နိုဝင်ဘာလ ၁ဝရက်။ နန်းဖော့ဂေ (ကေအိုင်စီ)
ပဲခူးတိုင်း တောင်ငူမြို့နယ်တွင် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီလေးခုအနက် ကရင်ပြည်သူ့ပါတီ(KPP) မှာ မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည်ဟု ကေအိုင်စီက စုံစမ်းသိရှိရသည်။
တောင်ငူမဲဆန္ဒနယ်မြေတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ (NUP)တို့အပြင် တိုင်းရင်းသားပါတီများဖြစ်သည့် ကရင်ပြည်သူ့ပါတီ(KPP)နှင့် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)မှ လွှတ် တော်ကိုယ်စားလှယ်များ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ KPP က မဲပေါင်း ၁,၇၅၇မဲဖြင့် ကျန်ပါတီများကို အနိုင်ရရှိသွားခဲ့သည်ဟု မဲ ကော်မရှင်နှင့် နီးစပ်သူတစ်ဦးက ယခုလို ပြောသည်။
သူက “ပါတီလေးခုရှိတဲ့အနက် ကြံ့ဖွံ့ပါတီ(USDP)က ၅၇၈မဲ၊ တစညပါတီ(NUP)က ၂၈ဝမဲ၊ ကေပီပီက ၁,၇၅၇မဲ၊ ဖလုံ-စဝေါ် ပါတီက ၁၂၉မဲနဲ့ ပယ်မဲ ၂၁၅ခုဖြစ်နေတယ်လို့ သိရတယ်လေ။ အဲဒီတော့ ကေပီပီက တောင်ငူမှာ မဲနိုင်သွားတာပေါ့ဗျာ။”ဟု ဆို သည်။
သံတောင်မြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ကေပီပီ၏ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် စောစေးဝါးညွှန့်ကို ဆက် သွယ်မရသဖြင့် ပါတီဥက္ကဌ ဦးစောထွန်းအောင်မြင့်ကို ကေအိုင်စီက ဆက်သွယ်မေးမြန်းခဲ့ရာတွင် ၎င်းတို့ပါတီ အနိုင်ရကြောင်း အတည်ပြုပြောဆိုခဲ့သည်။
“အခုလောလောဆယ်တော့ သံတောင်မှာ တစ်ယောက်တော့ ရတယ်လေနော်။ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်လေ။ အဲဒီမှာ တိုင်း ရင်းသားရေးရာ ကရင်ရေးရာလေ။ အဲဒါတော့ လက်မှတ်ထိုးခိုင်းနေတယ်ဆိုတော့လေ။ သဘောကတော့ သေချာသွားပြီနဲ့ တူ တယ်ပေါ့နော်။ ဦးစောစေးဝါးညွှန့်က တောင်ငူကနေ အရွေးခံတယ်လေ။”ဟု ဆိုသည်။
လက်ရှိအချိန်ထိ ကေပီပီပါတီမှ ၎င်းတို့ ဝင်ရောက်ယှဉ်ပြိုင်သည့်ဒေသများတွင် ကိုယ်စားလှယ်လောင်း ဦးရေမည်မျှ အနိုင်ရ သည်ကို အတိအကျ မသိရှိရသေးကြောင်းလည်း ဦးစောထွန်းအောင်မြင့်က ဆက်ပြောပြသည်။
သံတောင်မြို့နယ်၊ ဘောဂလိကြီးမြို့နယ်ခွဲ မဲရုံအမှတ်(၁)ကို ခလယ်လာရွာ အထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ပြီး ဘောဂလိ မြို့နယ်မှူး ဦးသန်းဦး ဦးဆောင်ကာ ဌာနဆိုင်ရာများနှင့် ရွာသူကြီးများက မဲရုံမှူးအဖြစ် တာဝန်ယူကာ နအဖ ခမရ(၃၃၆)က မဲရုံလုံခြုံရေးအတွက် တာဝန်ယူပေးခဲ့ကြောင်း သိရသည်။

သို့သော် ဘောဂလိကျေးရွာမှလွဲ၍ အနီးဝန်းကျင်ရှိ ရာမူဒဲ၊ ဒဲဒို၊ မော်ကိုးဒဲ၊ ပယ်ကော်ဒဲ၊ ခူပလောဒဲ၊ မော်ခါးဒဲ၊ ကော်စိုးခို၊ လယ် ကို၊ ဝါသိုးခို၊ ကော်သေးဒဲ၊ ကလေစိုးခီး(ရေသိုးကြီး)ကျေးရွာများမှာ ရွေးကောက်ပွဲကျင်းပခွင့်မရှိသည့် ဒေသများတွင် ပါဝင် သော်လည်း ထိုရွာများမှ အိမ်ထောင်စု၊ သန်းခေါင်စာရင်းများကို ကောက်ခံထားခဲ့ပြီးဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
၎င်းဒေသခံက “ဘောဂလိကြီးရွာက ရွေးကောက်ပွဲလုပ်ပေမဲ့ အနီးအနား ၁၁ရွာကတော့ ဒေသလုံခြုံရေးမရှိလို့ မဲမထည့်ရဘူး တဲ့။ ဒါပေမဲ့ အဲဒီကျေးရွာတွေက သန်းခေါင်စာရင်းတွေကို စက်တင်ဘာ၊ အောက်တိုဘာနဲ့ နိုဝင်ဘာလဆန်းပိုင်းတွေမှာ စစ် တပ်ကရော၊ မြို့နယ်ကပါ ယူလိုက်ထားပြီးသားလေ။”ဟု ပြောသည်။
နိုဝင်ဘာလ ၇ရက်က သံတောင်မြို့သစ်၊ မြို့ဟောင်း(သံတောင်ကြီး)မြို့များတွင် မဲထည့်သူများမှာ လက်ရှိ လူဦးရေ၏ ထက် ဝက်ခန့်သာရှိသည်။


















