Home ထိပ်တန်းသတင်း ‌ဝေါ်‌လေရွာသားတစ်ဦး မိုင်းနင်းမိ၍ ‌သေဆုံး

‌ဝေါ်‌လေရွာသားတစ်ဦး မိုင်းနင်းမိ၍ ‌သေဆုံး

1504
ဧပြီလ ၂၁ရက်။ နန်းထူးစံ (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်းရှိ ‌ဝေါ်‌လေ‌ကျေးရွာတွင် ‌နေထိုင်သည့် ရွာသားတစ်ဦးသည် ပြီးခဲ့‌သော ၁၉ရက်‌နေ့(အဂင်္ါ‌နေ့)၌ ရွာနှင့်မနီးမ‌ဝေးရှိ ထီးသဲလယ်‌ဒေသတွင် သစ်တိုက်ရန်သွားရင်း မိုင်းတစ်လုံးနင်းမိကာ ‌သေဆုံးသွားခဲ့‌ကြောင်း ရွာသူတစ်ဦး၏ ‌ပြော ပြချက်အရ သိရသည်။

၎င်းရွာသူက “ပြီးခဲ့တဲ့ အဂင်္ါ‌နေ့က ‌ထော်လာဂျီကားတစ်စီးနဲ့ ထီးသဲလယ်ဘက်ကို သစ်တိုက်ဖို့သွားတာ အဲဒီမှာ မိုင်းနင်းမိသွားတာ။ ‌ခြေနှစ်ဖက်စလုံး ပြတ်သွားတယ်။ သူ့ကို ဗမာစစ်သား‌တွေက ဗျူဟာကုန်းမှာ သယ်သွားပြီး‌တော့ တနာရီ‌လောက်ပဲ ကြာမယ်ထင် တယ်။ ဒဏ်ရာက ပြင်းထန်‌တော့ ဆုံးသွားတယ်။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

အဆိုပါ‌သေဆုံးသွားသူ အသက် ၅ဝအရွယ်ရှိ ‌စောကြည်သန်းသည် ‌ဝေါ်‌လေ‌ကျေးရွာ ရပ်ကွက်(၆)တွင် ‌နေထိုင်ပြီး သူ၏ရုပ်အ ‌လောင်းကို ကျန်ရစ်သူမိသားစုနှင့်အတူ နီးစပ်ရာ ‌ဆွေမျိုး၊ မိတ်‌ဆွေများက အသုဘချ‌ပေးခဲ့ကြသည်ဟုလည်း သူမက ‌ပြောသည်။

‌ဝေါ်‌လေ‌ဒေသတွင် လက်ရှိ နယ်ခြား‌စောင့်တပ်ကို လက်မခံသည့် တိုးတက်‌သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်ဖွဲ့(DKBA)၊ KNU တပ်ဖွဲ့များနှင့် မြန်မာစစ်တပ်တို့ လှုပ်ရှားလျှက်ရှိရာ ၎င်းရွာသားနင်းမိသည့်မိုင်းမှာ မည်သည့်အဖွဲ့မှ ‌ထောင်ထားသည့်မိုင်းဖြစ်သည် ကို မခန့်မှန်းတတ်‌ကြောင်း ‌ဝေါ်‌လေရွာသားတစ်ဦးကလည်း ‌ပြောသည်။

သို့‌သော် ယ‌နေ့ထုတ် အစိုးရပိုင် မြန်မာ့အလင်းသတင်းစာတွင်မူ ‌ဝေါ်‌လေမြို့နယ်ခွဲ‌နေ ဦးကြည်သန်းသည် အ‌ဖော်တစ်ဦးနှင့်အတူ သစ်ခုတ်သွားစဉ် KNU ‌သောင်းကျန်းသူတို့ ‌ထောင်ထားသည့် မို်င်းတစ်လုံးကို နင်းမိ၍ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ‌ရေးသား‌ဖော်ပြ ထားသည်။

“အဲဒီနယ်‌မြေမှာ ကျ‌နော်တို့လည်း လှုပ်ရှားတယ်။ အခုရွာသားဗုံးထိတာက ဘယ်သူ့ဗုံးလဲဆိုတာ ကျ‌နော်တို့လည်း မ‌ပြောနိုင်ဘူး။ ဒါ ‌ပေမဲ့ ကျ‌နော်တို့တပ်ဖွဲ့‌တွေက‌တော့ လှုပ်ရှားမှုတခုခုရှိတယ်ဆို အရပ်သားလူထု‌တွေကို အမြဲအသိ‌ပေးတာပဲ‌လေ။”ဟု ‌ဝေါ်‌လေဂွင် ရှိ ‌ကေအဲန်အယ်လ်‌အေ တပ်ဖွဲ့ဝင်တစ်ဦးက ‌ပြောသည်။

ပြီးခဲ့သည့် မတ်လကလည်း ‌ဝေါ်‌လေ‌ကျေးရွာ‌နေ လူငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦး အလားတူ မိုင်းနင်းမိကာ ထိခိုက်ဒဏ်ရာရရှိခဲ့ သည်။