Home သတင်း ‌ကေအဲန်ယူ သစ်‌တောဋ္ဌာန တာဝန်ခံများ သစ်‌တောလုပ်ငန်းဆိုင်ရာ ‌ဆွေး‌နွေးပြီးစီး

‌ကေအဲန်ယူ သစ်‌တောဋ္ဌာန တာဝန်ခံများ သစ်‌တောလုပ်ငန်းဆိုင်ရာ ‌ဆွေး‌နွေးပြီးစီး

1700

နိုဝင်ဘာ ၂၈ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ချောင်‌ဖော့

သစ်‌တောဆိုင်ရာ လုပ်ငန်း‌ဆောင်ရွက်ချက်များကို အစီရင်ခံမှုများနှင့် ပြန်လည်သုံးသပ်မှုများကို နိုဝင်ဘာ ၂၄ရက်က ၂၆ရက်‌နေ့ အထိ ‌ကော့ကရိတ်မြို့နယ်၊ မိဖလိုင်း‌ကျေးရွာတွင် ကျင်းပခဲ့‌သော ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)၏ ၁၅ကြိမ်‌မြောက် ကွန်ဂရက်‌နောက်ပိုင်း ‌ကော်သူး‌လေသစ်‌တောဌာန ဒုတိယအကြိမ်‌မြောက် နှစ်ပတ်လည် အစည်းအ‌ဝေး၌ ‌ဆွေး‌နွေးပြီးစီးခဲ့သည်။

၎င်းအစည်းအ‌ဝေးတွင် ယခင်နှစ်က အစည်းအ‌ဝေးဆုံးဖြတ်ချက်များ အ‌ကောင်အထည် မည်မျှ‌ဖော်‌ဆောင်နိုင်မှု၊ ဋ္ဌာနဆိုင်ရာ လုပ်ငန်းများ ပြန်လည်‌ဆွေး‌နွေးသုံးသပ်ခြင်း၊ ဗဟိုမှ ချမှတ်ထားသည့် ‌လေးနှစ်စီမံကိန်းအ‌ပေါ် ခရိုင်၊ မြို့နယ်အားလုံးက အစီအ စဉ်တစ်ခုချင်း အ‌နေအထားများကို ချပြခြင်း၊ ဗဟိုနှစ်ချုပ်အစီရင်ခံစာနှင့် ခရိုင်တစ်ခုချင်းစီ၏ နှစ်ချုပ်အစီရင်ခံစာများ သုံးသပ်အ တည်ပြုခြင်းတို့ကို ‌ဆွေး‌နွေးခဲ့ကြခြင်းဖြစ်‌ကြောင်း ‌ကေအဲန်ယူ ဗဟိုသစ်‌တောဌာန တာဝန်ခံ ပဒိုမန်းဘထွန်းက ‌ပြောသည်။

ပဒိုမန်းဘထွန်းက “သစ်‌တောနဲ့ပတ်သက်ပြီး ခရိုင်၊ မြို့နယ်‌တွေမှာ လုပ်‌ဆောင်သွားဖို့ရှိတာက‌တော့ လူထုနဲ့ ပူး‌ပေါင်းလုပ်‌ဆောင် သွားဖို့၊ သစ်‌တောပြန်လည်ဖွံ့ဖြိုး‌ရေးအတွက် အစီအစဉ်‌တွေ ချထားတာရှိတယ်။ ပြီး‌တော့ သစ်‌တောနဲ့ သားရဲတိရိစ္ဆာန်ထိန်းသိမ်း ‌ရေး အစီအစဉ်‌တွေကို ပိုပြီးချမှတ်ထားတာ ရှိတယ်။ ဒူးပလာယာခရိုင်မှာ တိရိစ္ဆာန်‌ဘေးမဲ့ကြိုးဝိုင်း သု‌တေသနလုပ်ဖို့ ရှိတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။
???????????????????????????????
ယင်းအစည်းအ‌ဝေးသို့ ပဒိုမန်းဘထွန်း အပါအဝင် ‌ကေအဲန်ယူ ဒူးပလာယာခရိုင်၊ ဖားအံခရိ်ုင်၊ ‌တောင်ငူခရိုင်၊ သထုံခရိုင်၊ ‌ညောင် ‌လေးပင်ခရိုင်၊ ဖာပွန်ခရို်င်တို့မှ သစ်‌တောဌာနတာဝန်ခံများ၊ မြို့နယ်သစ်‌တောဌာန တာဝန်ခံများ၊ နယ်စပ်အကူအညီ‌ပေး‌ရေးညွန့် ‌ပေါင်းအဖွဲ့(TBC -The Border Consortium )နှင့် ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှု‌ရေးလုပ်ငန်းကွန်ယက်(KESAN)တို့ စုစု ‌ပေါင်း လူဦး‌ရေ ၆၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။

အစည်းအ‌ဝေးတက်‌ရောက်ခဲ့သည့် ‌ညောင်‌လေးပင်ခရိုင် သစ်‌တောဌာန တာဝန်ခံ ပဒို‌စောစဲ‌ရေ‌ကျော်က “အတီး(ဦး)တို့ ခရိုင်အ ‌နေနဲ့ ကြုံ‌တွေရတဲ့ အခက်အခဲက ဒီအပစ်အခတ်ရပ်စဲ‌ရေး‌နောက်ပိုင်းမှာ‌တော့ သစ်‌တောမှာ ခိုးတာ‌တွေ ဝှက်တာ‌တွေ၊ ပြီး‌တော့ သစ်‌တောစည်းမျဉ်းစည်းကမ်း‌တွေကို နားမလည်တဲ့ စီးပွား‌ရေးလူတန်းစား‌တွေရှိတယ်။ နည်းနည်း‌လေး‌တော့ အခက်အခဲကြုံရ တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ညောင်‌လေးပင်ခရိုင်တွင် နှစ်စဉ်နှစ်တိုင်း သစ်‌တောကြိုးဝိုင်းများ၌ ကျွန်းပင်‌ပေါင်း တစ်‌သောင်းစိုက်ပျိုးခဲ့ပြီး လာမည့် ၂၀၁၄-၂၀၁၅ခုနှစ်တွင်လည်း ကျွန်းပင်‌ပေါင်း ငါး‌သောင်းအထိ စီမံကိန်းများ‌ရေးဆွဲကာ စိုက်ပျိုးသွားရန်ရှိသည်ဟု ‌ညောင်‌လေးပင်ခရိုင်မှ သစ်‌တောမှူး ပဒို‌စောစဲ‌ရေ‌ကျော်က ဆက်‌ပြောသည်။

‌ကေအဲန်ယူ၏ ‌ကော်သူး‌လေသစ်‌တောဌာန ဒုတိယအကြိမ်‌မြောက် နှစ်ပတ်လည်အစည်းအ‌ဝေးသို့ ‌ကေအဲန်ယူ ထိန်းချုပ်ထား သည့် ခရိုင် ၇ခုအနက် ဘိတ်/ထားဝယ်ခရိုင်မှာ တက်‌ရောက်ခဲ့ခြင်းမရှိ‌ပေ။ ပြီးခဲ့သည့် ၂၀၁၂ခုနှစ် ‌ကေအဲန်ယူ ၁၅ကြိမ်‌မြောက် ကွန်ဂရက်ပြီး‌နောက် ‌ကော်သူး‌လေသစ်‌တောဌာန၏ ပထမအကြိမ် နှစ်ပတ်လည်အစည်းအ‌ဝေးကို ၂၀၁၃ခုနှစ်က ‌ကေအဲန်ယူ ဖားအံခရိုင်ရှိ ဗဟိုသစ်‌တောဌာနတွင် ကျင်းပခဲ့ပြီး လာမည့် တတိယအကြိမ်‌မြောက် အစည်းအ‌ဝေးကို သထုံခရိုင်၌ ကျင်းပသွား မည်ဖြစ်‌ကြောင်း ‌ကေအဲန်ယူက ‌ပြောဆိုသည်။