Home သတင်း တိုက်ပွဲကြောင့် ဥကရစ်ထစစ်ရှောင်ပြည်သူများ နေရပ်မပြန်နိုင်သေးဘဲ နေရာထိုင်ခင်းနှင့် ရိက္ခာမလုံ လောက်မှုများကြုံတွေ့နေရ

တိုက်ပွဲကြောင့် ဥကရစ်ထစစ်ရှောင်ပြည်သူများ နေရပ်မပြန်နိုင်သေးဘဲ နေရာထိုင်ခင်းနှင့် ရိက္ခာမလုံ လောက်မှုများကြုံတွေ့နေရ

670
Photo: CJ

ဩဂုတ်လ ၅ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ

ထိုင်း−မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းနားရှိ ဥကရစ်ထစစ်ရှောင်ပြည်သူများသည် ယနေ့ အချိန်အထိ နေရပ်မပြန်နိုင်သေးဘဲ နေရာထိုင်ခင်းနှင့် ရိက္ခာမလုံလောက်မှု အခက်အခဲများ ကြုံတွေ့နေကြရကြောင်း ဥကရစ်ထ ရွာသူကြီးကပြောသည်။

ပြီးခဲ့သည့် ဇွန်လနှောင်းပိုင်းက ဥကရစ်ထ ကျေးရွာအခြေစိုက် စစ်ကောင်စီစခန်းကို နယ်မြေခံ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့(KNDO)(လက်ရှိ ကော်သူးလေတပ်မတော်)ပူးပေါင်းတပ်ဖွဲ့မှ စခန်းဝင်ရောက် တိုက်ခိုက်ခြင်းကြောင့် ဒေသခံများ ဘေးလွတ်ရာ ထိုင်း-မြန်မာနယ်ခြား သောင်ရင်းမြစ်ကမ်းနားဘေးတွင် ထွက်ပြေးခိုလှုံနေရသည်မှာ တစ် လကျော် ကြာမြင့်လာသည်အထိ တိုက်ပွဲကြောင့် နေရပ်မပြန်ရဲသေးကြဘဲ နေထိုင်ရေးနှင့် ရိက္ခာအခက်အခဲများလည်း ကြုံတွေ့ နေကြရခြင်းဖြစ်သည်ဟု ကျေးရွာသူကြီးက ယခုလိုပြောသည်။

၎င်းက “သူတို့ပြေးလာတာ ပြီခဲ့တဲ့ဇွန်လ (၂၆)ရက်နေ့ကစပြေးလာတာ။ အခုဆို ၁ လကျော်သွားပြီး။ ဆန်အိတ်အသေး တွေပဲစားပဲရတာ။ လှူတာဆိုလို့ တစ်မိသားစုလုံးကို ဘတ် (၂၅၀)ပဲ ရဖူးသေးတယ်။ အဲ့တာတောင်အပြည့်မရဘူး။ အိမ်ထောင်စု (၁၀၀)ကျော်မရတာရှိသေးတယ်။ အခုကတော့မိုးတွေရွာတော့ သူများရဲ့ ပြောင်းခြံထဲတွေ အိမ်ခြံထဲမှာပဲ သူများနေခွင့်ပေးလို့ ကပ်နေရတာပေါ့။ ရိက္ခာပို့ဖို့အတွက်ကျတော့ ထိုင်းကခွင့်မပြုဘူး။ ဒါပေမဲ့မိသားစုတစ်စုအတွက် စားဖို့က တပတ်စာမလုံလောက်ဘူး”ဟု ကေအိုင်စီ သို့ပြောသည်။

ဥကရစ်ထစစ်ရှောင်ပြည်သူများအနေဖြင့် ယခင်လတုန်းက ၎င်းတို့နေထိုင်သည့်နေရာတွင် တိုက်ပွဲစတင် ဖြစ်ပွားခဲ့ သောကြောင့် စစ်ဘေးရှောင်ပြည်သူများက ထိုင်းဘက်ခြမ်းသို့ ယာယီပြောင်းရွှေ့နေထိုင်နေရပြီး ထိုင်းအာဏာပိုင်များက ရေရှည်လက်မခံသောကြောင့် မြန်မာပြည်ဘက်ခြမ်းသို့ ပြန်လာခိုလှုံနေရသည်။ ၎င်းတို့အတွက် လိုအပ်သည့် စားနပ်ရိက္ခာ ထောက်ပံ့မှုများကိုလည်း ထိုင်းအာဏာပိုင်းများက ရိက္ခာသယ်ယူပို့ဆောင်သည့် နယ်စပ်လမ်းကြောင်းများကို အကန့်အသတ်ဖြင့်သာ သယ်ယူခွင့်ပြုသောကြောင့် ရိက္ခာလုံလောက်စွာမရရှိကြကြောင်းလည်း အဆိုပါ ရွာသူကြီးက ဆက်ပြောသည်။

ထို့နောက် စစ်ရှောင်ကူညီကယ်ဆယ်ရေးကော်မတီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ အခြားသော အကူအညီပေးရေး (INGO) UNHCR) စသည့်အဖွဲ့အစည်းများက ထိုင်းအာဏာပိုင်းများကို ဥကရစ်ထစစ်ရှောင်ပြည်သူများအတွက် ယာယီခိုလှုံခွင့်် နေယာထိုင်းခင်းစီစဉ်ပေးရန် ဆွေးနွေးမှုများပြုလုပ်နေကြောင်းလည်း စစ်ရှောင်ကူညီကယ်ဆယ်ရေး ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ယခုလိုပြောသည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကော်မတီဝင် (INGO၊ UNHCR) ကိုလည်းပြေားထားတာရှိတယ်။ အခုသူတို့စစ်ရှောင်နေတဲ့ အချိန်မှာသူတို့အတွက် ယာယီနေရာထိုင်ခင်းစီစဉ်ပေးဖို့ပြောထားတာရှိတယ်။ အခုထိုင်းအစိုးရနဲ့တွေ့ဆုံနေဆဲ အစီအစဉ် မှာရှိတယ်။ သူတို့အတွက်စားနပ်ရိက္ခာလှူဒါန်းတာက တစ်ဦးတစ်ယောက်စေတနာရှင်တွေနဲ့ ဘာသာရေးအဖွဲ့အစည်းတွေ အနေနဲ့ပဲ အနည်းအကျဉ်းပဲ သွားလှူလို့ရတယ်”ဟုပြောသည်။

လက်ရှိအချိန်အထိ သောင်ရင်းမြစ်ကမ်းဘေးတစ်လျှောက်တွင် စစ်ဘေးရှောင်စခန်း (၆)ခုအထိ ရှိနေပြီး စစ်ရှောင်လူဦးရေ အရေအတွက်အားဖြင့် စုစုပေါင်း (၂၆,၀၀၀)ဦးအထိ ရှိနေကာ ဥကရစ်ထဒေသတွင်မူ စစ်ရှောင်ပြည်သူ (၈၂၅)ဦးခန့်ရှိနေ သည်ဟု သိရသည်။