Home သတင်း KYO ဝင်း‌ရေးမြို့နယ် ညီလာခံ၌ ‌ခေါင်း‌ဆောင်သစ်များ ‌ရွေး‌ကောက်တင်‌မြှောက်

KYO ဝင်း‌ရေးမြို့နယ် ညီလာခံ၌ ‌ခေါင်း‌ဆောင်သစ်များ ‌ရွေး‌ကောက်တင်‌မြှောက်

2053
KYO ဝင်း‌ရေးမြို့နယ် ညီလာခံ၌ ‌ခေါင်း‌ဆောင်သစ်များ ‌ရွေး‌ကောက်တင်‌မြှောက်

ဒီဇင်ဘာ ၁၇ရက်၊ ၂ဝ၁၉ခုနှစ်။ ‌စောမြတ်ဦးသာ

ဝင်း‌ရေးမြို့နယ်(ကြာအင်းဆိပ်ကြီး)၏ ၇ကြိမ်‌မြောက် ‌ကေဝိုင်အို-ကရင်လူငယ်အစည်းအရုံး ညီလာခံကို ဒီဇင်ဘာလ ၁၄ရက်‌နေ့တွင် ကျင်းပပြီးစီးခဲ့ပြီး မြို့နယ်အဆင့် ‌ခေါင်း‌ဆောင်သစ်များကို ‌ရွေး‌ကောက်တင်‌မြှောက်ခဲ့ကြသည်ဟု
တက်‌ရောက်လာသူ ကိုယ်စားလှယ်များက ‌ပြောသည်။

ဒီဇင်ဘာလ ၁၃ရက်နှင့် ၁၄ရက်‌နေ့တွင် ကျင်းပခဲ့ကြသည့် ယင်းညီလာခံသို့ ဝင်း‌ရေးမြို့နယ်၊ ‌ကျေးရွာအုပ်စုများရှိ ကရင်လူငယ်အစည်းအရုံး၏ လူငယ်ကိုယ်စားလှယ် ၁၅ဝဦး တက်‌ရောက်ခဲ့ကြပြီး ဥက္ကဌနှင့် အတွင်း‌ရေးမှူးများ၊ သက်ဆိုင်ရာ‌ကော်မတီအသီးသီး၏ လူငယ်ကိုယ်စားလှယ်‌ခေါင်း‌ဆောင်များကို ‌ရွေး‌ကောက်တင်‌မြှောက်ခဲ့ကြသည်။

ဝင်း‌ရေးမြို့နယ် KYO ဥက္ကဌအသစ်ဖြစ်သူ ‌စော‌အောင်စိုးက “ကျ‌နော့်ကို ယုံကြည်ပြီး ‌ရွေးချယ်မဲ‌ပေးတဲ့ လူငယ်ကိုယ် စားလှယ်‌တွေ ‌ကျေးဇူအများကြီးတင်တယ်။ လူသစ်တစ်‌ယောက်ဖြစ်‌နေ‌တော့ လုပ်ငန်း‌ဖော်‌ဆောင်တဲ့‌နေရာမှာ ‌အောင်
‌အောင်မြင်မြင်ဖြစ်ဖို့ ကြိုးစား‌ဆောင်ရွက်သွားမယ်‌ပေါ့‌လေ။ အမျိုးသား‌ရေးအတွက် ပခုံး‌ပြောင်း တာဝန်ယူရ တဲ့အ‌ပေါ်မှာ
စိန်‌ခေါ်မှု‌တွေ ‌ကျော်ဖြတ်ရမယ့်ခရီး‌တွေ ‌ကော်မတီဝင်‌တွေနဲ့ ညီညီညွတ်ညွတ်နဲ့ ပူး‌ပေါင်း‌ဆောင်ရွက် သွားမယ်။”
ဟု ဒီဇင်ဘာလ ၁၅ရက်‌နေ့က ‌ကေအိုင်စီသို့‌ပြောသည်။

ဝင်း‌ရေးမြို့နယ် ‌ကေဝိုင်အိုအ‌နေဖြင့် အ‌ခြေခံနိုင်ငံ‌ရေးသင်တန်း၊ လူငယ်စွမ်းရည်မြှင့် ပညာ‌ပေးသင်တန်းများနှင့် ‌ကျေးရွာအလိုက် KYO လူငယ်အဖွဲ့များကို ပြန်လည်‌ရွေးချယ်သွားမည်ဖြစ်ပြီး ‌ဒေသအလိုက် လူငယ်နှီး‌နှောဖလှယ်ပွဲများပါ ‌ရှေ့
ဆက်လုပ်ငန်းစဉ်များတွင် ‌ဆောင်ရွက်သွားမည်ဟု ညီလာခံတွင် ဆုံးဖြတ်ခဲ့ကြ‌ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

KYO ညီလာခံတက်‌ရောက်သူ ခလယ်ရွာမှ ကိုယ်စားလှယ် ‌စောထွန်းလင်းက “ပထမဦးဆုံးအ‌နေနဲ့ ညီလာခံပွဲ တက် ဖူးတာပါ။ လူငယ်မိတ်‌ဆွေအသစ်‌တွေ အများကြီး ခင်မင်သိခွင့်ရလာခဲ့တယ်။ KYO လူငယ်အ‌ကြောင်း‌တွေ ကရင်သမိုင်း
နိုင်ငံ‌ရေးအ‌ကြောင်း‌တွေ အများကြီးသိခွင့်ရခဲ့တယ်။ ‌ကျေးရွာအလိုက် လူငယ်‌ကော်မတီ ဖွဲ့စည်းတဲ့အခါ ဝိုင်းဝန်း
ကူညီလုပ်‌ဆောင်သွားမယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

KYO – ကရင်လူငယ်အစည်းအရုံး ဖွဲ့စည်းပုံအရ မြို့နယ်နှင့် ခရိုင်အဆင့် ညီလာခံကို ၂နှစ် တစ်ကြိမ် ကျင်းပကြရပြီး ဗဟိုအဆင့် ညီလာခံကိုမူ ၄နှစ် တစ်ကြိမ် ကျင်းပကြရသည်။