Home သတင်း ကရင်ပန်းချီဆရာတစ်ဦး တစ်ကိုယ်‌တော်ပန်းချီပြပွဲ မဲ‌ဆောက်မြို့တွင် ပြုလုပ်မည်

ကရင်ပန်းချီဆရာတစ်ဦး တစ်ကိုယ်‌တော်ပန်းချီပြပွဲ မဲ‌ဆောက်မြို့တွင် ပြုလုပ်မည်

2045

ဒီဇင်ဘာ ၃ရက်၊ ၂၀၁၄ခုနှစ်။ စဖန်း‌ရှောင်း

ထိုင်း-မြန်မာနယ်စပ်တွင် လက်ရှိ‌နေထိုင်‌နေသည့် ကရင်ပန်းချီဆရာ ‌စောဖိုးဒါး၏ တစ်ကိုယ်‌တော် ပန်းချီပြပွဲကို မဲ‌ဆောက်မြို့၊ အမှတ် ၆၇၄/၁၄ Intharakeeree လမ်းရှိ The Borderline Women’s Collective’ Gallery and Teashop တွင် ဒီဇင်ဘာ ၄ရက်မှ ၁၈ရက်‌နေ့အထိ ပြသသွားမည်ဖြစ်‌ကြောင်း ‌စောဖိုးဒါးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကျ‌နော်ဟာ ကရင်လူမျိုးတစ်‌ယောက်ဖြစ်တဲ့အတွက် ကရင်နဲ့သက်ဆိုင်တဲ့ အ‌ကြောင်းအရာ‌တွေကို ပြသချင်တာလည်း ပါ တယ်။ ‌နောက်ပြီး The Borderline Gallery အဖွဲ့ဝင် တစ်‌ယောက်အ‌နေနဲ့ ဒီနှစ်ဟာ ကျ‌နော်အလှည့်ပြသဖို့ ဖြစ်လာတာ‌ကြောင့် အခုလို ပြသဖြစ်ရခြင်းဖြစ်ပါတယ်”ဟု ‌စောဖိုးဒါးက ‌ပြောသည်။

ပြပွဲရက်အတွင်း နံနက် ၆နာရီမှ ည ၉နာရီအထိ ပြသသွားမည့် အဆိုပါ တစ်ကိုယ်‌တော်ပန်းချီပြပွဲတွင် ‌စောဖိုးဒါးက ‌တောင်သူ လယ်သမားများဘဝ၊ နယ်စပ်‌နေ ‌ရွှေ့‌ပြောင်းမြန်မာများ၏ ဘဝပုံရိပ်များအပြင် ကရင်လူမျိုးတို့၏ လူ‌နေမှုဘဝများကို ထင်ဟပ်‌စေ သည့် ပန်းချီကား (၁၀)ကားအထိ အဓိက ထည့်သွင်းပြသသွားမည်ဖြစ်ပြီး စုစု‌ပေါင်း ပန်းချီကား (၂၁)ကားဖြင့် ပြသထားမည်ဖြစ် သည်ဟု သူက ဆက်‌ပြောသည်။

ပန်းချီကားအမျိုးအစားများအ‌နေဖြင့် ဆီ‌ဆေး နှင့် Acrylic အမျိုးအစားများ ပါဝင်မည်ဖြစ်ပြီး အရွယ်အစားအရ ၁၄ x ၁၅ လက်မ (14″ 15″)အရွယ် ပန်းချီကား အများဆုံးပါဝင်မည်ဖြစ်ကာ ‌ရောင်း‌ဈေးမှာ ထိုင်းဘတ်‌ငွေ ၁၅၀ဝ မှ ၄၀၀ဝ အထိ သတ်မှတ်ထား ‌ကြောင်း သိရသည်။

ပန်းချီလုပ်ငန်း လုပ်ကိုင်ရသည့် အ‌ခြေအ‌နေများ၊ ‌ရှေ့ဆက်မည့် ‌မျှော်မှန်းချက်များအတွက် ‌စောဖိုးဒါးက “ကျ‌နော်ပန်းချီ စဆွဲလာ တာ ၁၂နှစ်‌လောက်ရှိပြီ အရင်ကထက်စာရင် ကရင်ပန်းချီဆရာ‌တွေ တစ်‌ယောက်နဲ့တစ်‌ယောက် ချိတ်ဆက်မှု အား‌ကောင်းပြီး ပိုမို‌ဆောင်ရွက်လာနိုင်တယ်။ ‌ရှေ့ဆက်လုပ်နိုင်‌အောင်လည်း ကြိုးစားသွားမယ်”ဟု ဖြည့်စွက်‌ပြောဆိုသည်။

‌စောဖိုးဒါးသည် ရန်ကုန်ရှိ ပန်းချီပန်းပု‌ကျောင်းဆင်းတစ်ဦးဖြစ်ပြီး ၎င်း၏ပန်းချီကားများကို အ‌မေရိကန်နိုင်ငံ၊ ဩစ‌တေးလျား၊ က‌နေဒါ စသည့်အ‌နောက်နိုင်ငံများတွင် သွား‌ရောက်ပြသဖူးသလို ရန်ကုန်နှင့် ဖားအံမြို့များ၌ ပြုလုပ်သည့် ပန်းချီပြပွဲများ၌လည်း ပါဝင်ပြသခဲ့ရာ ယခုဆိုလျှင် တစ်ကိုယ်‌တော်ပြပွဲ (၅)ကြိမ်ရှိပြီဖြစ်သည်။

အလားတူ ပြီးခဲ့သည့် နိုဝင်ဘာလ ၇ရက်‌နေ့ကလည်း ဖားအံမြို့တွင် “ကရင်ဒိုင်ယာရီ” အမည်ဖြင့် ကရင်ပန်းချီဆရာ ၄၁ဦးက ပန်းချီကားချပ် ၇ဝဖြင့် ပြပွဲတစ်ခု ပြုလုပ်ခဲ့‌သေးသည်။