Home ထိပ်တန်းသတင်း အရပ်သားများကို နအဖက အဓမ္မရိက္ခာပို့ခိုင်းပြီး အကာ အကွယ်ယူ‌နေ

အရပ်သားများကို နအဖက အဓမ္မရိက္ခာပို့ခိုင်းပြီး အကာ အကွယ်ယူ‌နေ

2203
မတ်လ ၂၂ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်အတွင်း လှုပ်ရှား‌နေသည့် နအဖ တပ်များသည် ၎င်းတို့ စစ်တပ်စခန်းရှိရာ သံလွင်မြစ်နံ‌ဘေးတ ‌လျှောက် ရိက္ခာပို့ရန် ‌ဒေသခံအရပ်သားလူထုများကို အဓမ္မခိုင်းသည့်အပြင် အကာအကွယ်အဖြစ် အသုံးပြု‌နေသည်ဟု ‌ဒေသခံ ရွာသားများ၏ ‌ပြောပြချက်အရ သိရသည်။

‌ရှေ့တန်းတပ်စခန်းသို့ ရိက္ခာပို့‌နေသည့် အဆိုပါ နအဖ စစ်ဗျူဟာဌာနချုပ်-စဗခ(၁)လက်‌အောက်ခံ ‌ခြေမြန်တပ်ရင်း ခမရ (၄၃၄)နှင့် ‌ခြေလျင်တပ်ရင်း ခလရ(၁၉)သည် ၎င်းတို့ကို နယ်‌မြေခံ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်ဖွဲ့ (KNLA)တပ်ဖွဲ့ဝင် များ မ‌နှောက်ယှက်နိုင်ရန် ဖာပွန်မြို့နယ်ရှိ ထို့ဖိုးပါ့ဒဲ၊ ကျိုးခို့ဒဲ၊ ဟိဖိုးဒဲနှင့် ‌ချောဘွဲဒဲရွာမှ အရပ်သားများအား မတ်လ ၁၄ရက်မှစ ၍ ယခုအချိန်ထိ အလှည့်ကျစနစ်ဖြင့် အဓမ္မခိုင်း‌နေသည်ဟု ဖာပွန်ခရိုင်မှ KNU တာဝန်ရှိတဦးဖြစ်သူ တီး‌ဝေါ်က ယခုလို ‌ပြော သည်။

သူက “သူတို့(နအဖ)ကို ကျ‌နော်တို့ တိုက်လို့မရ‌အောင် ရွာသား‌တွေကို ရိက္ခာသယ်ခိုင်းတာပဲ။ ရွာသား‌တွေက သူတို့ရဲ့ ရိက္ခာ ကို ကမ‌မောင်းနဲ့ ဖာပွန်မြို့ကတဆင့် စသယ်‌ပေးရတယ်။ ‌နောက် ရိက္ခာထမ်း‌ပေးရသလို ရိက္ခာသယ်တဲ့ သူတို့ရဲ့ မြင်းကိုလည်း ဆွဲ‌ပေးရတယ်‌လေ။ ရွာသား‌တွေက သူတို့နဲ့ ‌ရော‌နေတဲ့အခါကျ‌တော့ တိုက်မယ်ဆိုရင် အရပ်သားပါ ထိမှာစိုးတယ်။ ရွာသား ‌တွေကို ခိုင်းလည်းခိုင်း၊ အသုံးလည်းချတဲ့သ‌ဘောပဲ။ ရိက္ခာသယ်တာက‌တော့ ဒီလကုန်ခံနီး‌လောက်မှ သူတို့ ပြီးနိုင်မယ်။”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

နအဖတပ်များသည် သက်ဆိုင်ရာ ရွာသူကြီးများအဆင့် ၎င်းတို့ရိက္ခာသယ်‌ပေးရန် ရွာထဲရှိ ရွာသားများကို စုခိုင်းပြီး ရွာကြီးရွာ ငယ်အလိုက် တရက်လျှင် ၁ဝဦးနှင့် ၁ဝဦးအထက် သွား‌နေရ‌ကြောင်းကို ‌ဒေသခံတဦးက “ကျ‌နော်တို့ ရွာတရွာကို သူတို့က ဒီရက် ၁၀‌ယောက်သွားရင် ‌နောက်တရက် အခြား ၁၀‌ယောက်က သွားရတယ်။ အဲလို အလှည့်ကျနဲ့ သွားရတယ်။ ကိုယ်ပိုင်အ လုပ်ပျက်တာထက် လူတိုင်းက ‌ကြောက်လို့သွားရတာပဲ။”ဟု ‌ပြောဆိုသည်။

၎င်းခမရ(၄၃၄)နှင့် ခလရ(၁၉)တပ်ရင်းများ ဖာပွန်မြို့နယ်မှ ၎င်းတို့တပ်စခန်းရှိရာ ‌ခေါပို့၊ ကဟီးကျိုး၊ နတ်‌တောင်(လယ်တိုး)၊ ‌ကျောက်ညှပ်၊ ဝါ့လူ၊ မဲ့တရိထာ့စခန်းသို့ ရိက္ခာပို့ရာတွင် လမ်းလုံခြုံ‌ရေးအဖြစ် တပ်မ(၁၁) လက်‌အောက်ခံ ခလရ(၂၁၄)တပ် ရင်းက တာဝန်ယူရပြီး လက်ရှိအချိန်တွင် ရိက္ခာများမှာ ‌ချောဘွဲဒဲရွာတွင် ‌ရောက်ရှိ‌နေသည်ဟု သိရှိရသည်။

ထို့အပြင် နအဖ တပ်မ(၁၁) လက်‌အောက်ခံ ခမရ(၂၀၂)၊ (၂၅၄)တပ်ရင်းတို့သည် ပဲခူးတိုင်း၊ ‌ကျောက်ကြီးမှတဆင့် ဖာပွန်မြို့ နယ် ‌တေးမူဒဲ‌ကျေးနယ်အတွင်းမှ ၎င်းတို့တပ်စခန်းများဖြစ်သည့် ‌မော်ဖူး၊ လယ်က‌လေးကျိုးစခန်းများသို့ ရိက္ခာပို့ရန် ရဲဘက် (အကျဉ်းသား)နှင့် မြင်းများကို အသုံးပြု‌နေပြီး မတ်လ ၁၆ရက်‌နေ့၌ ၎င်းရိက္ခာများ ‌မော်ဖူးတွင် ‌ရောက်ရှိ‌နေနှင့်ပြီဟု ‌ဒေသခံများ က ‌ပြောသည်။

ယင်းသို့ ရိက္ခာသယ်ယူရာ လမ်းလုံခြုံ‌ရေးကို တပ်မ(၁၁) လက်‌အောက်ခံ ခမရ(၂၅၁)နှင့် (၂၅၃)က တာဝန်ယူ‌ပေးသည်ဟု ‌ဒေသခံများက ‌ပြောသည်။