မတ်လ ၂၁ရက်နေ့၊ (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ဝေါ်လေဒေသအတွင်းရှိ ကနဲလေးတပ်စခန်း အနီးအနားတွင် ဝင်ထွက်သွားလာနေသည့် နအဖ တပ်ဖွဲ့များကို ကရင်တပ်ဖွဲ့ဝင်များက ယနေ့မနက်ပိုင်း၌ နှစ်ကြိမ်တိုင် အလစ်ဝင်တိုက်ခိုက်ခဲ့ရာ နအဖ တပ်ဘက်မှ ၇ဦးသေဆုံးပြီး ၃ဦးဒဏ်ရာရရှိခဲ့ကြောင်း ကရင်တပ်ဖွဲ့ဝင်ဘက်က ပြောသည်။
အဆိုပါ ကနဲလေးစခန်းရှိ နအဖ တပ်ဖွဲ့ဝင်များသည် တပ်ရိက္ခာများ သယ်ယူပို့ဆောင်ရေးတွင် အသုံးပြုရန် ၎င်းတို့ စခန်းတွင် မြင်း ၁၇ကောင် ခေါ်ယူထားကြောင်း ထိုဗိုလ်မှူးက ပြောသည်။
လက်ရှိ ကနဲလေးစခန်းတွင် နအဖ ခြေမြန်တပ်ရင်း-ခမရ (၃၄၆)၊ (၅၄၄)နှင့် ခြေလျှင်တပ်ရင်း-ခလရ (၃၁၀) တပ် ဖွဲ့ဝင်များ ဝင်ထွက်သွားလာ လှုပ်ရှားလျှက်ရှိသည်ဟု သိရသည်။