Home ရင်ဖွင့်သံများ လူငယ်များရဲ့ စကားလက်‌ဆောင်

လူငယ်များရဲ့ စကားလက်‌ဆောင်

1868

‌စောလွယ်ထူး ၂၆နှစ်
ပညာ ၂တန်း
ဝါသနာ ‌တော်လှန်‌ရေး

ကျ‌နော်က သထုံခရိုင်၊ နိုဘယ်‌ဘောရွာကပါ။ မိဘ‌တွေက လယ်ယာလုပ်ကြပြီး ‌မောင်နှမ (၆)‌ယောက်ထဲမှာ ကျ‌နော်က အကြီး ဆုံးပါ။ ရွာက မူလတန်း‌ကျောင်းမှာ ကျ‌နော် (၂)တန်းအထိပဲ ‌နေခဲ့ရတယ်။ ‌ကျောင်း‌နေတာ ‌ပျော်‌ပေမယ့် သားအကြီးဆုံးဆို မိဘကို ဝိုင်းကူတဲ့သူမရှိလို့ ‌ကျောင်းထွက်လိုက်ရတယ်။ လယ်ယာလုပ်ရင်း အသက် ၁၈နှစ်ပြည့်‌တော့ သထုံခရိုင်၊ ကရင်လူငယ် အစည်းအရုံး(‌ကေဝိုင်အို)ထဲမှာ ဝင်လုပ်တယ်။ မကြာခင်ပဲ ကျ‌နော့်ကို သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေး တာဝန်ယူခိုင်း တယ်။ အစမှာ ဘာလုပ်ဘာကိုင်ရမှန်း မသိဘူး။ ‌နောက်ပိုင်းမှာ ကျ‌နော့် သင်တန်း‌တွေတက်ရ‌တော့ ‌ပြောရဲဆိုရဲ ရှိလာတယ်။

၂၀၀၅ခုနှစ်မှာ ခရိုင်လူကြီး‌တွေက ကျ‌နော့်ကို ဖာပွန်ခရိုင်က အ‌ခြေခံ စစ်သင်တန်း လာတက်ခိုင်းတယ်။ ဒီသင်တန်းဟာ ကျ‌နော့် အလုပ်အတွက် ‌တော်‌တော်အဆင်‌ပြေသွားတယ်။ သင်တန်းက ပို့ချတဲ့ ‌မြေပုံ၊ သံလိုက်အိမ်‌မြှောင် စတာ‌တွေ ကြည့်တတ်လာ တယ်။ သင်တန်းက ပြင်းထန်ပင်ပမ်း‌ပေမယ့် ပြီးတဲ့အထိ ကျ‌နော်တက်ခဲ့တယ်။ အဲဒီ‌နောက် ခရိုင်ပြန်‌ရောက်လာ‌တော့ တာဝန် ထမ်း‌ဆောင်ရတာ ‌ပျော်လာတယ်။ ဒါ‌ပေမယ့် ကျ‌နော် ‌ရှေ့တန်းမှာ တခါဖျားခဲ့တာ အလူးအလိမ့်ပဲ။ ကျန်းမာ‌ရေးမ‌ကောင်းတဲ့အ ချိန် အလုပ်လုပ်ရတာ မ‌ကျေမနပ်တာ‌တွေ ဖြစ်မိတယ်။ ၂၀၀၅ ခုနှစ်က‌နေ အခုထိ ကျ‌နော် စစ်သင်တန်း (၃)ခု တက်‌ရောက် ‌အောင်မြင်ခဲ့ပြီ။ အလုပ်လည်း တတ်နိုင်သမျှ လုပ်နိုင်လာပြီ။ ‌တော်လှန်‌ရေးကို ဆက်လက်လုပ်မယ်လို့လည်း စိတ်ပိုင်းဖြတ်ထား တယ်။

ကျ‌နော်တို့ လူငယ်‌တွေဟာ လူကြီး‌တွေရဲ့ လက်‌မောင်းဖြစ်တယ်။ ကျ‌နော်က‌တော့ ပညာကို ‌ကောင်း‌ကောင်း မသင်ခဲ့ရဘူး‌ပေါ့။ ဒါ‌ကြောင့် ကျ‌နော့်ထက် ပညာကို ‌ကောင်း‌ကောင်းသင်ခဲ့တဲ့ လူငယ်‌တွေ ကျ‌နော့်ထက် ကိုယ့်အမျိုးသား‌ရေး၊ ‌တော်လှန်‌ရေးကို တတ်နိုင်တဲ့ဘက် က‌နေ ပိုပြီး အလုပ်အ‌ကျွေးပြုကြပါလို့ ‌ပြောချင်တယ်။