Home သတင်း KNU ၏ ဌာနဆိုင်ရာများ အစည်းအ‌ဝေး ပြုလုပ်ပြီးစီး

KNU ၏ ဌာနဆိုင်ရာများ အစည်းအ‌ဝေး ပြုလုပ်ပြီးစီး

2698

ဇူလိုင် ၁၅ ရက်၊ ၂၀၁၇ ခုနှစ်။ စအိုင်ဆူး

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ (၁၆) ကြိမ်‌မြောက်ကွန်ဂရက်အပြီး ပထမဆုံးအကြိမ် ပြုလုပ်သည့် ဌာနဆိုင်ရာများ အစည်းအ‌ဝေးပွဲကို ဇူလိုင် ၁၁ ရက်မှ ၁၄ရက်‌နေ့အထိ ၎င်းတို့ထိန်းချုပ်နယ်‌မြေ ဖားအံခရိုင်၊ ‌လေးဝါးစခန်း၌ ပြုလုပ်ပြီးစီးသွားခဲ့ပြီးဟု သိရသည်။

‌လေးရက်တာ ပြုလုပ်သည့် ၎င်းတို့၏ ဌာနဆိုင်ရာများအစည်းအ‌ဝေးပွဲတွင် ဌာနတစ်ခုချင်းစီ၏ မူဝါဒပိုင်းဆိုင်ရာ များကို ပြန်လည်‌ဆွေး‌နွေးသုံးသပ်ရင်း အပစ်ရပ်လက်မှတ်‌ရေးထိုးပြီးချိန်မှစ၍ လတ်တ‌လောကြားကာလအတွင်း အ‌ကောင်ထည်‌ဖော်လုပ်‌ဆောင်သွားမည့် လုပ်ငန်းစဉ်များကို ‌ဆွေး‌နွေးဆုံးဖြတ်မှုများ ပြုလုပ်ခဲ့ကြသည်ဟု ‌ကေအဲန်ယူ အ‌ထွေ‌ထွေအတွင်း‌ရေးမှူးချုပ် ပဒို‌စောတာဒိုမူးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကျ‌နော်တို့ရဲ့ ဌာနတစ်ခုနဲ့တစ်ခုအကြား မူဝါဒ‌တွေ၊ ‌ကော်မတီတစ်ခုနဲ့တစ်ခုအကြား မူဝါဒ‌တွေ အချိတ်အဆက် မိမိနဲ့ လုပ်‌ဆောင်းသွားနိုင်ဖို့ ပြန်လည်သုံးသပ်ပြီး ပြင်ဆင်မွမ်းမံဖို့အပြင် တစ်ချိန်ထဲမှာပဲ လက်ရှိကြားကာလရဲ့ မူဝါဒ၊ စည်းမျဉ်း စည်းကမ်းနဲ့လုပ်ငန်းစဉ်အကုန်လုံးကို တာဝန်‌ပေးအပ်ထားတဲ့ ‌ကော်မတီက‌နေ ဆက်ပြီး ချမှတ်‌ရေးဆွဲသွားဖို့နဲ့ ဗဟို‌ကော်မတီက‌နေပြီး‌တော့ အတည်ပြုပြီး‌တော့ ချမှတ်ထားတဲ့အတိုင်း ညီညီညွတ်ညွတ်နဲ့ လုပ်‌ဆောင်သွားဖို့ ‌ဆွေး‌နွေး ဆုံးဖြတ်ခဲ့ကြတယ် ” ဟု ‌ပြောသည်။

ထို့အပြင် ဌာနတစ်ခုနှင့်တစ်ခုအကြား ပူး‌ပေါင်းလုပ်‌ဆောင်မှုနှင့် ပြည်တွင်းစစ်‌ပြေး‌ရှောင် IDPs အ‌ရေးအတွက် လုပ်‌ဆောင်သွားမည့်အ‌ပေါ် ကဏ္ဍအလိုက် အတူတကွ ပူး‌ပေါင်းလုပ်‌ဆောင်သွားရန်နှင့် ခရိုင်၊မြို့နယ်အသီးသီး ၏ စိန်‌ခေါ်မှုများအ‌ပေါ် ‌ဆွေး‌နွေးအ‌ဖြေရှာရင်း ‌ဖြေရှင်းလုပ်‌ဆောင်သွားမည့် ဆုံးဖြတ်ချက်အချို့ကိုလည်း ချမှတ်နိုင်ခဲ့သည်ဟု ပဒို‌စောတာဒိုမူးက ဆက်‌ပြောသည်။

၎င်းဌာနဆိုင်ရာ အစည်းအ‌ဝေးသို့ ‌ကေအဲန်ယူ၏ ထိပ်ပိုင်း‌ခေါင်း‌ဆောင်များ၊ ဗဟို‌ကော်မတီဝင် ‌ခေါင်း‌ဆောင်များ၊ ဌာန ၁၄ ခု၏ ဌာနဆိုင်ရာထိပ်ပိုင်း ‌ခေါင်း‌ဆောင်များ၊ ခရိုင်၊ မြို့နယ်အသီးသီးမှ ခရိုင်ဥက္ကဌ၊ မြို့နယ်ဥက္ကဌ နှင့် အခြား ‌ခေါင်း‌ဆောင်ငယ် အချို့စုစု‌ပေါင်း ကိုယ်စားလှယ်(၁၀၀)‌ကျော် တက်‌ရောက်ခဲ့သည်ဟု သိရသည်။

အစည်းအ‌ဝေးတက်‌ရောက်ခဲ့သူ ‌ကေအဲန်ယူ ‌တောင်ငူခရိုင် ဥက္ကဌ ပဒို‌စောအယ်ဝါးက “‌ရှေ့ဆက်လုပ်‌ဆောင်မှု‌တွေ ပို‌ကောင်းလာဖို့က ‌ကေအဲန်ယူမှာ ချမှတ်ထားတဲ့ မူဝါဒ၊ စည်းမျဉ်းဥပ‌ဒေနဲ့ လုပ်ငန်းလမ်းစဉ်‌တွေ အတိုင်း လုပ်‌ဆောင် သွားမယ်ဆိုရင် ပို‌ကောင်းလာဖို့ရှိပါတယ်။ အဲ့သလိုမဟုတ်ပဲ နည်းမှန်၊ လမ်းမှန်မဟုတ်တဲ့ အခွင့် အ ‌ရေး‌တွေ ‌ပေးလာမှုအ‌ပေါ် လက်ခံယူမယ်ဆိုရင် ကျ‌နော်တို့ရဲ့ စီမံအုပ်ချုပ်မှုနဲ့ အဖွဲ့အစည်းရဲ့ လုပ်ငန်း‌တွေ၊ ‌ရှေ့လုပ်ငန်းစဉ်‌တွေအတွက် အတားအဆီးနဲ့ မညီမျှမှု‌တွေဖြစ်လာနိုင်တယ် ” ဟု ‌ပြောသည်။

အဆိုပါ အစည်းအ‌ဝေး၌ ‌ကေအဲန်ယူဌာန ၁၄ခု၏ ဌာနဆိုင်ရာ မူဝါဒများ၏ အားနည်းချက်၊ အားသာချက်များကို ပြန်လည်သုံးသပ်‌ဆွေး‌နွေးခြင်း၊ ဌာနတစ်ခုချင်းစီ၏ ချမှတ်ထားသည့် မူဝါဒ အ‌ပေါ် ရပ်တည်လုပ်‌ဆောင်‌နေမှု အ‌ခြေ အ‌နေများ၊ လုပ်ငန်းစဉ်အ‌ကောင်အထည်‌ဖော်မှု အ‌ခြေအ‌နေများ၊ ခရိုင်၊ မြို့နယ်အသီးသီး၏ ‌ဒေသဆိုင်ရာ အ‌ခြေအ‌နေများ၊ လတ်တ‌လော ‌ဖော်‌ဆောင်‌နေသည့် ငြိမ်ချမ်း‌ရေးဖြစ်စဉ်၏ လုပ်ငန်းစဉ်များကို သက်ဆိုင်ရာ ‌ခေါင်း‌ဆောင်များမှ ပြန်လည်ရှင်းလင်းတင်ပြခြင်းဆိုင်ရာ ‌ဆွေး‌နွေးမှုများကို ‌ဆွေး‌နွေးခဲ့ကြသည်ဟု ‌ကေအဲန်ယူက ဆိုသည်။

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ဖွဲ့စည်းပုံအရ စည်းရုံး‌ရေးနှင့်ပြန်ကြား‌ရေး၊ ကျန်းမာ‌ရေးနှင့်ကယ်ဆယ်‌ရေး၊ ပညာ‌ရေးနှင့် ယဉ်‌ကျေးမှု၊ လယ်ယာစိုက်ပျိုး‌ရေး၊ သစ်‌တော၊ သတ္တုတွင်း၊ အခွန်နှင့်ဘဏ္ဍာ‌ရေး၊ သယ်ယူပို့‌ဆောင်‌ရေးနှင့် ဆက်သွယ်‌ရေး၊ နိုင်ငံခြား‌ရေး၊ မဟာမိတ်‌ရေးရာ၊ တရား‌ရေး၊ ငါဖမ်းနှင့်‌မွေးမြူ‌ရေး၊ ကာကွယ်‌ရေး၊ ပြည်ထဲ‌ရေးနှင့် သာသနာ‌ရေး စသည်ဖြင့် ဌာန ၁၄ခု ရှိသည်။