Home သတင်း ရွာ ‌ရေအရင်းအမြစ်‌နေရာတွင် နည်းပညာ‌ကျောင်း‌ဆောက်မည့်အ‌ပေါ် ‌နေရာ‌ပြောင်း‌ပေးရန် ‌ဒေသခံများ ဝန်ကြီးချုပ်အား‌တွေ့ဆုံ တင်ပြထား

ရွာ ‌ရေအရင်းအမြစ်‌နေရာတွင် နည်းပညာ‌ကျောင်း‌ဆောက်မည့်အ‌ပေါ် ‌နေရာ‌ပြောင်း‌ပေးရန် ‌ဒေသခံများ ဝန်ကြီးချုပ်အား‌တွေ့ဆုံ တင်ပြထား

3261

မတ်လ ၂၆ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောထွန်းလင်း

သံ‌တောင်ကြီးမြို့နယ်၊ ‌တောပြာကြီး ‌ကျေးရွာတွင် အစိုးရ နည်းပညာအထက်တန်း‌ကျောင်း ‌ဆောက်လုပ်ရန် လျာထားသည့် ‌နေရာသည် ‌ကျေးရွာ‌ရေအရင်းအမြစ် ထိန်းသိမ်းသည့်‌နေရာ ဖြစ်သည့်အတွက် ‌နေရာ‌ပြောင်း ‌ပေးရန် ‌ဒေသခံများက ပြည်နယ်ဝန်ကြီးချုပ်ထံ မတ် ၂၆ ရက်‌နေ့တွင် သွား‌ရောက်‌တွေ့ဆုံ တင်ပြခဲ့သည်ဟု ‌တွေ့ဆုံပွဲတွင် ပါဝင်သူ ‌ဒေသခံ ‌စောလှထူးက ‌ပြောသည်။

အဆိုပါ နည်းပညာအထက်တန်း‌ကျောင်း‌ဆောက်မည့် ‌နေရာသည် သဘာဝ‌တောင်ကျ‌ရေကိုသာ အားထား‌နေ ရသည့် ‌တောပြာကြီး‌ကျေးရွာ၏ ‌ရေအရင်းအမြစ်အတွက်အ‌ရေး ပါသည့်‌နေရာဖြစ်သည်။ ‌တောင်ကုန်း‌ပေါ်တွင် တည်‌ဆောက်သည့် အတွက် သဘာဝ ‌ရေထွက်‌ပေါက်များ ပိတ်သွားနိုင်သလို တည်‌ဆောက်ရန် ‌မြေညှိရမည် ဖြစ်ပြီး ‌မြေပြိုမည့် အန္တရာယ်ကို ရင်ဆိုင်ရနိုင်သည်ဟု ‌စောလှထူးက ယခုလို ‌ပြောသည်။

၎င်းက “‌ဆောက်မဲ့‌နေရာက ‌တောင်ထိပ်မှာဖြစ်တယ်။ ‌ကျောင်း‌ဆောက်မယ်ဆိုရင် ဝန်ထမ်းအိမ်ရာ‌တွေလာမယ်။ ‌ဈေးဆိုင် ‌တွေလာမယ်။ အဲ့က ကျလာတဲ့ အညစ်အ‌ကြေး ‌ရေ‌တွေက ကျ‌နော်တို့ ‌တောင်‌အောက်ကိုကျမယ်။ တဆက်တည်း အဲ့ဒီ့‌ရေက ပသီ‌ချောင်းထဲကို ကျပြီး သံ‌တောင်မြို့တစ်မြို့လုံး ‌ရေ‌တွေညစ်ပတ်သွားနိုင်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ‌တွေ့ဆုံပွဲကို ပြည်နယ်အစိုးရအဖွဲ့ရုံး၌ မတ် ၂၆ ရက်၊ ‌နေ့လည် ၁၁ နာရီ ၄၅ မိနစ်တွင် စတင်ခဲ့ပြီး ‌တွေ့ဆုံပွဲသို့ ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်နှင့် အစိုးရအဖွဲ့ဝင်များ တက်‌ရောက်ခဲ့သလို ‌ဒေသခံများဘက်မှ ‌တောပြာကြီး ‌ရေအရင်းအမြစ် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေး အဖွဲ့ ဥက္ကဌ‌စောဒိုစိုး၊ ‌ကျေးရွာ အုပ်ချုပ်‌ရေးမှူး ‌စောဂျက်ဆင်နှင့် ရပ်မိရပ်ဖများ တက်‌ရောက်ခဲ့ကြသည်။

ထို့အပြင် ‌တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ‌ဒေသတွင်း ပညာ‌ရေးအခွင့်အလမ်း ‌ကောင်းမွန်‌ရေးအတွက် နည်း ပညာ‌ကျောင်းလိုအပ်သလို ‌ဒေသခံများ တင်ပြသည့်အ‌ပေါ် ကွင်းဆင်းစစ်‌ဆေးသွားမည်ဟု ပြန်လည် ရှင်းလင်း ‌ဆွေး‌နွေးခဲ့‌ကြောင်း ‌တွေ့ဆုံပွဲတက်‌ရောက်ခဲ့သူများက ‌ပြောသည်။

‌ဒေသတွင်း နည်းပညာအထက်တန်း‌ကျောင်း တည်ရှိရန်လိုအပ်‌သော်လည်း ယခုလို သဘာဝ‌ရေအရင်းအမြစ် အတွက် အားထား‌နေရသည့် ‌နေရာတွင်မတည်‌ဆောက်ဘဲ အများသွားလာ၍ ရသည့်‌နေရာ သုံး‌နေရာကို ဝန်ကြီးချုပ်နှင့် ‌တွေ့ဆုံစဉ် အဆိုပြု တင်ပြခဲ့သည်ဟု ‌ဒေသခံများက ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ နည်းပညာ အထက်တန်း‌ကျောင်းတည်‌ဆောက်မည့် ‌နေရာသည် သစ်‌တော ကြိုးဝိုင်းအတွင်း မပါရှိ‌သော်လည်း ‌ဒေသ၏ ‌ရေအရင်းအမြစ်အတွက် အဓိက အားထားရာ ‌နေရာဖြစ်သည်ဟု မြို့နယ်သစ်‌တော ဌာနက အကြုံပြုထားခြင်းရှိ ကာ သက်ဆိုင်ရာသို့ ဆက်တင်ပြသွားရန် အစီအစဉ်ရှိသည်ဟု မြို့နယ်အဆင့် တာဝန်ရှိသူများထံမှ သိရသည်။

သံ‌တောင်ကြီးမြို့နယ်၊ ‌တောပြာကြီး ‌ကျေးရွာသည် လွန်ခဲ့သည့် နှစ် ၂၀ဝ ခန့်မှ စတင်တည်ရှိခဲ့ခြင်းဖြစ်ကာ သံ‌တောင်ကြီး မြို့တည်ခြင်း၊ ဘုရင့်‌နောင်တပ်မြို့တည်ခြင်းတို့အတွက် ‌မြေ‌နေရာများ ပါဝင်သွားသလို လက်ရှိ ‌ကျေးရွာတွင် လူဦး‌ရေ စုစု ‌ပေါင်း ၈၀ဝ ဦး‌ကျော်နှင့် အိမ်‌ခြေ ၁၈ဝ ‌ကျော်တည်ရှိသည်။ ‌ကျောက်‌တောင်များ‌ကြောင့် အဝီစိတွင်းတူးရခက်သလို သဘာဝ‌တောင်ကျ‌ရေကိုသာ အဓိက သုံးစွဲ‌နေရသည်ဟု ‌ဒေသခံများထံမှ သိရသည်။