Home ကဗျာ သစ်ဆိုးပင်

သစ်ဆိုးပင်

1955
(လကင်္ာဒီပ)

‌နွေဆိုလည်း ‌နွေမို့လို့ပါ
‌ဆောင်းမှာဆိုလည်းတမျိုး
မိုးမှာဆိုလည်းတဖုံ
ရာသီစုံ ထိတ်လန့်ရခြင်းနဲ့
ငြိမ်းချမ်းမဲ့ဘဝ‌တွေ
‌ပြေး‌နေရတာလည်း ‌မောလှပြီ
ဒီမဟာရူး ဘုရင်ရူး‌တွေ‌ကြောင့်‌ပေါ့။

စစ်အာဏာရှင် သစ်ဆိုးပင်ကြမ်း
‌မှောင်ခန်းလက်မည်း ဖုတ်ငရဲကို
ဖြိုမလို့အသိ မထိတထိနဲ့
သတိလက်လွတ် ‌ဒေါသလွှတ်ကာ
စိတ်နာရုံ‌လေး နာကျည်း‌တွေးမျိုး
တခက်ချိုး နှစ်ခက်ချိုး
တချက်ထိုး နှစ်ချက်ခုတ်ရုံကွယ်
ရှင်လွယ်ပင်ဆိုး စနစ်ဆိုးအား
‌ပျောက်သွားဘယ်လို ‌ချေမှုန်းနိုင်မှာတုန်း။

ငါယုံတယ် မင်းကို
ပျိုရွယ်စိုနစ်ခဲ့
ထက်မြက်တဲ့ ဉာဏ်စွမ်းအား
ခွန်အားအသီးအပွင့်များမှာ
ရဲရင့်ကာ အလှည့်ကျ
ကနွဲ့ကလျ ‌ရှောင်မ‌ပြေးဘူးဆိုတာ‌တွေ။

ပူး‌ပေါင်း‌ဆောင်ရွက်မှု
ဂရုပြုအ‌လေးထားစရာ
တာဝန်နဲ့ ဝတ္တရား
ခွဲခြားမြင်နိုင်တဲ့ အမှားအမှန်သ‌ဘော
စစ်‌ကြောသုံးသပ်တဲ့ စွမ်းရည်စစ်
မျိုးဆက်သစ်တို့‌ရေ…..
အ‌ခြေအ‌နေဆိုး‌ကောင်းလှိုုင်းဂယက်
မင်းရဲ့လက်ထဲမှာ
တို့အနာဂတ်‌တွေ ရှိတယ်ဆိုတာ မ‌မေ့‌လေနဲ့။

ဘုံရန်သူ ဗဟိုယူကာ
ရှင်သန်ရာ ‌ရေ‌သောက်မြစ်မကျန်
ထုတ်ပစ်ရန် တူး‌ဖော်ကာ
လှဲကာဖြိုချရမှာမို့
ဝိုင်းကြပါလှည့် ညီညွှတ်စွာရယ်
ပတ်လည်တဝိုက် စက်စွယ်စိုက်ရစ်
အမြစ်မှက‌လော် ညာသံ‌ခေါ်လို့
ငါတို့ စု‌ပေါင်းတွန်းလှန်လှဲဖြိုချကြပါစို့။ ။

ဧပြီလ ၂၁ရက်၊ ၂၀၁၁ခုနှစ်