Home သတင်း အပစ်ရပ်စာချုပ်-NCA ‌ဖော်‌ဆောင်မှု မှတ်တမ်းစာအုပ် KNU ထုတ်‌ဝေမည်

အပစ်ရပ်စာချုပ်-NCA ‌ဖော်‌ဆောင်မှု မှတ်တမ်းစာအုပ် KNU ထုတ်‌ဝေမည်

1936

‌အောက်တိုဘာ ၃ဝရက်၊ ၂၀၁၅ခုနှစ်။ စဖန်း‌ရှောင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) နှင့် အစိုးရတို့ လက်ရှိ‌ဖော်‌ဆောင်‌နေသည့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် အဆင့်ဆင့်ကို အများ ပြည်သူ သိရှိနိုင်ရန် ‌ကေအဲန်ယူ ဗဟို စည်းရုံး‌ရေးနှင့် ပြန်ကြား‌ရေးဌာနက မှတ်တမ်းစာအုပ် ပြုစုထုတ်‌ဝေသွားမည်ဖြစ်‌ကြောင်း ယင်းဋ္ဌာန၏တာဝန်ခံ ပဒို‌စောလှထွန်းက ‌ကေအိုင်စီသို့ အတည်ပြု ‌ပြောဆိုသည်။

“အစိုးရအဆက်ဆက်နဲ့ အရင်က လုပ်လာခဲ့တဲ့ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှု‌တွေမှာ လူထုက ပွင့်ပွင့်လင်းလင်း မသိခဲ့ရတာ‌တွေ ရှိ ခဲ့တယ်။ အခုချိန်မှာ‌တော့ ထိန်ချန်တာမဟုတ်ဘဲ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှု‌တွေမှာ ဘာ‌တွေလုပ်ခဲ့လဲ၊ ဘာ‌တွေ သ‌ဘောတူညီမှု ‌တွေ ရခဲ့လဲ။ အဲဒါ‌တွေကို လူထုကို အသိ‌ပေးချင်တဲ့သ‌ဘော ဖြစ်ပါတယ်”ဟု ပဒို‌စောလှထွန်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

“တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူစာချုပ်-NCA ဆိုင်ရာ ‌ဖော်‌ဆောင်မှုအဆင့်ဆင့်”ဟု အမည်‌ပေးထားသည့် မှတ်တမ်းစာအုပ်ကို လာမည့် နိုဝင်ဘာလဆန်းပိုင်းတွင် အများပြည်သူများသို့ အခမဲ့ ဖြန့်ချိသွားမည်ဟု ‌ကေအဲန်ယူ ဗဟိုစည်းရုံး ‌ရေးနှင့် ပြန်ကြား‌ရေးဌာနထံမှ သိရသည်။

စာမျက်နှာတစ်ရာ‌ကျော် ပါဝင်သည့် ယင်းမှတ်တမ်းစာအုပ်တွင် ၂၀၁၁ခုနှစ်မှ ယ‌နေ့အထိ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှု၊ တစ်နိုင်ငံ လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူစာချုပ် ‌ဖော်‌ဆောင်မှုအဆင့်ဆင့်၊ နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ အဆင့်ဆင့်၊ ‌စောင့်ကြည့်‌လေ့ လာ‌ရေး အခန်းကဏ္ဍများ အပါအဝင် လူထုနှင့် လူမှုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍများကိုလည်း ထည့်သွင်း‌ဖော်ပြမည်ဖြစ် ‌ကြောင်း သိရသည်။

အဆိုပါစာအုပ်ကို KNU ဗဟိုစည်းရုံး‌ရေးနှင့် ပြန်ကြား‌ရေးဌာန၏ ဦး‌ဆောင်မှုဖြင့် ဖားအံမြို့အ‌ခြေစိုက် လူမှု‌ရေးသု‌တေသနဆိုင်ရာ အဖွဲ့- RISE က စာအုပ်ဖြစ်‌မြောက်‌ရေးအတွက် ကူညီ‌ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယင်းစာအုပ်မှာ လူထုအတွက် အကျိုးရှိသည့်မှတ် တမ်းတစ်ခုအဖြစ် ‌မျှော်မှန်းထား‌ကြောင်း RISE အဖွဲ့တာဝန်ခံ နန်းမြသီတာက ‌ပြောသည်။

“သုံးသပ်ချက်‌တွေ ဘာမှမပါဘဲ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှု အဆင့်ဆင့်ဖြစ်စဉ်‌တွေကိုပဲ သပ်သပ်စုစည်းပြီး ထုတ်‌ဝေထားတဲ့ စာ အုပ်ဖြစ်တဲ့အတွက် ဒီဖြစ်စဉ်ကို ‌လေ့လာချင်တဲ့သူ‌တွေ ဒါမှမဟုတ် ကိုးကားချင်သူ‌တွေလည်း ကိုးကားလို့ရမယ်။ ဒီစာအုပ်က လူထုအတွက် အကျိုးရှိမဲ့ စာအုပ်ဖြစ်မယ်လို့ ‌မျှော်လင့်တယ်” ဟု သူမက ဆိုသည်။

အဆိုပါစာအုပ်ကို KNU ဗဟိုစည်းရုံး‌ရေးနှင့် ပြန်ကြား‌ရေးဌာနက အုပ်‌ရေ ၅၀၀ဝခန့် ကနဦး ထုတ်‌ဝေသွားမည်ဖြစ်ပြီး လာမည့် နိုဝင်ဘာလ ၉ရက်‌နေ့တွင် ကျင်းပမည့် ကရင်ပြည်နယ်‌နေ့ပွဲ‌တော်၌လည်း KNU က ငြိမ်းချမ်း‌ရေးဆိုင်ရာပြခန်းတစ်ခု ဖွင့်လှစ်ကာ ထိုမှတဆင့် လူထုထံ အခမဲ့ ဖြန့်‌ဝေ‌ပေးသွားမည်ဖြစ်‌ကြောင်း သိရသည်။