Home သတင်း ကိုရီးယား‌ရောက် ကရင်လူငယ်တစ်ဦး မိမိကိုယ်ကို အဆုံးစီရင်

ကိုရီးယား‌ရောက် ကရင်လူငယ်တစ်ဦး မိမိကိုယ်ကို အဆုံးစီရင်

3703

‌ဖေ‌ဖော်ဝါရီ ၂၇ရက်၊ ၂၀၁၉ခုနှစ်။ ‌ကေအိုင်စီ

‌တောင်ကိုရီးယားနိုင်ငံတွင် သွား‌ရောက်အလုပ်လုပ်ကိုင်‌နေသည့် ကရင်လူငယ်တစ်ဦး ‌ဖေ‌ဖော်ဝါရီလ ၂၆ရက်‌နေ့၊ အဂင်္ါ‌နေ့ မနက်ပိုင်းက ၎င်းအလုပ်လုပ်‌နေသည့် အန်ဆန်းမြို့နယ်၊ ရှီဝါရှီဟွန်းရှိ စက်မှုဇုန်အတွင်း ကြိုးဆွဲချကာ မိမိကိုယ်ကို အဆုံးစီရင်ခဲ့ သည်ဟု သိရသည်။

‌သေဆုံးသွားသူမှာ အသက် ၂၇နှစ်အရွယ် ကရင်လူငယ်တစ်ဦးဖြစ်သူ ‌စောအယ်‌စေးဖြစ်ပြီး ကိုရီးယားနိုင်ငံ‌ရောက် ကရင်လူ ငယ်များဖြင့် ဖွဲ့စည်းထားသည့် ကရင်လူငယ်အစည်းအရုံး KYO (ကိုရီးယား) အဖွဲ့ဝင်လူငယ်တစ်ဦးဖြစ်‌ကြောင်းလည်း သိရသည်။

ကရင်လူငယ်အစည်းအရုံး-KYO (ကိုရီးယား)မှ ၎င်း၏ မိတ်‌ဆွေတစ်ဦးဖြစ်သူ ‌စောထွန်းထွန်းက “သူ ဒီအလုပ်မရခင် ကျ‌နော်တို့ ဆီမှာ လာ‌နေသွား‌သေးတယ်။ အလုပ်ရသွား‌တော့ မ‌တွေ့ဖြစ်ရာက ဒီတနဂင်္‌နွေ‌နေ့မှာ ‌ရောက်ချလာတယ်။ အဲဒီ‌နေ့အထိ ကျ‌နော် တို့အဖွဲ့နဲ့ အတူတူရှိ‌နေ‌သေးတယ်။ ‌ဘောလုံးလည်း အတူတူသွားကန်‌သေးတယ်။ ‌တော်‌တော်ပိန်သွားတယ်။ ‌မေးကြည့်‌တော့ အိပ်မရလို့တဲ့။ အိမ်တွင်း‌ရေးကိစ္စ‌လေး‌တွေ‌ကြောင့်လို့‌တော့ ‌ပြောတယ်”ဟု ‌စောထွန်းထွန်းက ‌ပြောသည်။

မွန်ပြည်နယ်၊ သုဝဏ္ဏဝတီမြို့ ကျိုက်‌ကော်‌ကျေးရွာ အနန်းကုန်းအပိုင်း ‌ကျေးရွာသားတစ်ဦးဖြစ်သည့် ‌စောအယ်‌စေးမှာ ပြီးခဲ့သည့် ၁နှစ်ခွဲခန့်မှ ကိုရီးယားနိုင်ငံတွင် သွား‌ရောက်အလုပ်လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး ယခုအလုပ်ကို ဝင်‌ရောက်လုပ်ကိုင်သည်မှာ ၅လခန့် သာ ရှိ‌သေးသည်ဟု ‌သေဆုံးသူ မိတ်‌ဆွေများ၏ ‌ပြောပြချက်များအရ သိရသည်။

မိသားစုထဲတွင် ‌မွေးချင်းညီအစ်ကို ၄‌ယောက်ရှိသည့်အနက် တတိယ‌မြောက်သားဖြစ်သူ ‌စောအယ်‌စေး၏ ဈာပနကို လာမည့် တနဂင်္‌နွေ‌နေ့တွင် ပြုလုပ်ရန် စီစဉ်ထားသလို KYO (ကိုရီးယား)အဖွဲ့ဝင်များမှလည်း သံဃာ‌တော်များပင့်ဖိတ်ကာ ၎င်းအတွက် ရည်စူးသည့် ဆွမ်းကပ် လှူဒါန်းမှုများပြုလုပ်‌ပေးသွားမည်ဖြစ်သည်။