Home သတင်း အာရှလမ်းမ အိန္ဒု- ‌ကော့ကရိတ်လမ်း စီမံကိန်းကိစ္စ ‌ဒေသခံများနှင့် ADB ‌ဆွေး‌နွေးပွဲပြုလုပ်မည်

အာရှလမ်းမ အိန္ဒု- ‌ကော့ကရိတ်လမ်း စီမံကိန်းကိစ္စ ‌ဒေသခံများနှင့် ADB ‌ဆွေး‌နွေးပွဲပြုလုပ်မည်

2145

‌မေ ၂၁ရက်၊ ၂၀၁၆ ခုနှစ်။ ‌စောထွန်းလင်း

အာရှဖွံ့ဖြိုး‌ရေးဘဏ် (ADB)နှင့် ‌ဆောက်လုပ်‌ရေးဝန်ကြီးဌာနတို့ အ‌ကောင်အထည်‌ဖော်မည့် အာရှလမ်းမ အိန္ဒု- ‌ကော့ရိတ်လမ်းပိုင်း စီမံကိန်းကို ယင်းစီမံကိန်း တာဝန်ရှိသူများက ဖားအံနှင့် ‌ကော့ကရိတ်မြို့တို့တွင် ‌ဒေသခံများ နှင့် ‌ဆွေး‌နွေးပွဲများ ပြုလုပ်သွားမည်ဟု ADB အကြံ‌ပေးအရာရှိ ကို‌အောင်‌ကျော်ဖြိုးက ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောသည်။

လမ်းစီမံကိန်းနှင့်ပတ်သက်၍ ADB နှင့် ‌ဆောက်လုပ်‌ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် ‌မေ ၂၃ရက်‌နေ့တွင် ပြည်နယ်အစိုးရအဖွဲ့နှင့် ‌တွေ့ဆုံသွားမည်ဖြစ်ပြီး ‌နေ့လည် ၁ နာရီတွင် ဖားအံမြို့ သံလွင်ပါရာဒိုက် ဟိုတယ်၌ လူမှုအဖွဲ့အစည်းများနှင့် စတင်‌ဆွေး‌နွေးသွားမည်ဖြစ်သည်။ ထို့အပြင် ‌မေ ၂၅ ရက်‌နေ့၌ ဖားအံနှင့် ‌ကော့ကရိတ်မြို့နယ်‌ကျေးရွာအုပ်ချုပ်‌ရေးမှူးများ၊ ‌မေ ၂၆ ရက်‌နေ့တွင် ကျုံဒိုး၊ ငါးတိုင်၊ ‌မေ ၂၇ ရက်‌နေ့တွင် လွန်းည၊ ရိုးမဟာ စသည့် ‌ကျေးရွာများ၌ ‌ဆွေး‌နွေးပွဲများ ပြုလုပ်သွားမည်ဟု ADB က ‌ပြောသည်။

“အဂင်္ါ‌နေ့‌တွေ့ဆုံပွဲမှာ ‌လျော်‌ကြေး‌ငွေ‌တွေ ဘယ်လို‌ပေးမလဲဆိုတာ ကျ‌နော်တို့က ရှင်းပြမယ်။ ‌ပေးတဲ့ အဆင့် ‌တော့ မလာ‌သေးဘူး။ ဘာ‌ကြောင့်လဲဆို‌တော့ အ‌သေးစိတ် တိုင်းတာမှု‌တွေ ဆက်ပြီး‌တော့ လုပ်ရဦးမှာ။ ဥပမာ-ဟိုလူ အိမ်တစ်လုံး ဒီလူအိမ်တလုံးဆို‌တော့ အိမ်တလုံးချင်း တန်ဖိုး‌တွေလည်း တူမှာ မဟုတ်ဘူး။ အ‌သေးစိတ် ပြန်တိုင်းတာရဦးမှာ အဲ့ဒါ‌လေး‌တွေ ရှင်းပြချင်တယ်။ ‌ရှေ့လုပ်ငန်းစဉ်‌တွေကို ရှင်းလင်း‌ပြောဆိုသွားမယ်”ဟု ADB အကြံ‌ပေးအရာရှိ ကို‌အောင်‌ကျော်ဖြိုးက ‌ပြောသည်။

ထို့အပြင် ‌မေ ၂၃ ‌နေ့လည်ပိုင်းမှ ‌မေ၂၄ ရက်‌နေ့အထိ ဖားအံမြို့ သံလွင်ပါရာဒိုက် ဟိုတယ်၌ ပြုလုပ်မည့် လူမှုအဖွဲ့အစည်းများနှင့် ‌ဆွေး‌နွေးပွဲသို့ လမ်းစီမံကိန်းနှင့် ဆက်စပ်ကာ စိတ်ပါဝင်စားသည့် လူမှုအဖွဲ့စည်းများ အားလုံး ပါဝင်တက်‌ရောက်ရန် ဖိတ်‌ခေါ်ထားသလို ငြိမ်းချမ်း‌ရေးယူထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကိုလည်း ဖိတ်‌ခေါ်ထားသသည်ဟု ADB က ‌ပြောသည်။

လက်ရှိ ယင်းလမ်းစီမံကိန်း‌ကြောင့် ထိခိုက်နှစ်နာသူများကို ADB က ‌လျော်‌ကြေး‌ပေးမည်ဟု ‌ပြောဆို‌နေ‌သော် လည်း အစိုးရ၊ ‌ဆောက်လုပ်‌ရေးဝန်ကြီးဌာနက ‌ပေးရန် မ‌သေချာသည့် သ‌ဘော‌ပြောဆိုမှုများ ‌ဒေသတွင်း သတင်းထွက်‌ပေါ်‌နေသည့်အတွက် စီမံကိန်းနှင့် ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ‌ပြောဆို‌ဆွေး‌နွေး‌ပေး‌စေလို သည်ဟု ‌ကော့ကရိတ်‌ဒေသခံ မန်းသိန်း‌ဇော်က ‌ကေအိုင်စီသို့ မှတ်ချက်ပြု‌ပြောသည်။

အဆိုပါ လမ်းစီမံကိန်းကို အာရှဖွံ့ဖြိုး‌ရေးဘဏ်နှင့် ‌ဆောက်လုပ်‌ရေးဝန်ကြီးဌာနတို့က မဟာမဲ‌ခေါင်‌ဒေသခွဲ အ‌ရှေ့-အ‌နောက် စီးပွား‌ရေး စကြင်္န်လမ်း၊ အိန္ဒု-‌ကော့ကရိတ် လမ်းပိုင်းအဖြစ် အ‌ကောင်အထည်‌ဖော် လမ်းအဆင့်မြှင့်တင်ရန် လုပ်‌ဆောင်သွားမည်ဖြစ်ပြီး လမ်းစီမံကိန်းဧရိယာတွင် ‌ဒေသခံလူ‌နေအိမ်များ၊ လယ်၊ ယာ၊ ခြံ ‌မြေများပါဝင်‌နေသည့်အတွက် အငြင်းပွားမှုအချို့ ဖြစ်‌ပေါ်‌နေ‌ကြောင်း သိရသည်။