Home သတင်း ကြာအင်းဆိပ်ကြီးမှ ဘုရားသုံးဆူမြို့ လမ်းမ‌ပေါ် ဆက်သွယ်ထား‌သော တံတား ၂ စင်း ‌ရေစီးထိုးကျသဖြင့် သွားလာ‌ရေး ပြတ်‌တောက်

ကြာအင်းဆိပ်ကြီးမှ ဘုရားသုံးဆူမြို့ လမ်းမ‌ပေါ် ဆက်သွယ်ထား‌သော တံတား ၂ စင်း ‌ရေစီးထိုးကျသဖြင့် သွားလာ‌ရေး ပြတ်‌တောက်

2559

ဇူလိုင် ၂၈ ရက်၊ ၂ဝ၁၇ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့မှ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့အထိ သွားလာသည့် လမ်းမကြီး‌ပေါ် ဆက် သွယ်ထား‌သော မိုင်တိုင်အမှတ် ၂ဝ/ဝ-၁ ရှိ ကွင်းကြီး‌ဘေလီတံတား(သံ‌ဘောင်နှင့် ကွန်ကရစ်‌လောင်း ‌ဆောက်ထား ‌သော တံတား)နှင့် မိုင်တိုင် အမှတ် ၃ဝ/ဝ-၁ ယက္ကလား ‌ဘေလီတံတား ၂ စင်းမှာ ဇူလိုင် ၂၆ ရက် ည‌နေတွင် ‌ရေစီးထိုးကျသွား သည့်အတွက် လက်ရှိ သွားလာ‌ရေး ပြတ်‌တောက်‌နေသည်ဟု မြို့နယ်တာဝန်ရှိသူက ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် အုပ်ချုပ်‌ရေးမှူးဦးမျိုး‌အောင်က “မ‌နေ့က မိုး‌ရေ‌ကြောင့် ညက ‌ရေစီး‌မျှောသွားတယ်။ ကား‌တွေ သွားလာလို့ မရ‌တော့ဘူး။ လူက‌တော့ အ‌ရေး‌ပေါ် ‌ဖောင်‌တွေနဲ့ ဆွဲကူးတာ‌ပေါ့။ တံတားမပြီးမချင်း ကားလမ်း‌ကြောင်းပြတ် ‌တောက်သွားမှာ‌ပေါ့။ တာ‌ပေါင်‌တွေ‌ပေါ်မှာ ‌ရေ‌ကျော်တာဖြစ်တဲ့အတွက် ‌ရေပြန်ကျတဲ့ချိန်မှ ပြန်ပြင်ဆင်လို့ရမယ်။ လမ်းအ ထူးအဖွဲ့အ‌နေနဲ့ တံတားပြန်လည်ပြင်ဆင်ဖို့ ပစ္စည်းစု‌ဆောင်း‌နေတယ်” ဟု ဇွန်လိုင် ၂၇ ရက်က ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ် လမ်းဦးစီးဌာနမှ အဆိုပါ တံတားများအား တံတားအထူးအဖွဲ့ (၁၄)မှ အမြန်ဆုံး တည်‌ဆောက် သွားမည်ဖြစ်ပြီး တည်‌ဆောက်‌နေစဉ်အတွင်း လမ်း‌ခေတ္တပြတ်‌တောက်မည်ဖြစ်သည့်အတွက် ခရီးသွားပြည်သူများကို အသိ‌ပေး ‌မေတ္တာရပ်ခံထား‌ကြောင်း သိရသည်။

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့သို့ သွားလာသည့် လမ်းမကြီး‌ပေါ် ဆက်သွယ်ထား‌သော ၎င်းတံတား၂ စင်း ‌ရေစီးထိုး ကျသွားပြီး ခရီးသွားလာမှုပြတ်‌တောက်သွားသဖြင့် လတ်တ‌လောတွင် ခလယ်တံခွန်တိုင်-အနန်းကွင်း ကားလမ်းမကြီးနှင့် မွန်ပြည်နယ် သံဖြူဇရပ်-ဘုရားသုံးဆူ လမ်းမကြီးဘက်သို့ ခရီးသွားပြည်သူများ သွားလာ‌နေရ‌ကြောင်း သိရသည်။