Home သတင်း လူငယ်နှင့် ငြိမ်းချမ်း‌သော လူမှုအသိုက်အဝန်း သီချင်း ‌ရေးစပ်သီဆိုပြိုင်ပွဲ EGG Alumni Network ပြုလုပ်မည်

လူငယ်နှင့် ငြိမ်းချမ်း‌သော လူမှုအသိုက်အဝန်း သီချင်း ‌ရေးစပ်သီဆိုပြိုင်ပွဲ EGG Alumni Network ပြုလုပ်မည်

3530

စက်တင်ဘာ ၄ ရက်၊ ၂၀၁၈ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်ရှိ အဆိုဝါသနာရှင် လူငယ်များအတွက် ̔လူငယ်နှင့် ငြိမ်းချမ်း‌သော လူမှုအသိုက်အဝန်း̕ သီချင်း ‌ရေးစပ်သီဆိုပြိုင်ပွဲ တစ်ခုကို EGG Alumni Network မှ ဦး‌ဆောင်ပြီး လာမည့် ‌အောက်တိုဘာလ ၁၁ရက်‌နေ့ တွင် ကျင်းပမည်ဟု သိရသည်။

အဆိုပါ အစီအစဉ်ကို ကရင်ပြည်နယ်တွင် ပထမဆုံးပြုလုပ်ခြင်းဖြစ်ပြီး ထိုသို့ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ပြိုင်ပွဲဖြစ်‌မြောက်‌ရေး ဦး‌ဆောင်စီစဉ်သည့် (Education Gathering Group) EGG ALumni Network မှ ညှိနှှိုင်း‌ရေးမှူး စဆို‌ဂေးဒိုက ယခုလို ‌ပြောသည်။

၎င်းက “ ငြိမ်းချမ်းတဲ့လူမှုအသိုက်အဝန်းတစ်ခုဖြစ်ဖို့ ဘာ‌တွေလုပ်ဖို့လိုအပ်လဲ။ လူငယ်‌တွေက ဒါကိုဘယ် ‌လောက် သိထားလဲ ။ သူတို့သိထားတာ‌တွေကို အနုပညာနဲ့ ဖန်တီးပြီး ကိုယ့်လူမှုနယ်ပယ်ထဲမှာ ပြန်လည် လက်ဆင့်ကမ်းဖို့ ဒီပွဲကို လုပ်‌ပေးတာဖြစ်တယ်။ ဆုရရှိတဲ့သီချင်း‌တွေကိုလည်း ငြိမ်းချမ်း‌ရေးနဲ့ပတ်သက်တဲ့ Campaign (စည်းရုံးလှုံ့‌ဆော်မှု) ‌တွေမှာ ပြန်သုံးဖို့ အဲဒီလိုရည်ရွယ်ချက်ရှိတယ်”ဟု စဆို‌ဂေးဒိုက ‌ကေအိုင်စီသို့ ‌ပြောသည်။

တစ်ရက်တာပြုလုပ်မည့် ယင်းပြိုင်ပွဲအတွက် ပါဝင်ယှဉ်ပြိုင်လိုသူများအ‌နေဖြင့် EGG ၊ YCC စား‌သောက်ဆိုင်၊ YLC (Youth Learning Center) ၊ လှိုင်းဘွဲ အဂင်္လီကန်ဘုရား‌ကျောင်းနှင့် အခြားသတ်မှတ်ထားသည့် ‌နေရာများတွင် စာရင်း‌ပေးသွင်း ‌လျှောက်လွှာယူနိုင်ကာ ‌အောက်တိုဘာလ ၆ ရက်‌နေ့တွင် သီချင်းနှင့်၊ အသံစစ် ‌ဆေးမှုများပြုလုပ်မည်ဖြစ်ပြီး ကျင်းပမည့် ‌နေရာကို ပြန်လည်ထုတ်ပြန် အသိ‌ပေးသွားမည်‌ကြောင်း ပြိုင်ပွဲတာဝန်ရှိသူများက ဆိုသည်။

ပြိင်ပွဲအတွက် ပ- ဒု-တ ဆုနှင့် နှစ်သိမ့်ဆု(၂) ဆု သတ်မှတ်ထားပြီး ပထမဆုကို ကျပ်‌ငွေ (၁) သိန်း၊ ဒုတိယဆု ကျပ်‌ငွေ (၈) ‌သောင်း၊ တတိယဆုကျပ်‌ငွေ (၆) ‌သောင်းနှင့် နှစ်သိမ့်ဆု (၂)ဆုအတွက် ကျပ်‌ငွေ (၃) ‌သောင်း အပြင် ဆုရရှိ သည့် သီချင်းများအတွက် EGG Alumni Network မှ စီစဉ်သည့် ‌တေးစီးရီးတွင် ပါဝင်သီဆိုခွင့်ရှိမည်ဟုလည်း သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် ကိုယ်ပိုင်သံစဉ်နှင့် ‌ရေးစပ်သီဆို ယှဉ်ပြိုင်ရမှာဖြစ်ပြီး Slow Rock, Reggae, R&B, POP& Country စသည့် သီချင်းအမျိုအစားထဲမှ မြန်မာဘာသာဖြင့် မိမိကြိုက်နှစ်သက်ရာ အမျိုးအစားများကို ဝါသနာ ရှင် အသက် ၁၅နှစ်မှ ၃၅နှစ်အတွင်း ‌တေးစီးရီး မထုတ်ဖူးသူ မည်သူမဆို ဝင်‌ရောက် ယှဉ်ပြိုင်နိုင်သည်ဟု သတ်မှတ်ထားသည်။

ထို့အပြင် ̔ ငြိမ်းချမ်း‌သော လူမှုအသိုက်အဝန်း̕ ‌ခေါင်စဉ်နှင့် ကိုက်ညီ‌သောအ‌ကြောင်းအရာထဲမှ လူမျိုး‌ရေး၊ ဘာသာ‌ရေးကို ထိခိုက်‌စေနိုင်သည့်အသုံးအနှုန်းများကို ‌ရှောင်ကျဉ်ရန် စည်းကမ်း သတ်မှတ်ချက်များ လည်းရှိသည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ‌အောက်တိုဘာလအတွင်းကလည်း ဖားအံမြို့ ၊ ဇွဲကပင်ခန်းမတွင် အမျိုး သားပြန်လည် သင့်မြတ်‌ရေး၊ ပြည်တွင်းငြိမ်းချမ်း‌ရေး၊ ဒီမိုက‌ရေစီဖက်ဒရယ် ပြည်‌ထောင်စု တည်‌ဆောက်‌ရေးနှင့် နိုင်ငံ‌တော်၏ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များကို ‌ထောက်ခံ‌သောအားဖြင့် ငြိမ်းချမ်း‌ရေးဂီတပွဲ‌တော် တစ်ခုကျင်းပခဲ့ဖူးသည်။