Home သတင်း ‌အောက်‌ကျောက်ခက် ရွာ ‌ရေမြှုပ်အိမ်များ ပြန်လည် မတည်‌ဆောက်‌သေး

‌အောက်‌ကျောက်ခက် ရွာ ‌ရေမြှုပ်အိမ်များ ပြန်လည် မတည်‌ဆောက်‌သေး

2362
ဩဂုတ်လ ၂၇ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား

S1800026imgကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း ရှိ ‌အောက်‌ကျောက်ခက်ရွာ တွင်‌ရေကြီး၍ ပျက်စီးသွားသည့် အိမ်‌ခြေ ၁၇လုံးအတွက် ပြန် လည်တည်‌ဆောက်ရန် ရွာသားများက ဆန္ဒရှိ‌သော်လည်း ထပ်မံ ‌ရေကြီးမည်ကို စိုးရိမ်သဖြင့် မတည်‌ဆောက်ရဲ‌သေးကြ‌ကြောင်း ‌အောက်‌ကျောက်ခက်ရွာခံများက ယ‌နေ့ ‌ပြောဆိုသည်။

‌အောက်‌ကျောက်ခက်ရွာသားတစ်ဦးဖြစ်သူ ဦးအာနိုးက “‌ရေထပ်ကြီးမှာကို စိုးရိမ်လို့ ကျ‌နော်တို့ အိမ်ပြန် မတည်‌ဆောက်ရဲ‌သေးဘူး။ ‌လော‌လောဆယ် တဲထိုးပြီး ပြန်‌နေတာ မိသားစု‌လေးစု‌တော့ ရှိတယ်။ အခု အိမ်ပြန်‌ဆောက်မယ်ဆိုရင်လည်း အိမ်‌ခေါင်မိုးဖို့ ဖက်‌တွေ ရှာရမလွယ်ဘူး”ဟု ‌ပြောသည်။

‌ရေ‌ဘေးသင့် ရွာသားများသည် ရွာအနီးရှိ ကုန်းမြင့်ပိုင်းဖြစ်သည့် ဘုန်းကြီး‌ကျောင်းနှင့် ‌တောင်‌ပေါ်‌နေရာများတွင် ယခုအချိန်ထိ ‌နေထိုင်‌နေရဆဲဖြစ်ပြီး စားနပ်ရိက္ခာအတွက် မျှစ်ခုတ်ခြင်း၊ ဝါးခုတ်ခြင်းနှင့် မီး‌သွေးဖုတ်ခြင်း ပြုလုပ်ကာ ‌ကျောက်ခက်‌ချောင်းအ ‌ရှေ့ဘက်ကမ်း ထိုင်းနိုင်ငံသို့ သွား‌ရောင်းသူများရှိသလို ‌နေ့စားအဖြစ် သွား‌ရောက်လုပ်ကိုင်‌နေကြသူများလည်း ရှိသည်။

ယခု ဩဂုတ်လ တတိယအပတ်အတွင်းက မိုးသည်းထန်စွာ ရွာသွန်းကာ ‌ကျောက်ခက်‌ချောင်း‌ရေလျှံမှု‌ကြောင့် ဩဂုတ်လ ၂၂ ရက်‌နေ့တွင် အိမ်‌ခြေ ၁၉လုံးရှိသည့်အနက် ၅လုံးမှာ ‌ချောင်းထဲသို့‌မျောပါသွားပြီး ၁၂လုံးမှာ ပျက်စီးသွားခဲ့ရသည်။

‌နေအိမ်မရှိ‌တော့ဘဲ လွတ်‌မြောက်ရာ‌နေရာသို့ သွား‌ရောက်‌နေထိုင်‌နေရသည့် လက်ရှိ ‌ရေ‌ဘေးသင့် ‌အောက်‌ကျောက်ခက်ရွာခံ များအတွက် ကျန်းမာ‌ရေး အ‌ထောက်အကူပြု‌စေရန် ယမန်‌နေ့က ထိုင်းနိုင်ငံဘက်ခြမ်း ဖုတ်ဖရမြို့နယ်ရှိ အလှူရှင်အဖွဲ့တဖွဲ့က ‌ဆေးဝါးအချို့နှင့် ခြင်‌ထောင်များ လာ‌ရောက်ကူညီခဲ့သည်ဟု ၎င်းရွာသူကြီး ‌စောထွန်းခင်က ‌ပြောဆိုသည်။

‌စောထွန်းခင်က “ငှက်ဖျား၊ ‌ချောင်းဆိုး၊ ဝဲ စတဲ့‌ရောဂါနဲ့ဆိုင်တဲ့ ‌ဆေးဝါး‌တွေ အဲဒီအဖွဲ့က လာကူညီတယ်။ ခြင်‌ထောင်‌တွေကို လည်း မိသားစုအလိုက် အားလုံး‌ပေးသွားတယ်။ အခု ‌ရေပြန်ကျပြီဆို‌ပေမယ့် ‌ရေတွင်း‌တွေ အကုန်မြှုပ်သွားလို့ မိုး‌ရေပဲ ခံ‌သောက်‌နေရပါတယ်။ ပြီး‌တော့ ‌ရေကြီးတဲ့‌နောက်မှာ လက်ရှိ ငှက်ဖျား‌ရောဂါပိုးရှိသူ သုံးဦးထက်မနည်းရှိ‌တော့ သူတို့‌တွေ ‌ဆေး‌သောက်‌နေရပါတယ်”ဟု ‌ပြောသည်။

အဆိုပါ‌ရေကြီးမှု‌ကြောင့် ‌အောက်‌ကျောက်ခက်ရွာအနီးတွင် စိုက်ပျိုးထား‌သော ‌ပြောင်းဖူးခင်း ၅ခင်း ပျက်စီးသွားပြီး ယင်း‌ပြောင်း ခင်းတို့မှာ စုစု‌ပေါင်း ‌မြေဧက ၃ဝခန့်ရှိ‌ကြောင်း ဦးထွန်းခင်က ဖြည့်စွက် ‌ပြောဆိုသည်။

‌ရေကြီးမှု တခါမျှ မကြုံဖူးသည့် ‌အောက်‌ကျောက်ခက်ရွာသည် ယခုနှစ် မိုးရာသီ၌ ဇူလိုင်လအတွင်းက မိုးသည်းထန်စွာ ရွာသွန်းမှု ‌ကြောင့် ကရင်ပြည်နယ်ရှိ ဖားအံ၊ ‌ကော့ကရိတ်၊ လှိုင်းဘွဲ၊ ကြာအင်းဆိပ်ကြီးနှင့် မြဝတီမြို့နယ်တို့တွင် ‌ရေကြီးခဲ့ပြီး‌နောက်ပိုင်း ယခုလို ‌နေအိမ်များ ‌ရေလွှမ်းမိုးကာ ပျက်စီးသွားခြင်းဖြစ်သည်။