Home သတင်း သတင်းအချက်လက် ထုတ်လွှင့်ရာတွင် အချင်းချင်းကြား ထိခိုက်နစ်နာမှုမရှိ‌စေရန် ကရင်လူထုများကို KNLA စစ်‌ရေးချုပ် ‌မေတ္တာရပ်ခံ

သတင်းအချက်လက် ထုတ်လွှင့်ရာတွင် အချင်းချင်းကြား ထိခိုက်နစ်နာမှုမရှိ‌စေရန် ကရင်လူထုများကို KNLA စစ်‌ရေးချုပ် ‌မေတ္တာရပ်ခံ

9324

‌မေလ ၁၉ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

အနယ်နယ်အရပ်ရပ်ရှိ ကရင်လူထုများအ‌နေဖြင့် သတင်းအချက်အလက်များ ထုတ်လွှင့်ရာတွင် အချင်းအချင်းအကြား ထိခိုက်နစ်နာ‌စေမည့် လုပ်‌ဆောင်ချက်များကို ‌ရှောင်ရှားကြရန် ကရင်အမျိုးသား လွတ်‌မြောက်‌ရေးတပ်မ‌တော် ( KNLA ) ဗဟိုစစ်‌ရေးချုပ် ဗိုလ်ချုပ်‌စောပိလတ်စိန်က ‌မေတ္တာရပ်ခံ လိုက် သည်။

လက်ရှိကရင်လူထုအတွင်း သတင်းထုတ်လွှင့်‌ရေးသားတင်ဆက်မှုများနှင့်ပတ်သက်၍ ကရင်အမျိုးသား လွတ်‌မြောက်‌ရေးတပ်မ‌တော် (KNLA) ဗဟိုစစ်‌ရေးချုပ်ဗိုလ်ချုပ် ‌စောပိလတ်စိန်က ယမန်‌နေ့ ‌မေလ ၁၈ ရက်‌နေ့တွင် ‌ကြေညာချက်တစ်ခု ထုတ်ပြန်ကာ ယခုလို ‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ပြည်တွင်း၊ ပြည်ပနှင့် ‌တော်လှန်‌ရေးနယ်‌မြေထဲရှိ ကရင်အမျိုးသားအားလုံး သတင်း‌ရေးသား ထုတ်လွှင့်ရာမှာ နားဆင်၊ ဖတ်ရှုသူအတွက် အခက်အခဲမဖြစ်‌စေဖို့၊ အချင်းချင်းအကြား ‌သွေးထိုးလှုံ့ ‌ဆော်မှုများ မဖြစ်‌စေဖို့ အ‌ကြောင်းအရာတစ်ခုခုကို ထုတ်ပြန်မှု လုပ်‌ဆောင်မယ်ဆိုရင် ‌သေချာစိစစ်မှု‌တွေ လုပ်‌ဆောင်ပြီး လူတစ်ဦးတစ်‌ယောက်၊ အဖွဲ့အစည်းတစ်ခုအတွက် ထိခိုက်နစ်နာမှုမရှိ‌စေဖို့ အရင်လူကြီး သူ မများ၏ ‌ကောင်းမွန်တဲ့ထုံးတမ်းအစဉ်အလာကို ‌လေးစားချစ်ခင်‌သောအားဖြင့် ကျ‌နော့်အ‌နေနဲ့ အနူးညွတ် ‌မေတ္တာရပ်အပ်ပါတယ်”ဟု ‌ပြောဆိုထားသည်။

ထို့အပြင် အနယ်နယ်အရပ်ရပ်ရှိ ကရင်လူထုများအ‌နေဖြင့် မိမိ‌ပြောဆိုမည့် စကားများကို မိမိနှင့် နီးစပ်သည့်ပတ်ဝန်းကျင်ကို ထိခိုက်နစ်နာမှုမရှိ‌စေရန် ‌သေချာစွာ စဉ်းစား‌တွေး‌တောပြီးမှသာ ထုတ်‌ဖော်‌ပြော ဆိုရန်လည်း KNLA ဗဟိုစစ်‌ရေးချုပ် ဗိုလ်ချုပ် ‌စောပိလတ်စိန်က တိုက်တွန်းလိုက်သည်။

လတ်တ‌လောအ‌ခြေအ‌နေတွင် ကရင်လူမှုအသိုင်းအဝိုင်းအတွင်း ပ‌ရော်ဖက်ရှင်နယ် (Professional ) သတင်းဌာနမဟုတ်ဘဲ သတင်းရယူ၊ ထုတ်လွှင့်‌ရေးသားမှုနှင့် ပတ်သက်ပြီးဖြစ်စဉ် သတင်းအချက် အလက်များကို မှန်ကန်သည့် သတင်းအရင်းအမြစ်ထံမှ အတည်ပြုရယူခြင်းမရှိဘဲ လူမှုကွန်ရက်စာမျက်နှာ ‌ပေါ်တွင် တွင်တွင်ကျယ်ကျယ် ‌ဖော်ပြလျက်ရှိသည်ကို ‌တွေ့ရှိရသည်။ ထို့အပြင် သတင်းတင်ဆက်မှုအချို့သည် သတင်းမီဒီယာကျင့်ဝတ်နှင့် ကိုက်ညီမှုမရှိသည့် ‌သွေးထိုးလှုံ့‌ဆော်မှုများနှင့် လူပုဂ္ဂိုလ်တစ်ဦးတစ်‌ယောက်ကို တိုက်ခိုက်‌ပြောဆို၊ စွပ်စွဲမှုများလည်း လုပ်‌ဆောင်‌လေ့ရှိသည်။

ထိုကဲ့သို့ လုပ်‌ဆောင်မှုများ‌ကြောင့် ကရင့်အမျိုးသား‌တော်လှန်‌ရေးအ‌ပေါ် အ‌ထောက်အကူမပြုသည့် အတွက် အပြုသ‌ဘော‌ဆောင်သည့် ‌ထောက်ပြ‌ဝေဖန်မှုများသာ လုပ်‌ဆောင်ရန်နှင့် အနယ်နယ်အရပ်ရပ်ရှိ ကရင်အမျိုးသားအားလုံးဝိုင်းဝန်းကူညီကြရန်ကိုလည်း KNLA စစ်‌ရေးချုပ်က တိုက်တွန်းထားသည်။