Home တွေ့ဆုံမေးမြန်းခန်း KWO ဗဟိုအလုပ်အမှု‌ဆောင် ‌နော်ဒါးမုနှင့် ‌တွေ့ဆုံခြင်း

KWO ဗဟိုအလုပ်အမှု‌ဆောင် ‌နော်ဒါးမုနှင့် ‌တွေ့ဆုံခြင်း

3483
KWO ဗဟိုအလုပ်အမှု‌ဆောင် ‌နော်ဒါးဒါးမု (Photo_KIC)


“ အမျိုးသမီး အကြမ်းဖတ်ခံရမှု ‌လျော့နည်း‌စေဖို့ အမျိုးသား‌တွေ မပါဝင်ရင် အကုန်ပ‌ပျောက်ဖို ့မလွယ်ဘူး”

‌ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၏ ခရိုင်အသီးသီးနှင့် နယ်စပ်ဒုက္ခသည်စခန်းများမှ အမျိုးသမီးများ၊ လူမှု အဖွဲ့အစည်းအသီးသီးမှ အမျိုးသမီးကိုယ်စားလှယ်များ ပါဝင်သည့် အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှုဆန့်ကျင်‌ရေး ၁၆ ရက်တာလှုပ်ရှားမှုကို ဦး‌ဆောင်ကျင်းပသည့် ကရင်အမျိုးသမီးအစည်းအရုံး- KWO ဗဟိုအလုပ်အမှု‌ဆောင်၊ လူမှု‌ရေး တာဝန်ခံ ‌နော်ဒါးမုနှင့် ‌တွေ့ဆုံကာ အမျိုးသမီး‌ရေးလှုပ်ရှားမှုအ‌ကြောင်း ‌မေးမြန်းထားသည်များကို ‌ဖော်ပြလိုက်ပါသည်။

‌မေး။ ။ KWO က ၁၆ ရက်တာ လှုပ်ရှားမှုလုပ်‌ဆောင်ဖြစ်တဲ့ အ‌ခြေအ‌နေ‌လေး ‌ပြောပြပါအုံး။

‌ဖြေ။ ။ KWO က ‌နေဦး‌ဆောင်ပြီး အလွှာ‌ပေါင်းစုံ အမျိုးသမီး‌တွေ ပူး‌ပေါင်းလှုပ်ရှားမှုက အခုဒုတိယအကြိမ် ‌မြောက် လုပ်‌ဆောင်တာဖြစ်တယ်။ ပြီးခဲ့တဲ့နှစ်က KNU သထုံခရိုင်၊ တပ်မဟာ ၁ မှာ လုပ်ဖြစ်တယ်။ အစည်း အ‌ဝေးရဲ့ဆုံး ဖြတ်ချက်အရ အခြားခရိုင်မှာ ပြန်လုပ်ချင်သလို မူတ‌ရော်(ဖာပွန်)ခရိုင်က အမျိုးသမီး‌တွေက သူတို့ခရိုင်မှာ လာကျင်းပ‌စေချင်တဲ့အတွက်လည်း ဖြစ်တယ်။ အရင်တုန်းကဆိုရင် သူ့ခရိုင်နဲ့သူ လုပ်‌ဆောင်တာရှိပါတယ်။
ကိုယ့်ခရိုင်နဲ့ကိုယ်က ပွဲ‌သေး‌သေးနဲ့ကျင်းပတာဆို‌တော့ အများမသိမှာ၊ စိတ်မဝင်စားကြမှာလည်း စိုးရိမ်တယ်။ အဲဒါ‌ကြောင့် အမျိုးသမီးအကြမ်းဖက်ခံရတာ‌တွေ လွတ်‌မြောက်ဖို့က တာဝန်ရှိတဲ့လူ‌တွေဖြစ်‌စေ ရွာသူ၊ ရွာသား ‌တွေဖြစ်‌စေ သိဖို့အတွက် ခရိုင်အားလုံး၊ ဒုက္ခသည်စခန်းအားလုံးက KWO အမျိုးသမီးအဖွဲ့ဝင်‌တွေ စုပြီး ပူး‌ပေါင်းလုပ်‌ဆောင်ဖို့ အခုလိုပွဲအကြီးကြီး ကျင်းပပြီး လှုပ်ရှားမှု‌တွေလုပ်တာဖြစ်တယ်။

‌မေး ။ ။ အကြမ်းဖက်ခံရတဲ့ အမျိုးသမီး‌တွေအတွက် ၁၆ ရက်တာလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး KWOက ဘာ‌တွေ လှုပ်ရှား၊ လုပ်‌ဆောင်တာ ရှိပါသလဲ။

‌ဖြေ။ ။ အမျိုးသမီး အကြမ်းဖက်ခံရမှု ပ‌ပျောက်ဖို့အတွက် ကျမတို့ ၁၆ ရက်တာ လှုပ်ရှားမှုက နိုဝင်ဘာလ ၂၅ ရက်‌နေ့မှာ လှုပ်ရှားမှုအစီအစဉ်ပြုလုပ်တယ်။ ပြီးရင် ခရိုင် ၇ ခုနဲ့ ဒုက္ခသည်စခန်းထဲက တက်‌ရောက်တဲ့ အမျိုးသမီး ကိုယ်စားလှယ်‌တွေက သူတို့ ‌နေရပ်ပြန်ပြီ‌တော့ သူတို့ရပ်ရွာထဲမှာဖြစ်ဖြစ် စာသင်‌ကျောင်းမှာပဲဖြစ်ဖြစ်၊ ‌ဘော်ဒါ ‌ဆောင်‌တွေမှာပဲဖြစ်ဖြစ် ၁၆ ရက်တာ လှုပ်ရှားမှု လုပ်ရတဲ့အ‌ကြောင်း‌တွေ၊ အမျိုးသမီးများအ‌ပေါ်အကြမ်းဖက်မှု ပ‌ပျောက်‌ရေး ဆန့်ကျင်တဲ့ လှုပ်ရှားမှုလုပ်ရတဲ့အ‌ကြောင်း‌တွေ၊ ပြီးရင် အိမ်တွင်းအကြမ်းဖက်မှု အ‌ကြောင်း‌တွေ။

‌နောက်တစ်ခုက ဒီလှုပ်ရှားမှုနဲ့ပတ်သက်ပြီး အသိပညာ‌ပေး လက်ကမ်းစာ‌စောင် ဖြန့်‌ဝေတာ၊ ဖဲကြိုးဖြူ လှုပ်ရှားမှုကို ပညာ‌ပေး လုပ်‌ဆောင်ဖို့ အစီအစဉ်‌တွေ ရှိပါတယ်။ ပြီး‌တော့ နိုဝင်ဘာ ၂၅ ရက်‌နေ့ က‌နေ ဒီဇင်ဘာ ၁ဝ ရက်‌နေ့ အထိဆို‌တော့ ကြားထဲမှာ လူ့အခွင့်အ‌ရေး‌နေ့လည်းရှိ‌သေးတယ်။ အဲဒီမှာ ပညာ‌ပေးလှုပ်ရှားမှု‌တွေ ဆက်လုပ်ဖို့ ရှိပါ‌သေး တယ်။

‌မေး ။ ။ အခုလှုပ်ရှားမှုလုပ်တာနဲ့ပတ်သက်ပြီး အမျိုးသမီး‌တွေကို ဘာ Message ‌ပေးချင်တာလဲ။

‌ဖြေ။ ။ နိုဝင်ဘာ ၂၅ ရက်‌နေ့ဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ အကြမ်းဖက်ခံရတဲ့ အမျိုးသမီး‌တွေနဲ့ ပတ်သက်ပြီး ဆန့်ကျင် တဲ့‌နေ့ ဖြစ်တယ်။ အမျိုးသမီးများအတွက် အ‌ရေးကြီးတဲ့ ‌နေ့ရက်လည်း ဖြစ်တယ်။ ကျမတို့ ပြန်ကြည့် မယ်ဆိုရင် အမျိုး သမီး‌တွေက အကြမ်းဖက်ခံရတာ‌တွေရှိတယ်။ ဒါ‌ပေမယ့် အကြမ်းဖက်ခံရတာကို သူတို့ကိုယ် သူတို့မသိဘူး။ တချို့ ကျ‌တော့ သူတို့အကြမ်းဖက်ခံရတာကို ထုတ်မ‌ပြောရဲကြဘူး။ ဒါ‌ကြောင့် ဒီ‌နေ့မှာ နှိပ်စက်ခံရတဲ့ အမျိုသမီး‌တွေ၊ အကြမ်း ဖက်ခံရတဲ့ အမျိုးသမီး‌တွေအတွက် လွတ်‌မြောက်ဖို့၊ ပ‌ပျောက်ဖို့ လှုပ်ရှားမှု‌တွေ လုပ်တာ ဖြစ်တယ်။

ကရင်အမျိုးသမီးဖြစ်‌စေ၊ အမျိုးသမီးအားလုံးဖြစ်‌စေ ရပ်ရွာထဲမှာ‌နေတဲ့ အမျိုးသမီးများဖြစ်‌စေ အလွှာစုံ အမျိုးသမီးများ အားလုံးကို အား‌ပေးချင်တာက ကိုယ်အကြမ်းဖက်ခံထားရရင် တိုင်ကြားနိုင်တဲ့ ကိုယ်ပိုင်အခွင့်အ‌ရေး ရှိတယ် ဆိုတာကို သိထားဖို့ပဲ။ ပြီး‌တော့ ကိုယ်တိုင်မဟုတ်‌သော်လည်း ကိုယ့်မျက်စိ‌ရှေ့မှာ အကြမ်းဖက်ခံရတဲ့ အမျိုးသမီး‌တွေရှိရင် ‌ကြောက်မ‌နေဘဲနဲ့ ထုတ်‌ဖော်‌ပြောကြပါလို့ အမျိုးသမီးအားလုံးကို ‌ပေးသိချင်ပါတယ်။

‌မေး။ ။ အမျိုးသမီးအဖွဲ့‌တွေရှိလာတာနဲ့ပတ်သက်ပြီး အမျိုးသမီးအတွက် ဘာ‌တွေအကျိုး‌ကျေးဇူး ရလာသလဲ။

‌ဖြေ ။ ။ ကျမတစ်‌ယောက်အမြင်နဲ့ ‌ပြောရမယ်ဆိုရင် အမျိုးသမီးနဲ့က‌လေးသူငယ်အတွက် လုပ်‌ဆောင်‌ပေးတဲ့ အဖွဲ့ရှိ လာတာဟာ သူတို့အတွက်အများကြီး အ‌ထောက်အကူပြုရှိတယ်လို့ မြင်ပါတယ်။ အရင်တုန်းက အမျိုးသမီး ဖြစ်ရင် ဘယ်လို‌နေထိုင်ရမယ်ဆိုပြီး သတ်မှတ်ချက်‌တွေနဲ့ ‌နေထိုင်ရတယ်။ ဒါကို အမျိုးသမီး ‌တွေကလည်း ‌ရှေးအစဉ်အလာ သတ်မှတ်ချက်အတိုင်း လက်ခံ‌နေထိုင်ကြတယ်။ သူတို့မှာ ဦး‌ဆောင်နိုင်တဲ့ အခွင့်အ‌ရေးရှိတာကို မသိဘူး။ အမှန်ဆိုရင် အမျိုးသမီး‌တွေရဲ့ လုပ်‌ဆောင်နိုင်စွမ်း အများကြီး ရှိပါတယ်။
အခုဆိုရင် အမျိုးသမီးအတွက် လုပ်‌ဆောင်‌ပေးတဲ့အဖွဲ့ရှိလို့ အမျိုးသမီး‌တွေကို သင်တန်း‌တွေ၊ ပညာ‌ပေး‌တွေ လုပ်‌ပေးနိုင်လို့ အခုအမျိုးသမီး‌တော်‌တော်များများ မျက်စိပွင့် နားပွင့်လာပြီးလို့ ‌ပြောလို့ ရပါတယ်။ တကယ်လို့ အမျိုးသမီး‌တွေအတွက် ပညာ‌ပေး‌တွေ လုပ်‌ဆောင်‌ပေးနိုင်တဲ့ အဖွဲ့‌တွေမရှိခဲ့ဘူးဆိုရင် ကျမတို့အမျိုးသမီး‌တွေက ထုံးတမ်းအစဉ်အလာ သတ်မှတ်ချက်‌တွေနဲ့ပဲ ‌နေသွားမယ်။ ပြီး‌တော့ ဖိနှိပ် ခံရ‌ပေမယ့်လည်း ဖိနှိပ်ခံအတိုင်းပဲ ‌နေမယ် လို့ထင်တယ်။

‌မေး။ ။ လက်ရှိအချိန်မှာ ပွင့်လင်းမှု‌တွေရှိလာပြီးဆို‌တော့ ရပ်ရွာအတွင်းမှာရှိတဲ့ အမျိုးသမီး‌တွေ အ‌ခြေအ‌နေကို ဘယ်လို မြင်‌တွေ့ရလဲ။

‌ဖြေ။ ။ ရပ်ရွာအဆင့်မှာဆိုရင် ကျမတို့ ကရင်အမျိုးသမီး‌တွေက သူတို့‌တွေကို ပညာ‌ပေးတာတို့ သင်တန်း ‌တွေ‌ပေးတာတို့ သိပ်မရှိတဲ့အတွက် အကြမ်းဖက်ခံရတာနဲ့ ပတ်သက်ပြီး ထုတ်‌ဖော် တင်ပြတာတို့ အရင်တုန်းက သိပ်မ‌တွေရဘူး။ မကြားရဘူး။ ဒါ‌ပေမယ့် အခုအချိန်မှာဆိုရင် အမြင်ဖွင့်သင်တန်းတို့ ပညာ‌ပေး ‌ရောက်တဲ့ ‌နေရာမှာဆိုရင် သူတို့မှာ အကြမ်းဖက်ခံရတာရှိရင်‌တော့ ခြိမ်း‌ခြောက်မှု အ‌ကြောက်တရား‌အောက်မှာ ရှိ‌ပေမယ့်လည်း လာတိုင်ကြားတာတို့ လာ‌ပြောပြတာတို့ များလာတယ်။

အခုအ‌ခြေအ‌နေ ပြန်ကြည့်မယ်ဆိုရင် ‌နေရာတိုင်းမှာက အကြမ်းဖက်ခံရတဲ့ အမျိုးသမီး‌တွေမရှိတဲ့ ‌နေရာဆိုတာ မရှိပါဘူး။ ‌နေရာတိုင်းမှာ ရှိတယ်။ လက်ရှိ အမျိုးသမီး‌တွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာ အများကြီးရှိတယ်။ လိင်အကြမ်းဖက် ခံရတာ‌တွေကလည်း သူစိမ်း‌တွေကလာပြီး အကြမ်းဖက်တာ မဟုတ်ဘူး။ အခု အချိန်မှာ ကိုယ့်ပတ်ဝန်းကျင် ကိုယ့်‌ဆွေမျိုး၊ အိမ်အတွင်းမှာလည်း ရှိတယ်ဆိုတာ သတိထားရမှာ ဖြစ်တယ်။

‌မေး။ ။ အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်ခံရမှု ‌လျော့နည်းလာဖို့ အမျိုးသား‌တွေ ဘယ်လို ပူး‌ပေါင်းပါဝင်သင့်လဲ၊ လက်ရှိအချိန် အမျိုးသား‌တွေ ဘယ်‌လောက်အထိ ပူး‌ပေါင်းပါဝင်မှု ရှိပြီးလဲ။

‌ဖြေ ။ ။ အကြမ်းဖက်ခံရမှု ပ‌ပျောက်ဖို့အတွက် အမျိုးသမီး‌တွေကြီးပဲ လုပ်‌ဆောင်ရတာမဟုတ်ဘူး။ ကျမတို့ မြင်ချင်တာက အမျိုးသား‌တွေလည်းပါဝင်ပြီး လုပ်‌ဆောင်‌ပေး‌စေချင်တယ်။ တကမ္ဘာလုံးမှာ ပြန်ကြည့်မယ် ဆိုရင် အကြမ်းဖက်ခံရတာ‌တွေက အမျိုးသားထက် အမျိုးသမီး‌တွေကပိုပြီး ခံရတာများတာ ‌တွေ့ရတယ်။ အကြမ်းဖက် တဲ့ လူ‌တွေက‌တော့ အမျိုးသား‌တွေများတယ်။ ဒီ‌တော့ အမျိုးသမီးအကြမ်းဖက်ခံရမှု ‌လျော့နည်း‌စေဖို့အတွက်က အမျိုးသားများ မပါဝင်ရင် အကုန်ပ‌ပျောက်ဖို့ မလွယ်ဘူး။ ဒီ‌တော့အမျိုးသား‌တွေ ပူး‌ပေါင်းပါဝင်‌စေချင်တယ်။

ဘာဖြစ်လို့လဲဆို‌တော့ အမျိုးသမီးများအ‌ပေါ်အကြမ်းဖက်ခံရမှု‌လျော့နည်း‌အောင် အမျိုးသမီး‌တွေ ‌ပြောဆိုတာ‌တွေထက် အမျိုးသား‌တွေအချင်းချင်း‌ပြောဆိုရင် ပိုပြီး‌တော့ နား‌ထောင်ကြမယ်။ အဲဒါ‌ကြောင့် အမျိုးသား‌တွေ ပူး‌ပေါင်းပါဝင် ‌ပြောဆို‌ပေးချင်ပါတယ်။ အမျိုးသား‌တွေအချင်းချင်း ပြန်ပြီး ဖလှယ်‌ပေး၊ အသိပညာ‌ပေး‌တွေ လုပ်‌စေချင်ပါတယ်။

အရင်ကဆိုရင် ဒီလိုလှုပ်ရှားမှု‌တွေ လုပ်တာဟာ ဒီဟာက အမျိုးသမီး‌တွေအလုပ်၊ သူတို့နဲ့ မဆိုင်ဘူးဆိုပြီး ပူး ‌ပေါင်းပါဝင်တာမရှိဘူး။ ဒါ‌ပေမယ့် အခုအ‌ခြေအ‌နေအရ အရင်ကနဲ့ပြန်နှှိုင်းယှဉ်ရင် အခုက ‌ခေါင်း‌ဆောင်အဆင့် အမျိုးသား‌တွေက နည်းနည်းနားလည် သ‌ဘော‌ပေါက်လာပြီး အနည်းငယ်ပူး‌ပေါင်းပါဝင်မှုရှိလာတယ်။ ဒီနှစ်မှာ လုပ်တဲ့ အစီအစဉ်အရဆိုရင် အမျိုးသားဦး‌ရေ ပူး‌ပေါင်းပါဝင်မှု များလာတာ‌တွေ့ရတယ်။ များလာ‌ပေမယ့်လည်း ပြန်ကြည့်ရင် သူတို့က တကယ်စိတ်ရင်းနဲ့ ပူး‌ပေါင်းပါဝင်ချင်လို့ လာတာရှိသလို တချို့က တာဝန်အရ လာတာလည်း ရှိချင်ရှိမယ်။ တကယ့် စိတ်ရင်းနဲ့လာတာက အ‌ရေအတွက် နည်း‌သေးတယ်။

‌မေး။ ။ အမျိုးသမီးအခွင့်အ‌ရေး ရှိတဲ့အ‌ကြောင်းကို အမျိုးသမီးထု‌တွေကို ဘာအား‌ပေးတိုက်တွန်းချင်လဲ။

‌ဖြေ။ ။ ကရင်အမျိုးသမီးအားလုံးအတွက် ဒီနှစ် ကျမတို့ရဲ့‌ဆောင်ပုဒ်က “ကာကွယ်‌စောင့်‌ရှောက်ရန် အတွက် သင်၏ အာဏာကို အသုံးပြုပါ” ဖြစ်တယ်။ ‌ပြောချင်တာက ကာကွယ်‌စောင့်‌ရှောက်ဖို့အတွက် အာဏာရှိတဲ့ သူကသာ လုပ်‌ဆောင် ရတာမဟုတ်ဘူး။ လူတိုင်းမှာ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အတွက် ‌ပြောဆိုနိုင်တဲ့ အာဏာရှိတယ်။ ‌ပြောဆို ခွင့်ရှိတယ်။ အဲဒီ အခွင့်အာဏာ‌တွေကိုအသုံးပြုဖို့ အတွက်ဖြစ်တယ်။ လူတိုင်းမှာ ကိုယ့်အနာဂတ်အတွက်၊ ကိုယ့်‌မျှော်လင့်ချက် အတွက် ထိခိုက်ရင် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့၊ ပြန်‌ပြောဆိုဖို့ ကိုယ့်အာဏာရှိတဲ့အတွက် ကိုယ့်အာဏာကို အသုံးပြုရမ ယ်။

ပြီး‌တော့ ကိုယ့်အ‌ရှေ့မှာ အကြမ်းဖက်ခံရတဲ့လူ‌တွေ ‌တွေ့ရင် အဲဒီအကြမ်းဖက်ခံရတဲ့ သူ‌တွေအတွက် ကာကွယ် ဖို့ ကိုယ့် အာဏာကို အသုံးပြုသွားရမှာ ဖြစ်တယ်။ အမျိုးသမီးအားလုံးကို ‌ပြောချင်တာက အမျိုးသမီး‌တွေ မှာလည်း အခွင့်အ‌ရေးရှိတယ်။ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ‌ပြောဆိုနိုင်တဲ့ အခွင့်အဏာရှိတယ်။ ကိုယ့်အခွင့် အ‌ရေးကို ကိုယ့်ဘာ သာကိုယ်‌ဆောင်ရွက်ဖို့။ ပြီး‌တော့ အခြားလူ‌တွေကိုလည်း ကာကွယ်‌ပေးဖို့ အခွင့်အဏာ‌တွေ ရှိပါတယ်လို့ ‌ပြောချင်ပါတယ်။