Home သတင်း မြဝတီ နယ်စပ်ဂိတ်တွင် မြန်မာအလုပ်သမားများ ဖမ်းဆီးခံရမှုနှင့် ‌သောင်တင်‌နေမှုမရှိဟု အလုပ်သမားသံအရာရှိ‌ပြော

မြဝတီ နယ်စပ်ဂိတ်တွင် မြန်မာအလုပ်သမားများ ဖမ်းဆီးခံရမှုနှင့် ‌သောင်တင်‌နေမှုမရှိဟု အလုပ်သမားသံအရာရှိ‌ပြော

1252

ဧပြီ ၂၈ ရက်၊ ၂၀၁၇ ခုနှစ်။ စအိုင်ဆူး

ထိုင်း-မြန်မာနယ်စပ်၊ မဲ‌ဆောက်-မြဝတီနယ်စပ်ဂိတ်တွင် သကြင်္န်ကာလအတွင်း ‌နေရပ်ပြန် မြန်မာအလုပ်သမားများမှ စာ ရွက်စာတမ်း အ‌ထောက်အထားမစုံလင်မှု‌ကြောင့် ဖမ်းဆီးခံရမှုနှင့်‌သောင်တင်‌နေမှုရှိသည်ဟု သတင်းထွက်‌ပေါ်လာမှုမှာ မ ဟုတ်မမှန်‌ကြောင်း လက်ရှိ ၎င်းနယ်စပ်တွင် မြန်မာအလုပ်သမားအ‌ရေး ကွင်းဆင်း‌ဆောင်ရွက်‌နေသည့် ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိ (၂) ဦး‌အောင်ကိုသန်းက ‌ကေအိုင်စီသို့ ယ‌နေ့တွင် ‌ပြောသည်။

သကြင်္န်ကာလ အလုပ်ပိတ်ရက်ပြန် မြန်မာအလုပ်သမားများ သကြင်္န်ပြီးကာလ ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်‌ရောက် အလုပ် လုပ်ကိုင်ရာတွင် စာရွက်စာတမ်းအ‌ထောက်အထား မစုံလင်မှုများ‌ကြောင့် နယ်စပ်ဂိတ်များတွင်‌သောင် တင်‌နေမှုနှင့် ဖမ်းဆီးခံရမှု မရှိ‌ကြောင်း၊ ၎င်းအလုပ်သမားများ အခက်အခဲ မရှိ‌အောင် ၎င်းတို့ကိုယ်တိုင် ကွင်းဆင်းညှိနှိုင်း ‌ဆောင်ရွက်‌ပေး‌နေသည်ဟု အလုပ်သမား သံအရာရှိ(၂) ဦး‌အောင်ကိုသန်းက ‌ပြောသည်။

သူက “ကျ‌နော် သိသ‌လောက်‌တော့ ဒီ‌နေရာမှာ ကျ‌နော်လည်း‌တောက်‌လျှောက် ဟိုဘက် ဒီဘက်လုပ်‌နေတာပဲ။ ‌သောင် တင်တာ‌တော့မရှိပါဘူး။ မ‌နေ့က အဖမ်းအဆီးခံရတဲ့သတင်းမျိုး‌လေးကြားရ‌တော့ ကျ‌နော်က တာဝန်ရှိတဲ့ ထိုင်း လဝက ဘက်ကို‌မေးတယ်။ သူတို့ဘက်က အလုပ်သမားအ‌ထောက်အထားမစုံလင်လို့ ဖမ်းထားတာမျိုး မရှိဘူးလို့ သိရပါတယ်။ ရာဇဝတ်မှု‌တွေ‌ကြောင့် အဖမ်းခံရတာမျိုး‌တော့ ရှိ‌ကောင်းရှိမယ်”ဟု ‌ပြောသည်။

ထိုသို့ အလုပ်သမားများ အ‌ထောက်အထားစာရွက် စာတမ်းမခိုင်လုံလျှင်ဖြစ်‌စေ၊ ၎င်းအလုပ်သမားများ ကြုံ‌တွေ့ ‌နေရသည့် အခက်အခဲပုံစံအမျိုးမျိုးအ‌ပေါ်တွင် ဆက်သွယ်အကူအညီ‌တောင်းခံခြင်းနှင့် ကိုယ်တိုင်လာ‌ရောက် အကူအညီ ‌တောင်းခံ လျှင် ဖြစ်‌နေသည့် အခက်အခဲအ‌ပေါ်မူတည်ပြီး သက်ဆိုင်ရာဌာနများနှင့်ညှိနှိုင်း‌ဆောင်ရွက်‌ပေး‌နေသည်ဟု ဦး‌အောင်ကို သန်းက ဆက်‌ပြောသည်။

ထိုင်းနိုင်ငံအတွင်း အလုပ်သမား ပတ်စ်ပို့ (VISA NON-LA) နှင့် ပန်း‌ရောင်ကတ်ကိုင်‌ဆောင်ထားသူ မြန်မာ‌ရွှေ့ ‌ပြောင်း အလုပ်သမားများအ‌နေဖြင့် နှစ်သစ်ကူးသကြင်္န်ကာလ ဧပြီလ ၅ ရက်မှ ၃ဝရက်‌နေ့အထိ ဗီဇာဆိုင်ရာ အ‌ထွေ‌ထွေ ကုန်ကျစရိတ် ကင်းလွတ်ခွင့်နှင့် အဖမ်းအဆီးမရှိဘဲ‌နေရပ်ပြန်နိုင်သည့် အထူးအခွင့်အ‌ရေးကို ထိုင်းအစိုးရက မတ် ၁၄ ‌နေ့က တရားဝင် ထုတ်ပြန်‌ကြေညာခဲ့သည်။

အဆိုပါ ‌နေရပ်ပြန် အလုပ်သမားများ အခက်အခဲမရှိ‌အောင် မြန်မာနိုင်ငံ အလုပ်သမား၊ လူဝင်မှုကြီးကြပ်‌ရေး နှင့်ပြည်သူ့ အင်အားဝန် ကြီးဌာနနှင့် ထိုင်းနိုင်ငံ ဆိုင်ရာအလုပ်သမားသံအရာရှိ(၁) ဦးမိုး‌အောင်ခိုင်တို့၏ ကွပ်ကဲမှုဖြင့် ဧပြီလ ၁၄ ရက်‌နေ့မှ ၂၁ ရက်‌နေ့တွင် အလုပ်သမားသံအရာရှိ (၄) ဦးနိုင်မင်းသူနှင့် သံအရာရှိ(၅) ဦး ‌အောင်ခင်မြင့်တို့ လာ‌ရောက် ကွင်းဆင်း ကူညီ‌ဆောက်ရွက်‌ပေးပြီး ဧပြီလ ၂၁ ရက်‌နေ့မှ ယခုလကုန်အထိ အလုပ်သမားသံ အရာရှိ(၂) ဦး‌အောင်ကိုသန်းမှ တာဝန်ယူလုပ်‌ဆောင်‌နေခြင်းဖြစ် သည်။

အလုပ်သမားများဆိုင်ရာ ဥပ‌ဒေနှင့်အညီ လူမှုကူညီ‌ရေးအ‌ထွေ‌ထွေအဖွဲ့မှ မန်း‌နေဂျင်း ဒါရိုက်တာ ကိုသားကြီးက “အခု လက်ရှိ အစ်ကိုတို့ရုံးမှာ တရားဝင်အလုပ်လုပ်ခွင့် (Work Permit) မရှိလို့‌သောင်တင်‌နေတဲ့ အမျိုးသမီးအလုပ်သမား တချို့ကို ကူညီ‌ပေးဖို့သူတို့ရဲ့အလုပ်ရှင် သူ‌ဌေး‌တွေနဲ့ဆက်သွယ်‌ပေး‌နေတယ်။ လက်ရှိ အလုပ်သမား‌တွေ နယ်စပ်မှာ ‌သောင် တင်တာ မရှိဘူးလို့ ‌ပြောတာ‌တော့ရှုတ်ချတယ်။ လက်ရှိက လုံးဝ အစ်ကိုတို့ ‌ရွှေ့‌ပြောင်း အလုပ်သမား‌တွေ ‌သောင်တင်‌နေတာ” ဟု ‌ကေအိုင်စီသို့ ယ‌နေ့တွင် ‌ပြောသည်။

ထိုင်းအစိုးရမှ တရားဝင်အ‌ထောက်အထားပြည့်စုံသူ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများကို သကြင်္န်ကာလ အတွင်း ‌နေရပ်ပြန်နိုင်‌ရေးအတွက် ဧပြီလ ၅ ရက်မှ ၃ဝ ရက်‌နေ့အထိ တရားဝင်နယ်စပ်ဂိတ်များတွင် ဝင်ထွက်သွား လာခွင့်ပြုထား ‌သော်လည်း ထိုင်းဘက်ခြမ်းရှိ နမ့်ပကုပ်နယ်စပ်ဂိတ်မှဖြတ်သန်းခွင့်မပြုသည့်အတွက် ပြီးခဲ့သည့်အပတ်က မြန်မာ‌ရွှေ့ ‌ပြောင်းအလုပ်သမားများရာနှင့်ချီပြီး ထိုင်း-မြန်မာ နယ်စပ်ဘုရားသုံးဆူတွင် ခရီးကြန့်ကြာမှုှု ဖြစ်ပွားခဲ့‌သေးသည်ဟု သိရသည်။

ထိုင်းနိုင်ငံတွင် တရားဝင် အလုပ်လုပ်ကိုင်‌နေကြသည့် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား စုစု‌ပေါင်း ၁,၇၉၅,၀၆၆ဦး ရှိသည်ဟု ထိုင်းနိုင်ငံ အလုပ်သမား ရှာ‌ဖွေ‌ရေးရုံး၏ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ထုတ်ပြန်ချက်အရ သိရသည်။