Home သတင်း အဖွဲ့ဝင်သစ်များအတွက် လမ်းဖွင့်ပြီး တိုုင်းရင်းမီဒီယာ ဖွံ့ဖြိုး‌ရေးအတွက် တိုုးချဲ့မှု BNI ကြိုးပမ်းမည်

အဖွဲ့ဝင်သစ်များအတွက် လမ်းဖွင့်ပြီး တိုုင်းရင်းမီဒီယာ ဖွံ့ဖြိုး‌ရေးအတွက် တိုုးချဲ့မှု BNI ကြိုးပမ်းမည်

2851
၂၆ကြိမ်‌မြောက် ဘီအဲန်အိုင် အယ်ဒီတာများအစည်းအ‌ဝေး( ပုံ-‌ကေအိုင်စီ)

ဩဂုတ် ၃ဝ ရက်၊ ၂ဝ၁၈ခုနှစ်။ ‌ကေအိုင်စီ

နိုင်ငံတကာ မြန်မာ့သတင်း (Burma News International- BNI) က အဖွဲ့ဝင် သတ်မှတ်ချက်များ ကို ပြင်ဆင်လိုုက်ခြင်းဖြင့် အဖွဲ့ဝင် အဖွဲ့အစည်းသစ်များအတွက် လမ်းဖွင့်‌ပေးပြီး တိုင်းရင်းမီဒီယာ အခန်းကဏ္ဍ ဖွံ့ဖြိုး‌ရေးအတွက် တိုးချဲ့မှုကို ကြိုးပမ်းလုပ်‌ဆောင်သွားမည်ဟု ထိုင်း-မြန်မာနယ်စပ် တစ်‌နေရာ၌ ဩဂုတ် ၂၈ရက်မှ ၃ဝရက်‌နေ့အထိ ပြုလုပ်သည့် ၂၆ကြိမ်‌မြောက် ၎င်းတို့၏ အယ်ဒီတာများ အစည်းအ‌ဝေးတွင် သတင်းထုတ်ပြန်လိုက်သည်။

BNI၏ မူဝါဒ‌ရေးရာ ‌ကော်မတီ ဥက္ကဌ နန်း‌ဖော့‌ဂေက “အရင်က တိုုင်းရင်းသား အ‌ခြေပြု သတင်းမီဒီယာအဖွဲ့အစည်း‌တွေကိုုပဲ အဖွဲ့ဝင်အဖြစ် သတ်မှတ်ထားခဲ့ရာက‌နေ ‌ဒေသ အ‌ခြေပြု မီဒီယာ အဖွဲ့အစည်း‌တွေကိုပါ အဖွဲ့ဝင် သတ်မှတ်ချက်ထဲမှာ ပြင်ဆင် ထည့်သွင်းခဲ့တာဟာ အဖွဲ့ဝင် သစ်‌တွေအတွက် လမ်းဖွင့်‌ပေးဖိုု့ ရည်ရွယ်ပါတယ်။” ဟု သတင်းထုတ်ပြန်ချက်တွင် ‌ပြောဆိုထား သည်။

နိုုင်ငံတကာ မြန်မာ့သတင်း (BNI) အဖွဲ့၏ အဖွဲ့ဝင် အယ်ဒီတာများ၏ ၂၆ ကြိမ်‌မြောက် မျက်နှာစုံညီ အစည်းအ‌ဝေးတွင် မြန်မာနိုုင်ငံတွင် တိုုင်းရင်းသား မီဒီယာ မူဝါဒများ ‌ပေါ်‌ပေါက်‌ရေး၊ တိုုင်းရင်းသား သတင်းသင်တန်း‌ကျောင်း တစ်ခုု ‌ပေါ်‌ပေါက်လာ‌ရေး နှင့် နှစ်စဉ် ကျင်းပ‌နေသည့် တိုုင်းရင်းသား မီဒီယာ ညီလာခံ ကိုု အနှစ်သာရ ရှိရှိ ကျင်းပနိုုင်‌ရေး အတွက် ‌ဆွေး‌နွေးဆုုံးဖြတ်မှုများ ပြုလုုပ်ခဲ့ကြသည်။

သုံးရက်ကြာ အစည်းအ‌ဝေးတွင် BNI အဖွဲ့ဝင် ၁၃ဖွဲ့မှ သက်ဆိုင်ရာ အယ်ဒီတာများနှင့် အဖွဲ့ဝင် အ ဖြစ်‌လျှောက်‌သော အဖွဲ့တစ်ဖွဲ့မှ အယ်ဒီတာ တစ်ဦးအပါအဝင် စုစု‌ပေါင်း ၂ဝ ‌ကျော် တက်‌ရောက်ခဲ့ ပြီး လုပ်ငန်းစဉ်များ အစီရင်ခံခြင်း၊ ဖွဲ့စည်းပုံ ဆိုင်ရာများ ပြင်ဆင်ဖြည့်စွက်ခြင်းနှင့် ဦး‌ဆောင် ‌ကော်မတီ သုံးဖွဲ့မှ ဥက္ကဌ သုံးဦးကို ‌ရွေးချယ်တင်‌မြှောက်ခြင်း အပြင် BNI အဖွဲ့ဝင် အဖွဲ့အစည်းများ အ‌နေဖြင့် တိုုင်းရင်းသား ‌ဒေသများတွင် ငြိမ်းချမ်း‌ရေး ဆိုုင်ရာ သတင်းများကို ပိုုမို‌စောင့်ကြည့်‌ရေးသား သွားရန် လည်း ‌ဆွေး‌နွေးတိုုင်ပင်ခဲ့ကြသည်။

“ကျ‌နော်တို့ တိုင်းရင်းသားမီဒီယာက ပြည်ပ မီဒီယာ လက်လှမ်းမမှီနိုင်တဲ့ လူမှုဘဝ သတင်းအချက် အလက်‌တွေကို ပြည်သူ၊နိုင်ငံတကာက တစ်ဆင့် အသိ‌ပေးပညာ‌ပေးမှုတဲ့ လုပ်‌ဆောင်‌နေတဲ့ အဖွဲ့ဖြစ်ပါတယ်။ ဒါ‌ကြောင့် ကျ‌နော်တို့ တိုင်းရင်းမီဒီယာက အရမ်းကို အ‌ရေးကြီးတယ်။ ဒါ‌ကြောင့် တိုင်းရင်းသားမီဒီယာ‌တွေများများထွက်‌ပေါ်လာဖို့ လိုအပ်ပါတယ်။” ဟု ခိုနူထုန်သတင်းဌာန အယ်ဒီတာချုပ် ‌ဂျေ-စံသဲက ‌ပြောသည်။

ထို့အပြင် ‌ပြောင်းလဲလာသည့် အ‌ခြေအ‌နေနှင့် အညီ နိုုင်ငံတကာ မြန်မာ့သတင်း (BNI) သည် တိုုင်းရင်းသား အ‌ခြေပြုရုုပ်သံ အစီအစဉ်များကို ရိုုက်ကူး ထုုတ်လုုပ်မှုများ တိုုးချဲ့ လုုပ်‌ဆောင် သွားရန် လည်း ဆုုံးဖြတ်ခဲ့သည်။

BNI ကိုု တိုုင်းရင်းသားအ‌ခြေပြု သတင်းမီဒီယာများ၊ ‌ဒေသအ‌ခြေပြု သတင်းမီဒီယာများဖြင့် ဖွဲ့စည်းထားပြီး တိုုင်းရင်းသား ‌ဒေသများတွင် သတင်းထုုတ်ပြန်မှုနှင့် သတင်းမီဒီယာ ဖွံ့ဖြိုး‌ရေး လုုပ်ငန်းများကို လုုပ်‌ဆောင်‌နေ‌သော အဖွဲ့ဖြစ်သည်။ ယခုု ၂၆ ကြိမ်‌မြောက် အယ်ဒီတာ မျက်နှာစုံညီ အစည်းအ‌ဝေးတွင် Development Media Group ကို အဖွဲ့ဝင်သစ်အဖြစ် လက်ခံခဲ့သည်။

၂၀၀၃ ခုနှစ်က BNI ကို စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိအချိန်တွင် ကချင်သတင်းဌာန၊ ကရင်သတင်းဌာန၊ ကန္တာရဝတီတိုင်းမ်၊ ခိုနူထုန်သတင်းဌာန၊ သျှမ်းသံ‌တော်ဆင့်၊ နိရဉ်စရာသတင်းဌာန၊ လွတ်လပ်‌သော မွန်သတင်း‌အေဂျင်စီ၊ သတင်းနှင့် မီဒီယာကွန်ယက်၊ ကုလားတန်သတင်းဌာန၊ မဇ္ဈိမသတင်းဌာန၊ သံလွင်တိုင်း၊ ဟသင်္ာ၊ Development Media Group (DMG) တို့ ပါဝင်သည်။