Home သတင်း နယ်စပ်ကရင်ဒုက္ခသည်များအတွက် ကရင်ဘာသာ‌ရေး‌ခေါင်း‌ဆောင်များမှ သ‌ဘောတူညီချက် ၃ ချက်ချမှတ်

နယ်စပ်ကရင်ဒုက္ခသည်များအတွက် ကရင်ဘာသာ‌ရေး‌ခေါင်း‌ဆောင်များမှ သ‌ဘောတူညီချက် ၃ ချက်ချမှတ်

2268

ဧပြီလ ၂၈ ရက်၊ ၂၀၁၇ ခုနှစ်။ စဖန်း‌ရှောင်း

ထိုင်း-မြန်မာနယ်စပ် နယ်စပ်ဒုက္ခသည်စခန်းများရှိ ဒုက္ခသည်များအတွက် ကရင်အမျိုးသားဘာသာ‌ရေး ‌ခေါင်း‌ဆောင်များမှ အချက် သုံးချက်ပါ‌သော သ‌ဘောတူညီချက်ကို ယ‌နေ့(ဧပြီ ၂၈) ဖားအံမြို့တွင်ပြုလုပ်သည့် ကရင် ဒုက္ခသည်များ အနာဂတ်အတွက် ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲမှ သ‌ဘောတူညီချက်များ ရရှိခဲ့ကြ‌ကြောင်း သိရသည်။

နယ်စပ်ဒုက္ခသည်အ‌ရေးဆိုင်ရာများနှင့်ပတ်သက်ပြီး ကရင်ဒုက္ခသည်‌ကော်မတီ-KRC ၊ ဘာသာ ‌ပေါင်းစုံမှ ကရင်ဘာသာ‌ရေး‌ခေါင်း‌ဆောင်နှင့် ကရင်အမျိုးသားအစည်းအရုံး -KNU တို့ ပထမအကြိမ်အဖြစ် ဖားအံမြို့ရှိ အဂင်္လီကန်သာသာနာဝင်းအတွင်း ပြုလုပ်သည့်‌တွေ့ဆုံ‌ဆွေး‌နွေးပွဲမှ ယခုလို သ‌ဘောတူညီချက်များ ချမှတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

KRC ဥက္ကဌဖြစ်သူ ‌စော‌ရောဘတ်‌ထွေးက “ကျ‌နော်တို့ တကယ်ပြန်လာရလို့ရှိရင် အကူအညီက‌တော့လိုတယ်။ အကူအညီအ‌နေနဲ့က‌တော့ အခု NGO တို့ CBO တို့နဲ့ဆို‌တော်‌တော်ခက်တယ်။ ဘာသာ‌ရေးအသင်း‌တော်‌တွေ အ‌နေနဲ့လည်းဒုက္ခသည်‌တွေကို ကူညီဖို့တကယ်စိတ်ဓာတ်ရှိတယ်။ အဲဒီ‌တော့ ဒီအခက်အခဲကို တစ်ဖက်တစ် လမ်းနဲ့ကူညီ‌ပေးနိုင်ဖို့ အခုလို‌တွေ့ဆုံပြီး ဒီလိုသ‌ဘောတူညီချက်‌တွေ ချနိုင်ခဲ့ တာဖြစ်တယ်”ဟု‌ပြောသည်။

‌ဆွေး‌နွေးပွဲမှရရှိလာသည့်သ‌ဘောတူညီချက်များမှာ ဘာသာ‌ရေး‌ခေါင်း‌ဆောင်များမှ ဒုက္ခများ၏ အ‌ခြေအ‌နေ အရပ်ရပ်ကို ‌စောင့်ကြည့်သွားရန်၊ ဒုက္ခသည်ပြဿနာများ ‌ပေါ်‌ပေါက်လာလျှင်အ‌ရေး ‌ပေါ်ကူညီရန်၊ ဒုက္ခသည်များ၏ ‌ရေရှည် အနာဂတ်အတွက် ပြီးပြတ်သည်အထိ ဘာသာ‌ရေး‌ခေါင်း‌ဆောင်များမှ ပူး‌ပေါင်းပြီး ‌ရှေ့ ဆက်လုပ်‌ဆောင်သွားရန်တို့ ဖြစ်သည်။

ဘာသာ‌ရေး‌ခေါင်း‌ဆောင် အများစုပါဝင်သည့် ‌ဆွေး‌နွေးပွဲကို ဖားအံရှိ ခရစ်ယာန်သာသနာဂိုဏ်းများဖြစ်သည့် ရိုမန်ကက်သလစ်၊ ဗုဒ္ဓဘာသာ၊ နှစ်ခြင်းသာသနာ၊ သတ္တမ‌နေ့ဥပုတ်အသင်း‌တော်များမှ ဘာသာ‌ရေး ‌ခေါင်း‌ဆောင်များ၊ KNU မှ ဗဟို အမြဲတမ်း‌ကော်မတီဝင် ပဒို‌စောအားတိုးတို့အပါအဝင် ဘာသာ‌ရေး‌ခေါင်း‌ဆောင် ၅ဝ ‌ကျော် တက် ‌ရောက် ‌ဆွေး‌နွေးခဲ့ကြခြင်းဖြစ်သည်။

‌ဆွေး‌နွေးပွဲတွင် ဒုက္ခသည်များ ‌နေရပ်ပြန်လာမည်ဆိုပါက ဘာသာ‌ရေး‌ခေါင်း‌ဆောင်များဘက်မှ မည်သို့အကူ အညီ‌ပေးနိုင် မည့် စသည့်ကိစ္စရပ်များကို အဓိကထား‌ဆွေး‌နွေးခဲ့ကြသလို ဒုက္ခသည်အ‌ရေး ဆိုင်ရာများနှင့်ပတ် သက်ပြီး ဘာသာ‌ရေး ‌ခေါင်း‌ဆောင်များ၏ သ‌ဘောထားနှင့် ပတ်သက်၍ ဖားအံရှိအဂင်္လီကန်အသင်း‌တော်မှ ဘီ‌ရှော့ဖြစ်သူ ဆရာ‌တော်‌စောစတိုင်လိုက ယခုလို‌ပြောသည်။

“ နယ်စပ်‌ရော ကရင်ပြည်နယ် မှာရှိတဲ့ အထူးသဖြင့်ကရင် ဒုက္ခသည်‌တွေအ‌နေနဲ့သူတို့‌တွေက နှစ်‌ပေါင်းများစွာ ဒုက္ခ ခံစား‌နေကြရတယ်။ သူတို့ခံစား‌နေရတဲ့ဒုက္ခ‌တွေကို အမျိုးသားရှု‌ထောင့်အ‌နေနဲ့ဖြစ်ဖြစ် ဘာသာ‌ရေးရှု‌ထောင့်နဲ့ဖြစ်ဖြစ် တစ်ဖက် တစ်လမ်းက‌နေကူညီဖို့ ဘာသာ‌ရေး‌ခေါင်း‌ဆောင်‌တွေအ‌နေ နဲ့ တာဝန်ရှိတယ်လို့ယူဆလို့ဖြစ်ပါတယ်”ဟု ၎င်းက ‌ပြောသည်။

ယခုပြုလုပ်သည့် ဒုက္ခသည်အ‌ရေးကိစ္စရပ်များဆိုင်ရာ ‌ဆွေး‌နွေးပွဲမှာ KRC ၊ KNU နှင့်ဘာသာ‌ရေး ‌ခေါင်း ‌ဆောင်တို့ ပထမ အကြိမ်ဖြစ်သည့်အတွက် သ‌ဘောတူညီချက်များသာချမှတ်နိုင်ခြဲ့ပီး ‌ရှေ့ဆက် လုပ်‌ဆောင်မည့် လုပ်ငန်းစဉ်များ ထပ်မံပြုလုပ်မည့်‌ဆွေး‌နွေးပွဲများနှင့်ပတ်သက်ပြီး ချမှတ်နိုင်ခြင်းမရှိ‌သေးဘဲ လာမည့် ‌တွေ့ဆုံ ‌ဆွေး‌နွေးပွဲများမှသာ ဆက်လက်အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း KRC မှ ‌ပြောဆိုသည်။

ထို့အပြင် ဒုက္ခသည်များအတွက် ရိက္ခာပံ့ပိုးမှု၊ ပညာ‌ရေး၊ ကျန်းမာ‌ရေး၊ ဆက်သွယ်‌ရေး၊ လုံခြုံ‌ရေး၊ စီမံခန့်ခွဲ‌ရေးနှင့် လုပ်သားလစာကူညီ‌ပေးမှုများတွင် နိုင်ငံတကာမှအကူအညီများတစ်စထက်တစ်စ ‌လျော့ပါး လာ‌နေသဖြင့် ပထမဆုံး အကြိမ်အဖြစ် နို့ဖိုးဒုက္ခသည်စခန်းမှ ဒုက္ခသည် ၆၅ ဦး ‌နေရပ်ပြန် လည်အ‌ခြေချမှုများ လည်းရှိခဲ့သည်။

ယင်းအ‌ခြေအ‌နေများ‌ကြောင့် ဒုက္ခသည်များ မိမိဆန္ဒအ‌လျောက်‌နေရပ်ပြန်မည်ဆိုပါက ကူညီ‌ပေးနိုင်ရန်အတွက် KRC ၊ KNU အပါအဝင် နယ်စပ်ရှိကရင် လူမှုအဖွဲ့အစည်းများ၊ ဒုက္ခသည်စခန်း ၇ ခုမှ စခန်း‌ကော်မတီဝင်များ၊ KNU ခရိုင် ၇ ခုမှ ခရိုင်အတွင်း‌ရေးမှူးများပါဝင်သည့် Committee for Refugee Return (CRR) ‌ကော်မတီကိုအဖွဲ့ဝင် ၃၇ ဦးဖြင့် ဇန်နဝါရီလ ၂၆ ရက်‌နေ့က ဖွဲ့စည်းထားမှုများလည်းရှိခဲ့သည်။

KRC ၏ ၂၀၁၇ ခုနှစ်၊ မတ်လ စာရင်းအရ ၎င်းတို့ကွပ်ကဲမှု‌အောက်ရှိ ဒုက္ခသည်စခန်း ၇ခုဖြစ်သည့် ထမ့်ဟင်ဒုက္ခ သည်စခန်းတွင် ဒုက္ခသည်ဦး‌ရေ ၇၆၃၃ ဦး၊ ဘန့်ဒုံယမ်းတွင် ၃၀၃၇ဦး၊ နို့ဖိုးတွင် ၁၁၆၆၂ ဦး၊ အုန်းဖျန်တွင် ၁၀၈၈၅ ဦး ၊ မယ်လတွင် ၃၈၃၈ဝဦး၊ မယ်ရာမိုတွင် ၁၁၂၂၅ဦး၊ မယ်လအူး တွင် ၁၀၅၉ဝ ဦးတို့ရှိပြီး ယင်းဒုက္ခသည်တွင် ကရင်ဒုက္ခသည်ဦး‌ရေမှာ စခန်းအားလုံး၏ ၇၅ ရာခိုင်နှုန်းရှိသည်။