Home တွေ့ဆုံမေးမြန်းခန်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးပူးတွဲ ‌စောင့်ကြည့်‌ရေး‌ကော်မတီ JMC-U ဒုဥက္ကဌဖြစ်သူ KNLA စစ်‌ထောက်ချုပ် ဗိုလ်ချုပ်‌စောအိုင်းဇက်ဖိုးနှင့် ‌တွေ့ဆုံ‌မေးမြန်းခြင်း

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးပူးတွဲ ‌စောင့်ကြည့်‌ရေး‌ကော်မတီ JMC-U ဒုဥက္ကဌဖြစ်သူ KNLA စစ်‌ထောက်ချုပ် ဗိုလ်ချုပ်‌စောအိုင်းဇက်ဖိုးနှင့် ‌တွေ့ဆုံ‌မေးမြန်းခြင်း

2222
‌မေလ ၂ဝ ရက်၊ ၂၀၁၆ခုနှစ်။ ‌ကေအိုင်စီ

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးစာချုပ်-NCA လက်မှတ်‌ရေးထိုးပြီး‌နောက် စာချုပ်ပါအ‌ကောင်အထည် ‌ဖော်ရမည့် လုပ်ငန်းတစ်ခုဖြစ်သည့် ‘ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးပူးတွဲ ‌စောင့်ကြည့်‌ရေး‌ကော်မတီ ’ JMC ကို ၂၀၁၅ခုနှစ်၊ ‌အောက်တိုဘာ ၂၉ ရက်‌နေ့တွင် ဖွဲ့စည်းခဲ့သည်။ လက်ရှိ JMC ၏ အ‌ခြေအ‌နေနှင့် လုပ်ငန်း အ‌ကောင်အထည်‌ဖော်မှုအ‌ခြေအ‌နေများကို JMC-U ဒုဥက္ကဌဖြစ်သူ ကရင်အမျိုးသားလွတ်‌မြောက်‌ရေး တပ်မ‌တော် KNLA စစ်‌ထောက်ချုပ် ဗိုလ်ချုပ်‌စောအိုင်းဇက်ဖိုးအား ‌ကေအိုင်စီမှ ‌တွေ့ဆုံ‌မေးမြန်းထားသည်။

‌မေး။ ။ JMC စတင်ဖြစ်‌ပေါ်လာပုံနဲ့ ဖွဲ့စည်းရသည့် ရည်ရွယ်ချက်ကို ရှင်းပြ‌ပေးပါလား။

JMC ဆိုတာက ၂၀၁၅ ခုနှစ် NCA လက်မှတ်‌ရေးထိုးပြီး‌နောက်ပိုင်းဖြစ်‌ပေါ်လာတာပါ။ လက်မှတ်‌ရေးထိုးပြီးတဲ့ ‌နောက်မှာ စာချုပ်ထဲမှာပါတဲ့အတိုင်း JICM (Joint Implementation Coordination Meeting) ဆိုတာ ဖြစ်‌ပေါ်လာတယ်။ အဲဒီ JICM ‌အောက်မှာ JMC နဲ့ UPDJC (Union Political Dialogue Joint Committee) ဆိုတာဖြစ်လာတယ်။ JICM ဆိုတာက NCAကို အ‌ကောင်အထည်‌ဖော်ရမယ့်အစည်းအဝး‌ပေါ့။ JMCဆိုတာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးဆိုင်ရာ ‌စောင့်ကြည့်‌ရေးအဖွဲ့ဖြစ်ပြီး‌တော့ JICM ဆိုတာ နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ ဖြစ်‌ပေါ် လာ‌အောင် ‌ဖော်‌ဆောင်တဲ့အဖွဲ့ဖြစ်ပါတယ်။ JMC ရဲ့ အဓိကရည်ရွယ်ချက်က‌တော့ အပစ်ခတ်ရပ်စဲ‌ရေးအချိန်မှာ မ‌တော်တဆ ထိ‌တွေ့မှုဖြစ်ဖြစ်၊ တိုက်ပွဲဖြစ်ပွားမှုဖြစ်ဖြစ် အဲလိုမဖြစ်‌အောင် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲကို ‌အေး‌အေးချမ်းချမ်းနဲ့ ‌ဖော်‌ဆောင်နိုင်‌အောင် လုပ်‌ဆောင်ရတဲ့အဖွဲ့ ဖြစ်ပါတယ်။

‌မေး ။ ။ လက်ရှိ JMC ရဲ့ လုပ်‌ဆောင်ခဲ့တဲ့ အရာ‌တွေ ‌ရှေ့ဆက်ပြီး လုပ်‌ဆောင်သွားရမယ့် အရာ‌တွေက ဘာ‌တွေများလဲ။

အခု JMC အ‌နေနဲ့ levelသုံးခု ရှိပါတယ်။ ပြည်‌ထောင်စုအဆင့် Union level၊ တိုင်း(သို့မဟုတ်) ပြည်နယ်အဆင့် State level၊ ‌ဒေသဆိုင်ရာအဆင့် Local level ဆိုပြီးရှိပါတယ်။ NCA လက်မှတ်ထိုးပြီး‌နောက်မှာ ပြည်‌ထောင်စု အဆင့် JMC ကို အားလုံး‌ပေါင်း ၂၆‌ယောက်နဲ့ ဖွဲ့ခဲ့ပါတယ်။ တိုင်းနဲ့ပြည်နယ်အဆင့်က‌တော့ ၁၄ ‌ယောက်‌ပေါ့။ အခုလက်ရှိ JMC တိုင်းနဲ့ပြည်နယ်အဆင့်အ‌နေနဲ့ ရှမ်းပြည်နယ်အဆင့်မှာ တစ်ခုဖွဲ့ထားပြီးပြီပါပြီ။ အဲဒါကို အ‌ရှေ့အလယ်ပိုင်းတိုင်းမှာ သွားပြီးဖွဲ့စည်းတာ‌ပေါ့။

‌မေး။ ။ JMC အ‌နေနဲ့ နှစ်ဖက်တပ်‌တွေရဲ့ ထိ‌တွေ့မှု‌တွေ ပစ်ခတ်တိုက်ခိုက်မှု‌တွေနဲ့ပတ်သက်ပြီး ဘယ်လို‌ဖြေရှင်း‌ဆောင်ရွက်‌ပေးရလဲ။ ‌ဖြေရှင်းမှု လုပ်‌ဆောင်တဲ့ ‌နေရာမှာ ဘယ်လိုအခက်အခဲ‌တွေ ကြုံ‌တွေ့ရလဲ။

Code of Conduct ဆိုတာက နှစ်ဖက်တပ်‌တွေ လိုက်နာရမယ့်ဟာဖြစ်ပြီး NCA မှာလည်း သ‌ဘောတူထားတာ ဖြစ်ပါတယ်။ ဒါ‌ပေမယ့် တချို့ကိစ္စ‌တွေက ကြားကာလမှာ တိုင်းနဲ့ပြည်နယ် အဆင့်ပဲဖြစ်ဖြစ် ‌ဒေသဆိုင်ရာအဆင့် စတဲ့ JMC ကို မဖွဲ့စည်းနိုင်တဲ့အခါကျ‌တော့ လုပ်ငန်းအ‌ကောင် အထည်‌ဖော်မှုအပိုင်းမှာ အခက်အခဲရှိတာ‌ပေါ့။ ဘာဖြစ်လို့လဲဆို‌တော့ တချို့ကိစ္စ‌တွေက သူ့အဆင့်နဲ့သူူ ‌ဖြေရှင်းသွားရမှာ‌တွေ ရှိတယ်။ အဲဒါ‌တွေကို အတိအကျ မဖွဲ့စည်းနိုင်တဲ့အခါ အကုန်လုံးကို အ‌ပေါ်က‌နေ ပြန်‌ဖြေရှင်းရတဲ့အခါကျ‌တော့ လက်လှမ်းမမှီတဲ့အပိုင်း‌တွေ ဖြစ်လာတဲ့အ‌ပေါ်မှာ အခက်အခဲ‌လေး‌တွေ ဖြစ်လာတာရှိတာ‌ပေါ့။ Code of Conduct ဆိုတဲ့‌နေရာမှာ ကြားကာလလိုအချိန်မှာ ‌ပြောရမယ်ဆိုရင် အတီးတို့နယ်‌မြေမှာ ကိုယ့်အုပ်ချုပ်မှုနယ် ‌မြေနဲ့ကိုယ်ရှိသလို ကိုယ့်ရဲ့ နယ်‌မြေသတ်မှတ်မှုလည်း ရှိတယ်။

အဲဒီ‌တော့ ကိုယ့်အုပ်ချုပ်မှုနဲ့ သွား‌နေတဲ့အခါ အစိုးရဘက်ကလည်း သူ့အုပ်ချုပ်မှုဆိုင်ရာ‌တွေကို တိုးလာတဲ့ အ‌ပေါ်မှာ တစ်ချိန်တည်းမှာပဲ အတီးတို့အ‌ကောက်ခွန်‌တွေ ‌ကောက်တဲ့အ‌ပေါ် အစိုးရဘက်က ဒါကို ပြည်သူ လူထုကို ဝန်ထုပ်ဝန်ပိုး ဖြစ်‌စေတယ်ဆိုပြီး တိုင်ချက်‌တွေနဲ့ အတီးတို့ကို တင်ပြလာတာ‌တွေ စတဲ့ အခက်အခဲ ‌လေး‌တွေ‌တော့ ရှိတယ်။ ‌ဖြေရှင်းတဲ့‌နေရာမှာလည်း အတီးတို့အ‌နေနဲ့ ကိုယ့်အဖွဲ့အစည်း ရပ်တည်နိုင်‌ရေး အတွက် အ‌ကောက်ခွန်‌ကောက်တဲ့အ‌ပေါ်မှာ ‌ဖြေရှင်းရတဲ့ အပိုင်း‌လေး‌တွေ‌တော့ ရှိတယ်။ ဒါ‌ပေမယ့် နားလည်မှု တစ်ခုအ‌နေနဲ့ အတင်းအဓမ္မ မ‌ကောက်ခံဖို့ စတဲ့သ‌ဘော‌လေး‌တွေ‌တော့ ရှိတာ‌ပေါ့။ စစ်သားစု‌ဆောင်းတဲ့ ‌နေရာမှာလည်း အတင်းအဓမ္မမစု‌ဆောင်းပဲနဲ့ ဆန္ဒသ‌ဘောအ‌လျှောက် ဝင်‌ရောက်လာတာကိုပဲ စု‌ဆောင်းဖို့ အဲဒီလို‌ပြောဆို‌ဆွေး‌နွေးရ‌ပေမယ့် ကြီးကြီးမားမား‌တွေ‌တော့ မရှိပါဘူး။ ‌နောက်ပြီး အဲဒါ‌တွေကို ‌သေ‌သေချာချာ အ‌ကောင်အထည်‌ဖော်ဖို့ကလည်း ‌ငွေ‌ရေး‌ကြေး‌ရေးအရ အခက်အခဲရှိတဲ့ အပိုင်း‌လေး‌တွေ‌တော့ ရှိပါတယ်။

‌မေး ။ ။ အခုကလည်း အစိုးရသစ်ဖြစ်လာ‌တော့ JMC အတွက် အလုပ်လုပ်‌ဆောင်တဲ့‌နေရာမှာ ဘယ်လိုစိန်‌ခေါ်မှုမျိုး‌တွေ ရှိလာနိုင်ပါလဲ။

အခု‌လောဆယ်‌တော့ အဲဒါညှိနှိုင်း‌နေကြတာ‌ပေါ့။ JMC ရဲ့ဖိတ်ကြားမှုအရ ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက်‌နေ့က နိုင်ငံ‌တော်အတိုင်ပင်ခံ ‌ဒေါ်‌အောင်ဆန်းစုကြည်လာပြီး ‌တွေ့ဆုံတယ်။ ရည်ရွယ်ချက်က‌တော့ ဟိုး…အရင်အစိုးရ လက်ထက်ကတည်းက JMC ဟာ အတိုင်းအတာတစ်ခုအထိ ‌ရောက်လာပြီး‌နောက် MPC ကို ဖျက်သိမ်း လိုက်တဲ့‌နောက်ပိုင်း JMC လုပ်ငန်းအ‌ကောင်အထည်‌ဖော်မှုဟာ ‌ငွေ‌ရေး‌ကြေး‌ရေး မလုံ‌လောက်ဘူး‌လေ။ အဲဒီလိုမလုံ‌လောက်တဲ့ အခါကျ‌တော့ နိုင်ငံခြားက အကူအညီ‌ပေး‌ရေးအဖွဲ့အစည်း‌တွေကလည်း အစိုးရသစ်ရဲ့ အသိအမှတ်ပြုမှုကို လိုချင်‌တော့ အစိုးရသစ်အ‌နေနဲ့ ဒီ JMC ကို အသိအမှတ်ပြုမယ်။ ဆက်လက်အသိအမှတ် ပြုမယ်ဆိုတဲ့ အချိန်ကျမှ နိုင်ငံခြားက‌ငွေ‌ကြေး ကူညီမှု‌တွေဖြစ်လာမယ်ဆို‌တော့ လုပ်ငန်းအ‌ကောင်အထည် ‌ဖော်မှု‌တွေ ဖြစ်လာမှာ‌ပေါ့။

‌ဒေါ်‌အောင်ဆန်းစုကြည် အ‌နေနဲ့က‌တော့ JMC က အတိုင်းအတာတစ်ခုအထိ ‌ရောက်‌နေတဲ့အတွက် သူအ‌နေနဲ့ အားရတယ်။ အပစ်အခတ်ရပ်စဲ‌ရေးက‌နေ ခိုင်မာတဲ့ အပစ်ခတ်ရပ်စဲ‌ရေးဖြစ်‌အောင်လုပ်ဖို့‌ပေါ့။ အပစ်အခတ်ရပ်စဲ ‌ရေးနဲ့ပတ်သက်ပြီး အတိုင်းအတာတစ်ခုအထိ ထိန်းထားနိုင်တယ်ဆို‌တော့ သူအ‌နေနဲ့ အား‌ပေးပါတယ်။ ‌နောက်ပြီး သူတို့အခု အသစ်ပြန်ဖွဲ့စည်းမယ့် အမျိုးသားပြန်လည်‌ပေါင်းစည်း‌ရေးနဲ့ ငြိမ်းချမ်း‌ရေး‌ပေါ့။ အဲလို အသစ်ပြန်ဖွဲ့စည်းမယ့် အ‌ပေါ်မှာ ဒါကိုဆက်ပြီး‌တော့ ကျန်ခဲ့တဲ့ UPDJC ‌နေရာ‌တွေမှာလည်း အ‌ကောင်အထည် ဆက်‌ဖော်သွားဖို့‌ပေါ့။ ဆက်တိုက်ဆက်တိုက် သူတို့‌ဆွေး‌နွေး‌နေတာ‌တော့ ရှိတယ်။ ဒါ‌ပေမယ့် ဘယ်လိုပုံစံနဲ့ ဖြစ်လာမလဲ‌တော့ မသိဘူး။ ဆက်သွားဖို့‌တော့ရှိတာ‌ပေါ့။

‌မေး ။ ။ ပြည်‌ထောင်စုအဆင့် JMC ကို ဖွဲ့ထား‌ပေမယ့် လုပ်ငန်းအ‌ကောင်အထည်‌ဖော်မှုမှာလည်း သိပ်ပြီး မလုပ်နိုင်‌သေးဘူး၊ ကျန်တဲ့အဆင့်‌တွေမှာလည်း ထပ်ပြီး ဖွဲ့နိုင်တာ မရှိတာက ဘာ‌ကြောင့်ပါလဲ။

JMC ကို ထပ်ဖွဲ့ဖို့က‌တော့ အဓိက ‌ငွေ‌ရေး‌ကြေး‌ရေးဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆို‌တော့ အ‌ကောင်အထည် ‌ဖော်တဲ့‌နေရာမှာ JMC ဆိုတာ နှစ်ဖက်ဖြစ်တဲ့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်‌တွေ လူထုကိုယ်စားလှယ် ‌တွေအပြင် အလုပ်အဖွဲ့ဆိုတာလည်း သပ်သပ်ရှိ‌တော့ ပညာရှင်‌တွေ ‌ခေါ်ဖို့ စတဲ့ကိစ္စ‌တွေ ရှိ‌နေ‌တော့ လုပ်ငန်း အ‌ကောင်အထည်‌ဖော်ဖို့က ‌ငွေ‌ကြေးရှိမှဖြစ်မှာ ဖြစ်ပါတယ်။ အဲဒါရှိမှပဲ လုပ်ငန်း‌တွေကို အဆင့်ဆင့် ဆက်လက် အ‌ကောင်အထည်‌ဖော်ပြီး ထိထိ‌ရောက်‌ရောက်လုပ်‌ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ပြည်နယ်အဆင့် ဖွဲ့ခဲ့ပြီးတဲ့ ‌နေရာ ‌တွေမှာ‌တော့ အစည်းအ‌ဝေးတစ်ခုစီ ပြုလုပ်နိုင်ခဲ့ပြီ‌ပေါ့။ ဒါ‌ပေမယ့် ‌ငွေ‌ရေး‌ကြေး‌ရေးမရှိ‌တော့ ရုံးအဖွဲ့‌တွေကအစ ဖွဲ့စည်းနိုင်ခြင်းမရှိ‌သေးဘူး။ အဲဒီ‌တော့ တကယ်တမ်းလုပ်ငန်းအ‌ကောင်အထည်‌ဖော်မှု‌တွေမှာ လက်‌တွေ့ မလုပ်နိုင်‌သေးဘဲ အ‌ပေါ်ယံ လုပ်နိုင်‌သေးတဲ့ အ‌ခြေအ‌နေပဲ ရှိပါတယ်။

‌မေး ။ ။ JMC က လူထုအတွက်နဲ့ တပ်ပိုင်းဆိုင်ရာ‌တွေအတွက် ဘယ်လိုအကာအကွယ်‌တွေ ဘယ်လို အကျိုး‌ကျေးဇူး‌တွေရှိပါလဲ။

JMC က ပြည်သူ‌တွေအတွက်‌ရော၊ နှစ်ဖက်တပ်‌တွေအတွက်‌ရော ‌နောက်ပြီး NCA မှာပါတဲ့ သ‌ဘောတူညီ ချက်‌တွေ ‌နောက်ပြီး Code of Conduct မှာ ပါတဲ့သ‌ဘောတူညီချက်‌တွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် သိရှိထားဖို့ လိုအပ်ပါတယ်။ အဲဒီလို ‌လေ့လာသိရှိထားမှ ဖြစ်‌ပေါ်လာတဲ့ပြဿနာ‌တွေအ‌ပေါ်မှာ လွယ်လွယ်ကူကူ နဲ့ ‌ဖြေရှင်းနိုင်ပြီး ကိုယ့်ကိုထိခိုက်လာနိုင်မယ့် ကိစ္စရပ်‌တွေရှိလာရင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။

‌မေး။ ။ အပစ်ရပ်စာချုပ် လက်မှတ်‌ရေးထိုးပြီး‌နောက်ပိုင်း ကရင်ပြည်နယ်ထဲမှာရှိတဲ့ KNLA တပ်‌တွေ‌နေရာကို တချို့‌သော မြန်မာ့တပ်မ‌တော်သား‌တွေ သတ်မှတ်‌နေရာကို ‌ကျော်လွန်ပြီး ဝင်‌ရောက်လာတာမျိုး‌တွေ ရှိတယ်လို့ သက်ဆိုင်ရာ KNLA တင်ပြ‌ပြောဆိုလာမှု‌တွေ ရှိတဲ့အ‌ပေါ်မှာ ဘယ်လို‌ပြောချင်ပါလဲ။

ခုနက‌ပြောတဲ့ တပ်‌တွေ နယ်‌မြေ‌ကျော်ပြီး ဝင်‌ရောက်လာတာမျိုး‌တွေ ရှိတဲ့အခါကျ‌တော့ နယ်‌မြေကန့်သတ်မှု အ‌ပေါ်မှာ နှစ်ဖက်ဒွိဟဖြစ်‌စေတဲ့ အ‌နေအထားက သူ့နယ်‌မြေ၊ ကိုယ့်နယ်‌မြေ ရှိတာကိုး။ တပ်မ‌တော်အ‌နေနဲ့ နိုင်ငံလုံခြုံ‌ရေးယူရတာဆို‌တော့ အကုန်လုံး သူ့နယ်‌မြေလို့ သတ်မှတ်မှုရှိတဲ့အ‌ပေါ်မှာ နယ်‌မြေသတ်မှတ်မှု‌တွေနဲ့ ပတ်သက်ပြီး ဝိဝါဒကွဲပြားမှု‌တွေ ရှိတယ်။ ဒါ‌တွေက‌တော့ JMC နဲ့‌တော့ မဆိုင်ဘူး။ ဒါ‌တွေကို ‌ဖြေရှင်းဖို့ နှစ်ဖက်မှာ ရှိတဲ့တပ်‌ခေါင်း‌ဆောင်‌တွေ ညှိနှိုင်း‌ဖြေရှင်းရမယ့်ကိစ္စ ဖြစ်ပါတယ်။ အဲဒီလိုလုပ်တဲ့‌နေရာမှာလည်း နှစ်ဖက်အပြန်အလှန်‌လေးစားပြီး လိုက်နာမှု‌တွေရှိလာရင် ယုံကြည်မှု‌တွေရှိလာမှာ ဖြစ်ပါတယ်။ အဲဒီလို ယုံကြည်မှု ရှိဖို့ကလည်း နှစ်‌ပေါင်း ၆ဝ ‌ကျော်ဖြစ်လာတဲ့ကိစ္စ‌တွေဆို‌တော့ ‌တော်‌တော်‌လေး ကြိုးစားရအုံးမှာ ဖြစ်ပါတယ်။