Home သတင်း လှှိုင်းဘွဲမြို့တွင် ‌ချောင်း‌ရေကြီး‌သော‌ကြောင့် စာသင်‌ကျောင်းများ ပိတ်ထားရ

လှှိုင်းဘွဲမြို့တွင် ‌ချောင်း‌ရေကြီး‌သော‌ကြောင့် စာသင်‌ကျောင်းများ ပိတ်ထားရ

2878

ဇူလိုင် ၂ဝ ရက်၊၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် လှှိုင်းဘွဲမြို့တွင် ‌တောင်ကျ‌ချောင်း‌ရေ‌ကြောင့် ဇူလိုင်လ ၁၉ ရက်မှ စတင်ကာ မြို့တွင်းရှိ ရပ်ကွက်အချို့မှ အိမ်‌ထောင်စု ၅ စု ‌ရေ‌ဘေး‌ရှောင်ရပြီး စာသင်‌ကျောင်း ၃ ‌ကျောင်းလည်း ယာယီပိတ်ထား လိုက်ရသည်ဟု သိရသည်။

“အခု ‌ပြောင်း‌ရွှေ့ရတဲ့ အိမ်‌တွေက ‌နေလို့အဆင်မ‌ပြေတဲ့ အိမ်‌တွေဖြစ်တယ်။ ‌ကျောင်းပိတ်ထားတာလည်း ‌ကျောင်းက ‌ရေမမြုပ်ဘူး။ သွားလာတဲ့ က‌လေး‌တွေက ‌ရေအန္တရာယ်ဖြစ်မှာစိုးလို့ ယာယီပိတ်ထားတာဖြစ်တယ်။ ‌လော‌လောဆယ်‌တော့ ‌ရေမကျ‌သေးဘူး။ ‌ရေ‌ဘေး‌ရှောင်မိသားစု‌တွေက‌တော့ တစ်ရက်နှစ်ရက် ‌လောက် ‌နေရ အုံးမယ်” ဟု လှှိုှုင်းဘွဲမြို့ ၏ မြို့မိမြို့ဖ တစ်ဦးဖြစ်သည့် ‌စောအုန်းတင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

ဇူလိုင် ၁၉ ရက် ည‌နေပိုင်းတွင် လှှိုင်းဘွဲမြို့ရှိ (က)ရပ်ကွက် ဘုံလယ်၊ (ခ)ရပ်ကွက် ပတ္တမြားကွက်သစ်နှင့် (ဃ) ရပ်ကွက်ရှိ ရပ်ကွက်(၃) ကွက်ကို ‌ရေ ၃ ‌ပေ‌ကျော်အထိ တက်‌ရောက်လာသည့်အတွက် လှှိုင်းဘွဲမြို့ အုပ်ချုပ် ‌ရေးအဖွဲ့ ၊ မြို့မီးသတ်အဖွဲ့နှင့် ကြက်‌ခြေနီအဖွဲ့တို့က အဆိုပါ အိမ်‌ထောင်စုများကို လှှိုင်းဘွဲ အမက ၆ တွင် ‌ပြောင်း‌ရွှေ့ပြီး ‌ရေ‌ဘေး‌ရှောင် ယာယီစခန်းဖွင့်လှစ်‌ပေးထားရသည်ဟု သိရသည်။

အလားတူ မြို့တွင်းရှိ အမက မူလွန်(၃) ၊ အမက မူလွန်(၅)နှင့် အမက (၆) စာသင်‌ကျောင်း ၃ ‌ကျောင်းလည်း ယာယီပိတ်ထား‌ပေးရသည်ဟု မြို့မိမြို့ဖ ‌စောအုန်းတင်က ဖြည့်စွက်‌ပြောဆိုသလို လှှိုင်းဘွဲမြို့နယ် ‌ရွှေဂွန်း ‌ကျေး ရွာအုပ်စုတွင်လည်း သံလွင်မြစ်‌ရေ မြင့်တက်လာမှု‌ကြောင့် အိမ်‌ထောင်စု ၄၆ စုမှ လူဦး‌ရေ ၂၁၈ဦးမှာ ‌ရွှေဂွန်းအထက် ဘုန်း‌တော်ကြီး‌ကျောင်းတွင် ‌ရေ‌ဘေးသွား‌ရောက်ခိုလှုံ‌နေရသည်ဟု သိရသည်။

‌တောင်ကျ‌ချောင်း‌ရေ‌ကြောင့် လှှိုင်းဘွဲမြို့ရှိ ‌မြေနိမ့်ပိုင်းအချို့တွင် နှစ်စဉ်‌ရေကြီးမှုနှင့် ကြုံရပြီး ယခင်နှစ်များတွင် ‌ရေ ၆ ‌ပေ‌ကျော်အထိ တက်သည့်အတွက် ‌ရေ‌ဘေး‌ရှောင်အိမ်‌ထောင်စု ၅ဝ ‌ကျော်အထိ ရှိခဲ့သည်ဟု သိရသည်။

ထို့အပြင် ယခုရက်ပိုင်းအတွင်း ဖားအံမြို့နှင့် အနီးတစ်ဝိုက်တွင်လည်း မိုးအဆက်မပြတ်ရွာသွန်းမှုများဖြစ် ‌ပေါ်‌နေ သည့်အတွက် မြစ်‌ရေမြင့်တက်ပြီး ယခင်နှစ်များကဲ့သို့ ‌ရေ‌ဘေးဖြစ်‌ပေါ်လာမည်ကို သံလွင်မြစ်ကမ်း ‌ဘေး ‌နေထိုင်သူများနှင့် မြို့တွင်း‌မြေနိမ့်ပိုင်းရပ်ကွက် ‌နေထိုင်သူများက စိုးရိမ်မှုများ ဖြစ်‌ပေါ်‌နေသည်။

မိုး‌လေဝသနှင့်ဇလ‌ဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယ‌နေ့မြန်မာစံ‌တော်ချိန် ၁၂ နာရီ ၃ဝ မိနစ် တိုင်းထွား ချက်များအရ သံလွင်မြစ်‌ရေသည် ဖားအံမြို့၏ စိုးရိမ်‌ရေမှတ် ‌ပေဝက်ခန့်‌ကျော်လွန်‌နေပြီး ‌နောက် ၂ ရက်တွင် စိုးရိမ်‌ရေမှတ်‌အောက်သို့ပြန်လည် ကျဆင်းနိုင်‌ကြောင်းလည်း ထုတ်ပြန်‌ပြောဆိုထားသည်။