘူး။ ခွင့်မပြုတာက ပြည်သူလူထုပြဿနာ ဖြစ်‌စေချင်လို့ မဟုတ်ပါဘူး။ ‌ရေရှည်နှစ်နိုင်ငံကြား ချစ်ကြည် ‌ရေးမပျက်ဖို့အတွက် ဖြစ်ပါတယ်” ဟု ‌ပြောသည်။

နယ်စပ်ဂိတ်သတ်မှတ်လိုက်ပြီး‌နောက် နယ်နိမိတ်နှင့်ပတ်သက်ပြီး နှစ်နိုင်ငံအဆင်မ‌ပြေမှုများနှင့် ချစ်ကြည်‌ရေးပျက်ပြားလျှင် နိုင်ငံသူနိုင်ငံသား နစ်နာမည်ဖြစ်ပြီး ‌ရေရှည်‌ကောင်းကျိုးအတွက် မလုပ်သင့်‌သေးသဖြင့် မလုပ်‌ပေးခြင်းသာဖြစ်၍ နားလည်‌ပေး ‌စေချင်‌ကြောင်းလည်း နိုင်ငံ‌တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဆက်‌ပြောသည်။

ယမန်‌နေ့ လူထု‌တွေ့ဆုံပွဲတွင် နိုင်ငံ‌တော်၏ အတိုင်ပင်ခံနှင့် ပြည်‌ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများအား ကြာအင်း ဆိပ်ကြီး၊ ဘုရားသုံးဆူး၊ ကျိုက်ဒုံ၊ ဝင်း‌ရော်‌ဒေသတို့မှ အခမ်းအနားတက်‌ရောက်လာသူ ‌ဒေသခံများက လမ်းတံတား၊ နယ်စပ်ဂိတ်နှင့် လျှပ်စစ်မီးရရှိ‌ရေးကိစ္စရပ်များကို ‌မေးမြန်းတင်ပြကြသည်။

“ဘုရားသုံးဆူမြို့က ထိုင်းဘက်ခြမ်းကို အမှီပြုပြီး စီးပွားရှာ‌နေရတယ်။ လမ်းပိတ်လိုက်တဲ့အခါကျ‌တော့ အကုန်လုံးအခက်ခဲ‌တွေ ဖြစ်တယ်။ ဆန်၊ ကြက်သွန်၊ ဖရဲသီး၊ မ‌ပေးဝင်ဘူး။ သူတို့သတ်မှတ်ထားတဲ့ ပစ္စည်း‌တွေပဲ သွင်းလို့ရတယ်။ ‌ဈေး‌တွေအနှိမ်ခံ ရ တယ်။ သူတို့နိုင်ငံသား‌တွေကို တစ်ရက်လုပ်ခဘတ် ၃ဝဝ ရာ‌ပေးရင် ထိုင်းဘက်ခြမ်းအလုပ်လုပ်တဲ့ ကိုယ့်နိုင်ငံသားက ၁ဝဝ ‌လောက်ပဲရတယ်။ နယ်‌မြေအ‌ခြေအ‌နေအရ တရားဝင်ကုန်သွယ်ခွင့် မဖွင့်‌ပေးနိုင်ရင်‌တောင်မှ နားလည်မှုနဲ့ လူအဝင်အထွက် ‌လေးဖွင့်‌ပေးနိုင်ရန် အဆင်‌ပြေတယ်” ဟု ဘုရားသုံးဆူမြို့ခံ ဦးခိုင်ဝင်းက ‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဂိတ်ကို ၁၉၉၃ ခုနှစ်တွင် တရားဝင်ဖွင့်လှစ်ခဲ့ပြီး ၂ဝဝ၇ ခုနှစ်တွင် ပြန်လည်ပိတ်သိမ်းပြီး‌နောက် ‌ဒေသအတွင်း တရားဝင်ကုန်သွယ်မှုမရှိ‌တော့ဘဲ ‌မှောင်ခို‌ဈေးကွက်ဖြင့်ကာ ‌ဒေသထွက် သီးနှံများကို ‌ရောင်းချ‌နေရသည့်အတွက် ၎င်းနယ်စပ်ဂိတ်အား ပြန်လည်ဖွင့်လှစ်‌ပေးရန် အစိုးရတာဝန်ရှိသူထံ အကြိမ်ကြိမ် တင်ပြ‌တောင်းဆိုခဲ့ပြီဟု ‌ဒေသခံများထံမှ သိရ သည်။