Home သတင်း EGG Academy ‌ကျောင်း၏ အပတ်စဉ် (၅) ‌ကျောင်းသူ/သား ၃၂ဦး ‌အောင်လက်မှတ်များ ‌ပေးအပ်

EGG Academy ‌ကျောင်း၏ အပတ်စဉ် (၅) ‌ကျောင်းသူ/သား ၃၂ဦး ‌အောင်လက်မှတ်များ ‌ပေးအပ်

3584

ဒီဇင်ဘာ ၉ ရက်၊ ၂၀၁၈ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ဖွင့်လှစ်ထား‌သော EGG(Education Gathering Group) Acadmey ‌ကျောင်းမှ ၂နှစ်တာ ပညာသင်ယူပြီး ‌အောင်မြင်ပြီးဆုံးသည့် အပတ်စဉ် (၅) ‌ကျောင်းသူ/သား ၃၂ဦးကို ယမန်‌နေ့( ဒီဇင်ဘာ ၈ရက်)က ‌အောင်လက်မှတ်များ ‌ပေးအပ်ချီးမြှင့်‌ပေးခဲ့ကြသည်။

အဆိုပါ‌ကျောင်းတွင် ကွန်ပျူတာ၊ အဂင်္လိပ်စာ၊ လူမှု‌ရေးသိပ္ပံ၊ ‌ဒေသဖွံ့ဖြိုး‌ရေးဘာသာရပ်၊ သင်ယူခြင်းအတတ် ပညာဘာသာရပ်နှင့် Organization Development and Management ဘာသာရပ်များကို ၂နှစ်ကြာ တက်‌ရောက်သင်ယူပြီး ‌အောင်မြင်သွား‌သော ‌ကျောင်းသူ‌ကျောင်းသားများမှာ EGGမှ ‌ပေးသည့် ‌အောင်လက်မှတ်အပြင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ ရှိ PAYAP University မှ ‌ပေးသည့် ‌အောင်လက်မှတ်လည်းရရှိသည်ဟု သိရသည်။

EGG ‌ကျောင်းတွင် တက်‌ရောက်သည့် ‌ကျောင်းသူ၊ ‌ကျောင်းသားများသည် စာ‌တွေ့များအပြင် အဖွဲ့အစည်းတွင် လက်‌တွေ့ဆင်းပြီး သင်ယူရသည့်အပိုင်းရှိသည့်အတွက် အစိုးရဌာနဆိုင်ရာများ၊ ပြည်နယ်တွင်းရှိအရပ်ဖက် အဖွဲ့အစည်းများနှင့် INGO အဖွဲ့အစည်းများ၏ ပူး‌ပေါင်းပါဝင်သည့် အင်အားလည်းလိုအပ်သည်ဟု EGG ‌ကျောင်းအုပ် ‌စောမျိုး‌ဇော်က ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက“ကျ‌နော်တို့ ‌ကျောင်းသား‌တွေကို သင်‌ပေးတာ ဆရာ/မ ‌ပြောတာယုံ အဲလိုမဟုတ်ဘူး။ ‌ကျောင်းသားအ ‌ခြေပြုသင်တာဖြစ်တဲ့အတွက် လက်‌တွေ့ကိုလည်း အများကြီး သင်ယူရဖို့ ‌ဒေသ‌တွေကို အမြဲပို့ရတယ်။ ဒီ ‌ကျောင်းမှာပြီးတဲ့ က‌လေး‌တွေကလည်း ဒီ‌ဒေသကို ပြန်လည်အ‌ခြေပြုနိုင်တဲ့ လူငယ်ဖြစ်ဖို့ပါ ‌ကျောင်းပြီးသွားတဲ့ က‌လေး‌တွေကိုလည်း ဘယ်‌နေရာမှာ ဘယ်လိုပြန်လုပ်လဲဆိုတာ အဆက်အသွယ်ရဖို့ ‌ကျောင်းသား‌ဟောင်း ကွန်ယက်‌တွေလည်းဖွဲ့ထားတယ်”ဟု ‌ပြောသည်။

EGG ‌ကျောင်း၏ အပတ်စဉ် (၁)ကို ၂၀၁၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ရာ လက်ရှိအချိန်ထိ ‌အောင်မြင်သည့် ‌ကျောင်းသူ၊‌ကျောင်းသား‌ပေါင်း ၁၅ဝဦးရှိ‌နေပြီဖြစ်ကာ ထိုအထဲတွင် နိုင်ငံခြားအထိ ဆက်လက်ပညာသင်ယူကြ သူများရှိသလို အချို့တွင် လူထုအကျိုးပြုလုပ်ငန်းများတွင် ဝင်‌ရောက်လုပ်ကိုင်‌နေသူများလည်းရှိသည်ဟု သိရ သည်။

ယခုနှစ်‌အောင်မြင်ခဲ့သူ ခွန်မြင့်ဝင်းက “ဒီ‌ကျောင်း ၂နှစ်ပြီး‌တော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပိုင်း၊ လူမှုဆက်ဆံ‌ရေး၊ အဂင်္လိပ်စာ၊ ကွန်ပျူတာစွမ်းရည်အပိုင်း‌တွေ၊ ပြီး‌တော့ ပညာ‌ရေးအတွက် ဘာ‌တွေဆက်လက် သင်ယူသင့်လဲ၊ ကိုယ့်ဘဝ တိုးတက်ဖို့ ဘာလုပ်သင့်လဲ ‌တော်‌တော်‌လေး သိလာတယ်။ ကျ‌နော်က အများအကျိုးပြုတဲ့လုပ်ငန်းမှာ ဝင်‌ရောက် လုပ်ကိုင်ဖို့ရှိသလို နိုင်ငံခြားပညာ‌တော်သင်နိုင်ဖို့လည်း ဆက်လက်ကြိုးစားမယ်”ဟု ‌ပြောသည်။

EGG ‌ကျောင်းသည် ကရင်ပြည်နယ်ရှိ တိုင်းရင်းသားလူငယ်အများ စိတ်ဝင်စားသည့် ‌ကျောင်းတစ်‌ကျောင်းဖြစ်သလို ‌ကျောင်းတက်‌ရောက်လိုသူများအ‌နေဖြင့် ဝင်ခွင့်စာ‌မေးပွဲနှင့် အင်တာဗျူး‌ဖြေဆို‌အောင်မြင်မှသာ တက်‌ရောက်ခွင့်ရရှိသည်ဟု သိရသည်။