Home အယ်ဒီတာ့အာဘော် အယ်ဒီတာ့အာ‌ဘော်

အယ်ဒီတာ့အာ‌ဘော်

1858

တရားမျှတသည့် ‌မျှော်လင့်ချက်မရှိက ဧကန် မငြိမ်းချမ်းနိုင်

“တရားမျှတမှုအတွက် ‌မျှော်လင့်ချက်သာ ‌ပေးပါ”ဟူ‌သော အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ(WLB)၏ နိုဝင်ဘာလ ၂၄ရက်‌နေ့ ထုတ် အစီရင်ခံစာတွင် မြန်မာ့တပ်မ‌တော်သားများက တိုင်းရင်းသားပြည်နယ်‌ဒေသများအတွင်း လိင်အကြမ်းဖက်မှုများကို ကျယ်ပြန့်စွာ ကျူးလွန်လျှက်ရှိ‌ကြောင်း ထုတ်ပြန်‌ကြေညာခဲ့သည်။ မြန်မာနိုင်ငံတွင် ၂၀၁ဝခုနှစ်က ယခုနှစ်အထိ အပစ်ခတ်ရပ် ‌ဒေသများနှင့် အပစ်ရပ်မထားသည့် ‌ဒေသများဖြစ်သည့် ကချင်၊ ကရင်၊ ရှမ်း၊ မွန်ပြည်နယ်များတွင် လိင်အကြမ်းဖက်မှုများ ဖြစ် ပျက်လျှက်ရှိရာ အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှု၊ မုဒိမ်းမှုနှင့် လိင်အကြမ်းဖက်မှုပြုရန် ကြိုးပမ်းမှု‌ပေါင်း ၁၁၈မှုကိုသာ WLB က မှတ်တမ်း တင်ကာ မြန်မာလူထုနှင့် ကမ္ဘာ့လူထုသိ‌အောင် ထုတ်‌ဖော်လိုက်သည်မှာ မြန်မာ့နိုင်ငံ‌ရေး အ‌ပြောင်းအလဲ၏ တစိတ်တပိုင်းကို မီး‌မောင်းထိုးလိုက်ခြင်းသာဖြစ်သည်။

နိုဝင်ဘာလ ၂၅ရက်‌နေ့သည် နိုင်ငံတကာ အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှုကို ဆန့်ကျင်သည့်‌နေ့ (International Violence Against Women Day) ဖြစ်သည်နှင့်အညီ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပ‌ပျောက်‌ရေး ကုလသမဂ္ဂ၏ သ‌ဘောတူစာချုပ်(CEDAW) ကို ၁၉၉၇ခုနှစ်က မြန်မာနိုင်ငံသည် လက်မှတ်‌ရေးထိုးထားခဲ့သည်။ သို့ရာတွင် မိမိတို့ တိုင်းရင်းအ မျိုးသမီးများကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့် နှိပ်စက်ခံရမှုများက ကာကွယ်ဟန့်တား‌ပေးမှု အားနည်း‌နေ‌သေး သည့်အပြင် လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူများကိုလည်း ထိ‌ရောက်စွာ အ‌ရေးယူ‌ပေးနိုင်ခြင်း မရှိ‌သေးသည်မှာ မြန်မာ့ငြိမ်း ချမ်း‌ရေး၏ အဆင့်ဆင့်‌သော ‌ခြေလှမ်းများစွာအတွက် ဝမ်းနည်းဖွယ်ရာဖြစ်‌နေ‌ပေသည်။

“ကြီးသူရို‌သေ၊ ရွယ်တူ‌လေးစား၊ ငယ်သူကိုသနား”ဟူ‌သော လူ့ကျင့်ဝတ်ဆိုင်ရာ ‌ဆောင်ပုဒ် ရှိခဲ့‌သော်ငြား ယ‌နေ့မျက်‌မှောက် မြန် မာ့လူမှုအသိုင်းအဝိုင်းတွင် လူ‌နေမှု ချွတ်ခြုံကျကာ စိတ်ဓာတ်အရာ နိမ့်ပါးပျက်စီးလာ‌နေပြီး အမျိုးသမီးများအ‌ပေါ် ခွဲခြားဆက်ဆံ ‌နေမှုများမှာ ဆက်လက် ဖြစ်ရှိ‌နေဆဲပင်ဖြစ်သည်။ ထိုအ‌ခြေအ‌နေများကို တွန်းလှန်‌သောအားဖြင့် မြန်မာအမျိုးသမီးအင်အားစု အဖွဲ့များက နှစ်ရှည်လများစွာ ဆုံးရှုံး‌နေရသည့် မိမိတို့တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပါအဝင် လူ့ဂုဏ်သိက္ခာနှင့်ညီ ‌သော အမျိုးသမီးအခွင့်အ‌ရေးအတွက် ‌တောင်းဆိုတိုက်ပွဲဝင်‌နေကြသည်။

မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြား အပစ်ရပ်‌ရေး ‌ဆွေး‌နွေး‌နေစဉ် ကာလအတွင်း တိုင်းရင်းသား‌ဒေသ များရှိ ဧရာမဖွံ့ဖြိုး‌ရေးစီမံကိန်းများ၏ သက်‌ရောက်မှု‌ကြောင့် စစ်တပ်စိုးမိုးမှု၊ ဆင်းရဲမွဲ‌တေမှု၊ လိင်အကြမ်းဖက်မှုတို့ ဖြစ်‌ပေါ်‌စေခဲ့ သည်။ ထို့အတွက် လူထုနှင့် လူ့အခွင့်အ‌ရေး ကာကွယ်‌စောင့်‌ရှောက်သူများအား ‌စော်ကားမှု၊ အခွင့်အ‌ရေး ချိုး‌ဖောက်ခံရမှုများ ဖြစ်‌ပေါ်‌စေသည်သာမက မြန်မာ့နိုင်ငံ‌ရေး အ‌ပြောင်းအလဲတွင် အမျိုးသမီးများ၏အသံ ကင်းမဲ့‌နေသည်မှာလည်း ၎င်းတို့၏အ‌ခြေခံ အခွင့်အ‌ရေး ‌တောင်းဆိုမှုကို ဆက်လက် ငြင်းပယ်ခံ‌နေရသည့်သဏ္ဍာန် ‌ပေါ်လွင်‌နေ‌စေသည်။

လက်ရှိ အစိုးရသွား‌နေသည့် ငြိမ်းချမ်း‌ရေးလမ်း‌ကြောင်းမှာ အမျိုးသမီးများ၏ ဘဝအာမခံချက်အတွက် ထူးမခြားနားသည့်အပြင် ပိုမိုဆိုးရွားလာသည့်အသွင်ဘက်ကို မဖြစ်လာနိုင်ဟုလည်း တထစ်ချ ယုံကြည်စိတ်ချ၍ မရ‌သေး‌ပေ။ ထိုအ‌ခြေအ‌နေများမှ လွတ် ‌မြောက်‌စေရန်အလို့ငှာ အမျိုးသမီးအဖွဲ့များက မြို့နယ်‌ကျေးရွာ၊ ဒုက္ခသည်စခန်းများပါမကျန် နိုဝင်ဘာ ၂၅ရက်မှ ဒီဇင်ဘာ ၁ဝ ရက်‌နေ့အထိ တစ်ဆယ့်‌ခြောက်ရက်တာ လှုပ်ရှားမှုများကို လိုက်လံလုပ်‌ဆောင်လျှက်ရှိ‌နေသည်။ သို့ဖြစ်‌ပေရာ အိမ်တွင်းငြိမ်း ချမ်း‌ရေးမှသည် ငြိမ်းချမ်း‌သောကမ္ဘာသစ်ကို တည်‌ဆောက်ရာတွင် မြန်မာ့လူမှုအသိုင်းအဝိုင်းအတွင်းရှိ မိသားစုတိုင်းက ကျား၊ မ လူကြီးလူငယ် အရွယ်မ‌ရွေး စိတ်တူကိုယ်တူ နားလည်ယုံကြည် လက်ခံလိုက်နာရင်း ပါဝင်‌ဆောင်ရွက်သွားကြမှသာ မိမိတို့ အသက်တာအတွက် စစ်မှန်ခိုင်မြဲမဲ့ ငြိမ်းချမ်းမှုကို ရရှိခံစားသွားနိုင်လိမ့်မည် ဖြစ်‌ပေသည်။