Home ထိပ်တန်းသတင်း သတ်မှတ်ရက်မ‌စေ့ဘဲ ‌ရွှေတူးလုပ်ငန်း အပြီးသတ်ခဲ့ရ

သတ်မှတ်ရက်မ‌စေ့ဘဲ ‌ရွှေတူးလုပ်ငန်း အပြီးသတ်ခဲ့ရ

2104
ဧပြီလ ၂၁ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်နှင့် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်စပ်ရှိ မဲ့ကလယ့်‌လော်‌ချောင်းတွင် ‌ရွှေလာ‌ရောက်တူး‌ဖော်ခဲ့သည့် ရဲထွန်းကုမ္ပဏီနှင့် ကိုချိုကုမ္ပဏီတို့ကို ‌ကေအဲန်ယူ ဖာပွန်ခရိုင်က ၂၀၁၁ခုနှစ်၊ ဇန်နဝါရီလမှ ဧပြီလကုန်အထိ ‌လေးလတာ ‌ရွှေ တူး‌ဖော်ခွင့်‌ပေးခဲ့‌သော်လည်း တိုက်ပွဲ‌ကြောင့် သတ်မှတ်ရက်မ‌စေ့ဘဲ ‌ရွှေတူး‌ဖော်‌ရေးလုပ်ငန်းကို အပြီးသတ်ခဲ့ရသည်ဟု သိရှိရ သည်။

‌ရွှေတူး‌ဖော်ရာ ‌ဒေသအတွင်း လှုပ်ရှား‌နေသည့် ၎င်းတို့တပ်ဖွဲ့နှင့် မြန်မာအစိုးရ စစ်တပ်တို့အကြား မကြာခဏ တိုက်ပွဲဖြစ်ပွား သည့်အ‌ပေါ် ‌ရွှေတူး‌ဖော်‌ရေးလုပ်ငန်းကို အဆိုပါကုမ္ပဏီတို့က ဧပြီလ ၁၅ရက်‌နေ့တွင် ယခုလို အပြီးသတ်ခဲ့ရ‌ကြောင်း ဖာပွန်ခ ရိုင်၊ KNU လက်‌အောက်ခံ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA)ရုံးထိုင်မှုး ဗိုလ်မှူး‌စောကလယ်ဒို့က ‌ကေအိုင် စီကို ‌ပြောသည်။

သူက “အဲဒီ‌ရွှေတူးတဲ့‌နေရာ‌ဒေသ‌တွေမှာရှိတဲ့ ရန်သူတပ်ဖွဲ့(မြန်မာစစ်တပ်)ဟာ ဒီဇန်နဝါရီလကစလို့ တပ်ရိက္ခာပို့‌နေတယ် ‌လေ။ အဲဒီမှာလှုပ်ရှားတဲ့ ကျ‌နော်တို့တပ်ဖွဲ့‌တွေနဲ့ ‌ပြောက်ကျားတိုက်ပွဲဆိုရင် ‌နေ့စဉ် ဆိုသလို ဖြစ်‌နေတယ်။ ‌နောက် ‌ရွှေလာတူး တဲ့ ကုမ္ပဏီကိုယ်တိုင်‌တွေ ‌ပြောတာက‌တော့ သူတို့‌ရွှေတူးတာ မှန်းထားသ‌လောက် မရဘဲ အရှုံး‌ပေါ်‌နေတဲ့အတွက် လုပ်ငန်းကို ရပ်လိုက်တာပဲ။ အခုဆို သူတို့‌ရွှေတူးပစ္စည်း‌တွေ၊ ကား‌တွေလည်း အကုန်ရုပ်သိမ်းလိုက်ပြီ။”ဟု ရှင်းပြသည်။

ယခုနှစ်၌ ‌ရွှေတူး‌ဖော်သည့်‌ဒေသရှိ ဝင်း‌မောင်း(ဝါ့မူ)၊ မ‌လေး‌ကျောက်(မ‌လေးလယ်)နှင့် မဲချို‌ကျေးနယ်အုပ်စုအတွင်း ရွာများ သည့် အရင်နှစ်ထက် ကြီးမားသည့်အခက်အခဲများ မရှိ‌သော်လည်း လူနှင့် ကျွဲ၊ နွားတိရိစ္ဆာန်အတွက် ‌သောက်သုံး‌ရေပြဿနာ နှင့် ရင်ဆိုင်ခဲ့ရသည်ဟု ‌ဒေသခံတဦး၏ ‌ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် ၂၀၁ဝခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလတွင် ‌ရွှေလာ‌ရောက်တူး‌ဖော်ခဲ့သည့် ကုမ္ပဏီမှ ကိုယ်စားလှယ်များက မဲ့က လယ့်‌လော်‌ချောင်းအတွင်း ‌ရွှေတူး‌ဖော်ခွင့်ရရှိရန် ‌ကေအဲန်ယူ ဖာပွန်ခရိုင်နှင့် လာ‌ရောက်တိုင်ပင်ခဲ့ပြီး‌နောက် သ‌ဘောတူညီမှုရရှိ ခဲ့သည်။

ယင်းသ‌ဘောတူညီချက်အရ ကုမ္ပဏီက တစ်လလျှင် ဖာပွန်ခရိုင်၊ ‌ကေအဲန်ယူအား မြန်မာကျပ်‌ငွေ သိန်းတစ်‌ထောင်‌ပေးမည်ဟု ကတိပြုထား‌သော်လည်း ‌ရွှေတူးသည့်အကျိုးအမြတ် အနည်းငယ်သာရရှိသည့်အတွက် ယခုအချိန်ထိ ၎င်းတို့အား အကုန်မ ‌ပေး‌ချေနိုင်‌သေး‌ကြောင်း ဖာပွန်ခရိုင်၊ KNU ရုံးထိုင်မှုး ဗိုလ်မှူး‌စောကလယ်ဒို့က ‌ပြောသည်။

၂၀၁ဝခုနှစ်တွင် DKBA (ယခု BGF)တပ်ဖွဲ့သည် ‌ရွှေတူးသည့်‌နေရာသို့ သွားသည့်လမ်းတ‌လျှောက် ကားလမ်း‌ဖောက်လုပ်ခဲ့သ ဖြင့် မယ်ကလယ့်‌လော်‌ချောင်းကမ်းပါး‌ပေါ်တွင် စုပုံထား‌သောသဲ‌မြေများ‌ကြောင့် အဆိုပါ‌ဒေသရှိ ဝင်း‌မောင်း(ဝါ့မူ)၊ မဲချိုနှင့် မ‌လေး‌ကျောက်(မ‌လေးလယ်) ‌ကျေးနယ်၌ ဧက ၄၀ဝခန့်ရှိ လယ်ကွင်း ၈၅ကွင်း ပျက်စီးခဲ့သည်။