Home သတင်း KNU နယ်‌မြေတွင် ကားတိမ်း‌မှောက်၍ ၄ ဦး‌သေဆုံး၊ ၁ဝ ဦး‌ကျော် ဒဏ်ရာရ

KNU နယ်‌မြေတွင် ကားတိမ်း‌မှောက်၍ ၄ ဦး‌သေဆုံး၊ ၁ဝ ဦး‌ကျော် ဒဏ်ရာရ

3484

မတ်လ ၂၆ ရက်၊ ၂၀၁၉ ခုနှစ်။ ‌ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ (၇)နယ်‌မြေတွင် ယ‌နေ့ (မတ်လ ၂၆ရက်) မွန်းလွဲ တစ်နာရီ အချိန်တွင် ဧရာဝတီတိုင်း‌ဒေသမှ ကရင်လူငယ်များနှင့် လူလတ်ပိုင်းအချို့စီးနင်းလိုက်ပါလာသည့် ကားတစ်စီး တိမ်း‌မှောက်ခဲ့ရာ ကား‌ပေါ်ပါလာသူ ၄ ဦး‌သေဆုံးပြီး ၁ဝ ဦး‌ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည် ကနဦး သတင်းအရ သိရသည်။
အဆိုပါ ကားစီးနင်းလာသူများသည် ‌နွေရာသီ‌ကျောင်းပိတ်ရက်တွင် ကရင်‌တော်လှန်‌ရေးနယ်‌မြေသို့ လာ‌ရောက်‌လေ့လာလည်ပတ်ရင်း ‌တောင်ကုန်းအဆင်းတစ်ခုတွင် ကားဘရိတ် ‌ပေါက်ကာ တိမ်း‌မှောက် ခဲ့ခြင်းဖြစ်သည်ဟု ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA ဗဟို‌ဆေးဌာန တာဝန်ခံ ဗိုလ်မှူးကြီး ‌နော်‌စေး‌ဒေးကဲက ယခုလို‌ပြောသည်။
“တပ်မဟာ(၇)အဝင်‌တောင်ကုန်း(ထိုင်းနယ်စပ်-မဲ့သရိရွာအနီး)မှာ ကားက‌မှောက်သွားတာ။ ကား‌မှောက်‌တော့ အမျိုးသား (၃)ဦး၊ အမျိုးသမီးတစ်ဦး ‌သေသွားတယ်။ ‌ခေါင်းနဲ့ ‌ခြေလက်ကျိုးပဲ့ထိခိုက်တဲ့သူက ၆ဦး‌လောက်ရှိ တယ်။ အခုထိ သတိလစ်‌နေတုန်းပဲ”ဟု ၎င်းက ‌ကေအိုင်စီသို့ အတည် ပြု‌ပြောဆိုသည်။
လက်ရှိတွင် ထိခိုက်ဒဏ်ရာရသူ ၁၁ ဦးကို KNLA ဗဟို‌ဆေးဌာနမှ ‌ရှေးဦးသူနာပြု ကုသပြင်ဆင်ထားပြီး‌နောက် ထိုင်းနိုင်ငံရှိ အ‌ရေး‌ပေါ်လူမှုကယ်ဆယ်‌ရေး အသင်းမှ လာ‌ရောက်‌ခေါ်‌ဆောင်သွားပြီး ဆက်လက် ကုသမှုပြု‌ပေး သွားမည်ဟုလည်း ဗိုလ်မှူးကြီး ‌နော်‌စေး‌ဒေးကဲက ဆက်‌ပြောသည်။
လက်ရှိ ထိခိုက်သူများတွင် သတိ‌မေ့‌မြော‌နေဆဲ လူနာများထဲမှ တချို့မှာ‌သွေးထွက်လွန်ခြင်းနှင့် ဦး‌ခေါင်းထိ ခိုက်သူများမှာ စိုးရိမ်ရသည့်အ‌ခြေအ‌နေတွင် ရှိ‌နေဆဲဟုလည်း သိရှိရသည်။