Home သတင်း တိုင်းရင်းသား‌ကျေးလက်‌ဒေသ အ‌ခြေပြု မိခင်နှင့် က‌လေးကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုသင်တန်း ပြီးစီး

တိုင်းရင်းသား‌ကျေးလက်‌ဒေသ အ‌ခြေပြု မိခင်နှင့် က‌လေးကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုသင်တန်း ပြီးစီး

2347

‌မေလ ၂၁ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး

ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့ရှိ မယ်‌တော်‌ဆေးခန်း၌ ဇန်နဝါရီ ၁၈ရက်မှ ‌မေ ၂၁ ရက်‌နေ့အထိ ဖွင့်လှစ် သင်ကြားပို့ချ‌ပေး‌သော တိုင်းရင်းသား‌ကျေးလက်‌ဒေသများကို အ‌ခြေပြုသည့် မိခင်နှင့် က‌လေးကျန်းမာ‌ရေး ‌စောင့်‌ရှောက်မှုသင်တန်းကို ‌မေလ ၂၁ရက် ‌နေ့တွင် သင်တန်းဆင်းပွဲပြုလုပ်ခဲ့သည်။

မိခင်နှင့် က‌လေးကျန်းမာ‌ရေး‌စောင့်‌ရှောက်မှု လုံ‌လောက်စွာ မရရှိသည့် တိုင်းရင်းသား ‌ကျေးလက်‌ဒေသများ တွင် ‌ဒေသအ‌ခြေပြုသည့် ကျန်းမာ‌ရေးလုပ်သားများ ‌ပေါ်‌ပေါက်လာ‌ရေးအတွက် ရည်ရွယ်၍ ဖွင့်လှစ်‌ပေးသည့် သင်တန်းဖြစ်သည်ဟု မယ်‌တော်‌ဆေးခန်း‌ခေါင်း‌ဆောင် ‌ဒေါက်တာစင်သီယာ‌မောင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“တိုင်းရင်းသား‌ဒေသနဲ့ နယ်စပ်‌ဒေသတို့မှာက ခရီးသွားလာ‌ရေးလမ်းပမ်းဆက်သွယ်‌ရေးက ခက်ခဲတယ်။ ‌နောက်ပြီး မတူတဲ့ဘာသာစကား‌တွေ ကွဲပြားမှု‌တွေ ရှိတယ်။ ဒီ့အတွက် ကိုယ့်‌ဒေသခံ ဘာသာစကားကို အကျုံး ဝင်ပြီး‌တော့ ‌ဒေသထဲမှာ အမြဲရှိမယ့် ကျန်းမာ‌ရေး လုပ်သားလိုတယ်။ အဓိကအားဖြင့် လူထုရဲ့ ကျန်းမာ‌ရေး အ‌ခြေပြုတဲ့ ကျန်းမာ‌ရေးစနစ်နဲ့ အစိုးရရဲ့ကျန်းမာ‌ရေးစနစ်‌တွေကို ပိုပြီး ချိတ်ဆက်‌ပေးနိုင်တဲ့ ကျန်းမာ‌ရေး ဝန်ထမ်း‌ကောင်း‌တွေ ဖြစ်လာဖို့အတွက် ဖြစ်တယ်”ဟု ‌ဒေါက်တာစင်သီယာ‌မောင်က ‌ပြောသည်။

အဆိုပါ ကျန်းမာ‌ရေးလုပ်သားများသည် ‌ကျေးလက်‌ဒေသများ၌ ကျန်းမာ‌ရေး အသိပညာအဆင့်အတန်းမြင့်မား လာရန် ပညာ‌ပေးလုပ်ငန်းများနှင့် ကူးစက်‌ရောဂါ ထိန်းချုပ်သည့်လုပ်ငန်းများတွင် ပူး‌ပေါင်း‌ဆောင်ရွက်သွားမည် ဖြစ်သလို လက်ရှိ ‌ဒေသအ‌ခြေပြုကျန်းမာ‌ရေးလုပ်ငန်းများသည် ‌ရေရှည်အတွက် မဖြစ်မ‌နေလိုအပ်သည့် ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုများကို အစိုးရအ‌နေဖြင့် အား‌ပေးမြှင့်တင်သွားရန်လည်း ‌ဆွေး‌နွေးမှုများ ပြုလုပ်သွားမည်ဟု ၎င်းက ဆက်‌ပြောသည်။
DSC_0234
သင်တန်းတွင် ကရင်၊ သျှမ်း(ရှမ်း)၊ မွန်၊ တ‌အောင်း (ပ‌လောင်)၊ ကရင်နီ(ကယား)အစရှိသည့် ‌ဒေသခံတိုင်းရင်းသူ စုစု‌ပေါင်း(၄၄)ဦး တက်‌ရောက်ခဲ့ပြီး မိခင်နှင့် က‌လေးကျန်းမာ‌ရေးအတွက် လိုအပ်သည့် ကျန်းမာ‌ရေး ‌စောင့်‌ရှောက်မှု၊ မိသားစုစီမံကိန်း၊ HIV နှင့် လိင်ပိုင်းဆိုင်ရာကူးစက်ခြင်းနှင့် ငါးနှစ်‌အောက် က‌လေးငယ်များအား ‌ရောဂါကာကွယ်‌စောင့်‌ရှောက်ခြင်းများကို ‌လေးလကြာ လက်‌တွေ့၊ စာ‌တွေ့သင်ကြား‌ပေးခဲ့ခြင်းဖြစ်သည်။

သင်တန်းသူ နမ့်စိုးကလျာ‌အောင်က “အဓိကအားဖြင့် ဒီသင်တန်းက‌နေ သားဖွားမီယပ်ဆိုင်ရာ‌တွေ၊ မိသားစု စီမံကိန်းနဲ့ ငါးနှစ်‌အောက်က‌လေးငယ်‌တွေ အဖြစ်များတဲ့ ‌ရောဂါ‌တွေစတဲ့ ဘာသာရပ်(၁၀)ခုကို သင်ယူရရှိခဲ့ တယ်။ ဒီအ‌ပေါ်မှာလည်း ကိုယ့်‌ဒေသကို ပြန်‌ရောက်ရင် ‌ဒေသခံကျန်းမာ‌ရေး လုပ်သား‌တွေ လူကြီး‌တွေနဲ့ ပူး‌ပေါင်းပြီး‌တော့ ‌ဒေသခံလူထု‌တွေကို ပြန်ကူညီမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မယ်‌တော်‌ဆေးခန်းမှ ဦး‌ဆောင်ပြီး မိခင်နှင့် က‌လေးကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုသင်တန်းကို ၁၉၉၁ခုနှစ်၌ ကရင် အမျိုးသားအစည်းအရုံး(KNU)၊ ဒူးပလာခရိုင်၌ စတင်ဖွင့်လှစ်သင်ကြားခဲ့ကာ နယ်‌မြေ‌ဒေသ၏ အ‌ခြေအ‌နေ‌ပေါ် မူတည်၍ဖြစ်‌စေ၊ ဆရာများ ရရှိနိုင်သည့် အချိန်အ‌ပေါ် မူတည်၍ဖြစ်‌စေ သင်တန်းများကို မြန်မာပြည်၏ နယ်စပ်‌ဒေသနှင့် ထိုင်းနယ်စပ်‌ဒေသတို့တွင် ‌ဒေသအလိုက် ဖွင့်လှစ်သင်ကြား‌ပေးလျှက်ရှိ သည်ဟု သိရသည်။