Home အယ်ဒီတာ့အာဘော် ငြိမ်းချမ်း‌ရေးဆိုသည်အတွက်

ငြိမ်းချမ်း‌ရေးဆိုသည်အတွက်

1794
အယ်ဒီတာ့အာ‌ဘော်

ယ‌နေ့ မြန်မာနိုင်ငံ၏ များပြားလှ‌သော စာမျက်နှာဥပစာများတွင်လည်း‌ကောင်း၊ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲများတွင်လည်း‌ကောင်း၊ “အပစ်ခတ်ရပ်စဲ‌ရေးနှင့် ငြိမ်းချမ်း‌ရေး”ဟူ‌သော အ‌ကြောင်းအရာတို့က ‌ဖေါ‌ဖေါသီသီပင် ‌ဖေါင်းပွလျက်ရှိ‌နေသည်ဖြစ်ရာ “အပစ်အခတ်များကို အရင် ရပ်စဲရမှာလား၊ ငြိမ်းချမ်း‌ရေးကို အရင်ရယူမှာလား”ဟူသည်ကို စဉ်းစားဖို့‌တော့ လို‌ပေလိမ့်မည်။

သို့ဆိုရာတွင် လွတ်လပ်စွာ ‌ဝေဖန်မှု၊ သုံးသပ်မှု၊ ‌ထောက်ပြ၍ အပြုသ‌ဘော‌ဆောင်သည့် အကြံပြုမှုများကို ကြိုဆိုလက်ခံ၍ ညှိနှိုင်း‌ဆွေး‌နွေးမှုက စစ်မှန်‌သော ငြိမ်းချမ်း‌ရေးရရှိရန်ကို ‌ဖေါ်‌ဆောင်နိုင်မည် ဖြစ်‌ပေသည်။ “ငြိမ်းချမ်း‌ရေးဆိုတာ စစ်ထက် ပို‌ကောင်းရုံသာမက ခက်လည်း အဆမတန် ပို၍ ခက်ခဲပါသည်”ဟု အဂင်္လိပ်စာ‌ရေးဆရာကြီး ‌ဂျော့ချ်ဘားနက်‌ရှောက ဖွင့်ဆို ထားသည်။

မြန်မာအဘိဓာန်တွင်လည်း ငြိမ်းချမ်း‌ရေးကို ဖွင့်ဆိုရာ၌ “ငြိမ်း” – လှုပ်ရှားမှုမရှိခြင်း၊ အသံမရှိ တိတ်ဆိတ်သည်၊ ဆူပူမှုကင်းမဲ့ သည်၊ အ‌နှောက်အယှက်ကင်းမဲ့သည်။ “ချမ်း‌ရေး” – ဆူပူလှုပ်ရှားမှုထကြွခြင်း၊ စစ်မက်စသည်တို့ ကင်းမဲ့‌သောအဖြစ် ဟူ၍ဖွင့်ဆို ထားသည်။ ယင်းအတွက် ကျွန်ုပ်တို့သည် ပြည်သူလူထုဘဝ ငြိမ်းချမ်းမှု၊ တည်ငြိမ်‌သော အသက်ရှင်ရပ်တည်မှုကို ‌ရှေးရှု၍ အပစ် အခတ်ရပ်စဲ‌ရေးဖြစ်‌စေ၊ နိုင်ငံ‌ရေးနှင့် ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးမှုတို့ကိုဖြစ်‌စေ အပြန်အလှန် ယုံကြည်‌လောက်‌သော၊ ဤဖြစ်စဉ်၊ လုပ် ငန်းစဉ်ကို အဟန့်အတားမဖြစ်‌စေ‌သော၊ နည်းစနစ်ကျသည့် လုပ်‌ဆောင်ချက်အဆင့်ဆင့်ကို ပွင့်လင်းမြင်သာစွာ လုပ်‌ဆောင် သွားသင့်သည်ဟု ယုံကြည်မိသည်။

ထို့‌ကြောင့် ပြည်သူပြည်သားများ၏ ယုံကြည်မှုကို ရရှိ‌စေရန်အတွက် နိုင်ငံ‌တော်က အများဆန္ဒနှင့် ချမှတ်ထား‌သောမူနှင့် တာဝန် ယူမှုတို့ဖြင့် ထမ်း‌ဆောင်‌နေကြ‌လေ‌သော လူတို့သည် (မူ နှင့် လူ) ကိုက်ညီရန် အထူးလိုအပ်ပါသည်။ သို့မှသာ ပြည်သူလူထုအဖို့ မူနှင့်လူအ‌ပေါ် အားကိုးယုံကြည်မှုများ ဖြစ်‌ပေါ်လာကာ စည်းလုံးမှုများ ရှိလာကြ‌ပေမည်။ ထိုသို့ ယုံကြည်မှုကို ရယူနိုင်ပါမှ စည်း လုံးမှုကို ရယူနိုင်မည်ဖြစ်ပြီး မတူသည်များကိုပယ်၍ တူညီသည်များကို စိတ်‌ရောကိုယ်ပါ ပူး‌ပေါင်း‌ဆောင်ရွက်ခြင်းဖြင့် ငြိမ်းချမ်း ‌သော၊ စည်းကမ်းရှိ‌သော၊ အစဉ်တိုးတက်‌သော ဒီမိုက‌ရေစီနိုင်ငံ‌တော်ကြီးကို ထူ‌ထောင်နိုင်မည်ဖြစ်သည်။

ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် ပြည်သူများ ကြုံ‌တွေ့ဖြစ်‌ပေါ်‌နေ‌သော လူမှုဘဝ ဒုက္ခအဖုံဖုံကို `ဥပ‌ဒေပြု‌ရေး၊ တရားစီရင်‌ရေး၊ အုပ် ချုပ်‌ရေးဟူ‌သော မဏ္ဍိုင်ကြီး(၃)ရပ်ဖြင့် ကယ်တင်‌ဖြေရှင်း‌ပေး‌နေရာမှ ယင်းမဏ္ဍိုင်ကြီး(၃)ရပ်နှင့် ပြည်သူတို့ နီးမလိုလိုနှင့်‌ဝေးကွာ ‌နေ‌သော၊ သိမလိုလိုနှင့် မရှင်းလင်း‌သော၊ နားလည်သလိုလိုနှင့် ရှုတ်‌ထွေး‌နေ‌သော၊ ‌ပြေလည်သလိုလိုနှင့် ခက်ခဲ‌နေ‌သော ပြဿ နာအရပ်ရပ်ကို `ပြည်သူလူထုနှင့် မဏ္ဍိုင်ကြီး (၃)ရပ် သဟဇာတဖြစ်‌စေရန်`‌ပေါင်းကူး‌ဖြေရှင်းနိုင်သူ တစ်နည်းအားဖြင့် ‌ပေါင်းကူး ‌ပေးနိုင်သူမှာ စတုတ္ထမဏ္ဍိုင် (‌ခေါ်) ပြည်သူ့ဆက်ဆံ‌ရေးမဏ္ဍိုင်ပင် ဖြစ်သည်။

ထို့‌ကြောင့် ကမ္ဘာ့လူသားအားလုံး လိုလား‌တောင်းတ‌နေကြ‌သော၊ လိုအပ်‌နေ‌သော `ငြိမ်းချမ်း‌ရေး’ ဆိုသည်ကို ‌ဖေါ်‌ဆောင်မှုပြုနိုင် ‌ရေးအတွက် ဥပ‌ဒေပြု‌ရေး၊ တရားစီရင်‌ရေး၊ အုပ်ချုပ်‌ရေးဟူသည့် မဏ္ဍိုင်ကြီး (၃)ရပ်မှာ မှန်ကန်‌သောနည်းလမ်းဖြင့် ဦး‌ဆောင်မှု ပြုနိုင်ရန်နှင့် ဦး‌ဆောင်မှုအ‌ပေါ် ပြည်သူလူထုများလက်ခံ‌ရေး၊ တနည်းအားဖြင့် ပြည်သူလူထုတို့၏ အသံများ (ခံစားချက်များ)ကို ပြန်လည်ကြားနိုင်‌ရေးနှင့် ‌ဖြေ‌လျှော့ ရှင်းလင်း‌ပေးနိုင်ရန်အတွက် `စတုတ္ထမဏ္ဍိုင်`ကို အကျိုးရှိရှိ အသုံးပြုနိုင်ကြဖို့ ကျွန်ုပ်တို့တွင် အထူးတာဝန်ရှိ‌နေသည်ဖြစ်‌ကြောင်းနှင့် `ငြိမ်းချမ်း‌ရေးအတွက်၊ မီဒီယာလက်နက် ပြည်သူအတွက်’ ဖြစ်ပါ‌ကြောင်းကို ‌ဖေါ်ပြလိုက် ရပါ‌တော့သတည်း။