Home သတင်း မိန်းက‌လေးငယ်၏ခြင်‌ထောင်ထဲအထိ ဆွဲကြိုးဝင်ဖြတ် လုယက်သူအား ဖမ်းဆီးအမှုဖွင့်ထား

မိန်းက‌လေးငယ်၏ခြင်‌ထောင်ထဲအထိ ဆွဲကြိုးဝင်ဖြတ် လုယက်သူအား ဖမ်းဆီးအမှုဖွင့်ထား

2492

ဒီဇင်ဘာ ၁၆ ရက်၊ ၂၀၁၉ခုနှစ်။ ‌နေ‌နော်
ကရင်ပြည်နယ် မြဝတီမြို့ အမှတ်(၃)ရပ်ကွက် စစ်မှုထမ်း‌ဟောင်းရပ်တွင် မိဘများ‌ဈေး‌ရောင်းထွက်ခိုက် ‌နေအိမ်တွင်
အိပ်‌ပျော်‌နေ‌သော ၁၅နှစ်အရွယ် မိန်းက‌လေးငယ်၏ ‌နေအိမ်ခြင်‌ထောင်ထဲထိဝင်ကာ ခြိမ်း‌ခြောက် ‌ပြောဆို၍ ‌ရွှေဆွဲ
ကြိုးဖြတ်လုယက်မှုတခု ယမန်‌နေ့ (ဒီဇင်ဘာ ၁၅ရက်) နံနက်က ဖြစ်ပွားခဲ့‌ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စစ်မှုထမ်း‌ဟောင်းရပ်‌နေ မဝင်းပပ‌ကျော်(၁၅ နှစ်)နှင့် သားဖြစ်သူ ‌မောင်ဖြိုး‌မောင်‌မောင်(၇ နှစ်)တို့ ၂ ဦးမှာ ‌နေအိမ်ရှိ ခြင်‌ထောင်တစ်လုံးစီတွင် အိပ်‌နေစဉ် အိမ်နီးချင်း‌နေ ဦး‌ဝေလင်း(၃၅ နှစ်) ဆိုသူမှ ခြင်‌ထောင်ထဲ သို့ဝင်ကာ ပါးစပ်ကိုပိတ်ပြီး လည်ပင်းအားညှစ်ကာ ခြိမ်း‌ခြောက်ပြီးလုယက်ခဲ့ခြင်းဖြစ်သည်ဟု မဝင်းပပ‌ကျော်၏ ဖခင်ဖြစ်သူ ဦးဆန်းလှိုင်ဦးက ‌ပြောသည်။

အဆိုပါ လုယက်မှုတွင် သမီးဖြစ်သူ မဝင်းပပ‌ကျော်၏ လည်ပင်းတွင် ဆွဲထား‌သော (၅၄၅,၀၀၀)ကျပ်တန်ဖိုးရှိ ၅ မူးသား ‌ရွှေဆွဲကြိုးအား ဖြတ်လုကာ ထွက်‌ပြေးသွား‌ကြောင်း ၎င်းက ဆက်‌ပြောသည်

၎င်းဖြစ်စဉ်အား ခြံပိုင်ရှင် ဦးတင်လှိုင်နှင့် ရပ်ကွက်ရာအိမ်မှူး ဦးထွန်းထွန်းတို့ကို အသိ‌ပေးတိုင်ကြားပြီး‌နောက် ဆွဲကြိုး
ဖြုတ်လုသူ ဦး‌ဝေလင်းအား ဝိုင်းဝန်းဖမ်းဆီးကြပြီး အမှတ်(၃)ရပ်ကွက်ရုံးသို့ ပို့‌ဆောင်ခဲ့ကာ ထိုမှတဆင့် မြဝတီမြို့မ
ရဲစခန်းသို့ အ‌ကြောင်းကြား အပ်နှံခဲ့‌ကြောင်း တာဝန်ရှိသူများက ‌ပြောသည်။

ထိုသို့ ခြိမ်း‌ခြောက်‌ပြောဆို၍ ဆွဲကြိုးဖြုတ်လုခဲ့သူ ဦး‌ဝေလင်းအား အမှုဖွင့်အ‌ရေးယူ‌ပေးပါရန် မဝင်းပပ‌ကျော်၏ ဖခင်ဖြစ်သူက တရားလိုပြုလုပ်တိုင်တန်းသဖြင့် မြဝတီမြို့မရဲစခန်းမှ ဦး‌ဝေလင်း(၃၅နှစ်)ကို (ပ)၁၃၄၆/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ ၄၅၆/၃၈၂ တို့ဖြင့် အမှုဖွင့်အ‌ရေးယူထား‌ကြောင်း သိရသည်။