ဇူလိုင် ၂၄။ နန်းထူးစံ (ကေအို်င်စီ)
ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်မှ ရွာသူရွာသား (၅၀၀)ကျော်သည် ယခုရက်သတ္တပတ်အတွင်း ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်း မြို့နယ် မဲ့အူစူရွာအနီးရှိ ပြည်တွင်းဒုက္ခသည်များ ယာယီခိုလုံရာနေရာသို့ ထပ်မံရောက်ရှိလာ သည်ဟု သိရသည်။
အဆိုပါဒုက္ခသည်များသည် ပိုင်ကျုံမြို့နယ်အတွင်းရှှိ ဝါးမီကလားကျေးနယ်၊ မဲ့လာအားခီး၊ မဲ့လာအားထာ့မှ ရွာသူ ရွာသားများဖြစ်ကြ ပြီး ထိုင်းဘက်ခြမ်း မဲ့အူစူရှိ ပြည်တွင်းဒုက္ခသည်များ ယာယီခိုလှုံရာ အူးသူးထာ့ စခန်းကို ဇူလိုင်လ (၂၀)ရက်မှ (၂၄)ရက်နေ့အတွင်း ရောက်ရှိလာကြသူများဖြစ်သည်ဟု ဒုက္ခသည်များကို အနီးကပ်ကူညီ စောင့်ရှောက်နေသည့် ယခင်...
ဇူလိုင်လ ၂၈ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မြောက်ဘက် ၄၅ကီလို အကွာအဝေးတွင်ရှိသည့် မယ်လဒုက္ခသည်စခန်းတွင် ယခုနှစ် ဇူလိုင် လအတွင်း တုပ်ကွေးရောဂါ ဖြစ်ပွားမှုမှာ ယခင်နှစ်ထက် ပိုမိုများပြားလာသည်ဟု စခန်းဆေးရုံအုပ် စောနေစဲန်က ကေအိုင်စီကို ပြောသည်။
၎င်းက “တုပ်ကွေးက ဒီနှစ် အဖြစ်များတယ်လို့ ဆိုရမယ်။ ဒီဇူလိုင်လအတွင်းမှာပဲ လူနာက အယောက် (၁၀၀)ကျော်ပြီ။ အဲဒီအ ထဲမှာ တကယ့်ကို ဆိုးရွားတဲ့လူနာက (၁၀)ယောက်လောက် တွေ့ရတယ်။ နှာခေါင်းပါသွေးယိုလို့ အရမ်းစိုးရိမ်ရတဲ့ (၅) ယောက်ကိုတော့ မဲဆောက် ဆေးရုံပို့လိုက်ရတယ်။...
ဇူလိုင်လ ၁၆ရက်။ နန်းထူးစံ (ကေအိုင်စီ)
နအဖ စစ်အစိုးရ၏ ညွန်ကြားမှုကြောင့် ကေအဲန်ယူနယ်မြေများကို ထိုးစစ်ဆင်နေရခြင်းသည် ကရင်အချင်းချင်း တိုက်ခိုက်နေ ခြင်းသာဖြစ်နေသည့်အပေါ် စိတ်ဓာတ်ကျရကြောင်း ဒီကေဘီအေတပ်ဖွဲ့ဝင်အချို့က ထုတ်ဖော်ပြောဆိုလိုက်သည်။
ကရင်အမျိုးသားရေးအတွက် လုပ်ပေးချင်သော်လည်း လူမျိုးအချင်းချင်း ပြန်တိုက်ရသည့်အလုပ်ကို မလုပ်နိုင်တော့ကြောင်း ဇူလိုင်လ ၁၅ ရက်နေ့က ကေအဲန်ယူ တပ်မဟာ(၇)၊ တပ်ရင်း(၁၀၁)ထံသို့ ထွက်ပြေးရောက်ရှိလာသည့် ဒီကေဘီအေ (၉၉၉) အထူးတပ်ရင်းတွင် ၆နှစ်ကြာ တာဝန်ယူခဲ့သူ တပ်ကြပ်ကြီးတဦးက ကေအိုင်စီကို ပြောဆိုသွားသည်။
“ကျနော် စစ်သားမလုပ်ချင်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ တို့ ကရင်အချင်းချင်းပဲ ပြန်တိုက်ရတဲ့အခါကျတော့ လုပ်လည်း...
ဇူလိုင် ၁၅ရက်။ စောခါးစူးညား (ကေအိုင်စီ)
နအဖနှင့် ဒီကေဘီအေ ပူးတွဲထိုးစစ်ကြောင့် ထိုင်းနိုင်ငံ နိုဘိုးကျေးရွာ၌ ယာယီအခြေချ နေထိုင်သည့် စစ်ပြေးကျောင်းသူကျောင်းသားများသည် ကျောင်းဖွင့်ချိန် တလကျော် လွန်ပြီဖြစ်သော်လည်း ကျောင်းမတက်နိုင်သေးသည့် အခြေအနေတွင် ရှိနေကြောင်း လယ်ပေါ်ဟဲ စခန်းဥက္ကဌ စောတာစူးညားက ကေအိုင်စီကို ပြောသည်။
“ကျောင်းသူကျောင်းသားတွေ ကျောင်းတက်နိုင်ဖို့ဆိုရင် စခန်းက အိမ်တွေ အကုန်တည်ဆောက်ပြီးမှဖြစ်မယ်။ အိမ်က ပိုအရေးကြီးတယ် လေ။ ဒါကြောင့် ခလေးတွေ လောလောဆယ်တော့ သူတို့ စာသင်လို့ မရသေးပါဘူး။ ကျနော်တို့တွေ သူများအိမ်မှာ နေရတဲ့အခါကျ တော့...
ဇူလိုင် ၁၁ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ဝင်းရေးမြို့နယ်၊ ဘုရားသုံးဆူနှင့် သံဖြူဇရပ်ကြား အနန်းကွင်းစခန်းရှိ ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ (ကေပီအက်ဖ်) တပ်ရင်း (၃)မှ တပ်ဖွဲ့ဝင်တချို့သည် လက်နက်ခဲယမ်းနှင့်အတူ ဝင်းရေးမြို့နယ်ရှိ ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်(ကေအဲန်အယ်လ်အေ)တပ်ရင်း (၁၆)ထံသိုု့ ယမန်နေ့ညနေက သွားရောက်ပူးပေါင်းခဲ့သည်ဟု ကေပီအက်ဖ် တပ်ဖွဲ့မှ ထုတ်ဖော်ပြောဆိုသည်။
ကေပီအက်ဖ် တပ်ရင်း (၃)မှ ထိပ်ပိုင်းခေါင်းဆောင်တဦးက “ မနေ့က ညနေ ၄နာရီလောက်မှာ တပ်ခွဲမှူး ဗိုလ်နော် ချိဖိုးနဲ့ သူ့လူတွေ ကော်သူလေဆီကို ရောက်ပြီလို့ ကျနော်တို့သိရတယ်။ စခန်းထဲမှာရှိတဲ့ လူပဲပါသွားတယ်။...
ဇူလိုင်လ ၇ရက်။ စောခါးစူးညား (ကေအိုင်စီ)
ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ တောရကျောင်းသစ် ဘုန်းတော်ကြီးကျောင်း၌ ဝါဆိုလပြည့် သဃင်္န်းကပ်လှူပွဲတရပ်ကို ယနေ့နံနက်တွင် ပြုလုပ်ကျင်းပရာ မဲဆောက်ရောက် မြန်မာပြည်သား (၂၀၀) ခန့် လာရောက်ခဲ့ကြသည်။
အဆိုပါ ဝါဆိုသဃင်္န်း ကပ်လှူပွဲကို နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့ကြခြင်းဖြစ်ပြီး ရွှေ့ပြောင်းအလုပ်သမားများ အပါအဝင် မဲဆောက် တွင် နေထိုင်ကြသူများက မြန်မာသံဃာတော်များထံမှ ငါးပါးသီလနှင့် ရှစ်ပါးသီလ ခံယူဆောက်တည်ခဲ့ ကြသည်။
သီလခံယူသည့် မွန်အမျိုးသမီး မိနီလဲ့က "ဒီအလှူပွဲကို လာဆင်နွဲရတာ ကျမ အရမ်းကျေနပ်မိတယ်။ မဲဆောက်မှာ လာနေ တာကြာပြီ။...
ဇူလိုင် ၇ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
နအဖ၏ စစ်အာဏာရှင်စနစ် အမြစ်ပြုတ်သည်အထိ ဆဲဗင်းဇူလိုင် အရေးတော်ပုံ စိတ်ဓာတ်နှင့် ဆက်လက် တိုက်ပွဲဝင်သွား မည်ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (နိုင်ငံခြားရေး ကော်မတီ) က ထုတ်ပြန် ပြောဆိုသည်။
ထိုင်း-မြန်မာ နယ်စပ်၌ ယနေ့ ကျင်းပပြုလုပ်သော (၄၇)နှစ်မြောက် ဆဲဗင်းဇူလိုင် ကျောင်းသား အရေးတော်ပုံကြီး အခမ်းအနားတွင် ယင်းသို့ ထုတ်ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ကျောင်းသားဆိုတဲ့ စိတ်ဓာတ်က မဟုတ်မခံဘူး။ အမှန်တရားကို မြတ်နိုးတယ်။ နောက်ပြီးတော့ ကိုယ့်ထက်တော်တဲ့...
ဇူလိုင် (၃)ရက်၊ စောခါးစူးညား (ကေအိုင်စီ)
မယ်လဒုက္ခသည် စခန်းအတွင်း တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် (ဒီကေ ဘီအေ) ဝင်ရောက် တိုက်ခိုက်မည်ဆိုသည့် သတင်းများထွက်ပေါ် လာခဲ့ သော်လည်း ဖြစ်နိုင်ခြေ မရှိဟု ယနေ့ ဇူလိုင်လ (၃)ရက်နေ့ တွင် မယ်လစခန်း လုံခြုံရေးမှူး စောအားမူက ကရင်သတင်းစဉ်ကို ပြောသည်။
စခန်းပတ်လည်၌ နယ်စပ်စောင့်ထိုင်းလုံခြုံရေးတပ်များက လက်နက်ကြီး၊ လက်နက်ငယ် များနှင့်အတူ လုံခြုံရေးများ ချထားလျှက်ရှိသည့်အပြင် (ဒီကေဘီအေ)အနေဖြင့် စခန်း အတွင်း၌ ၎င်းတို့၏ ဆွေမျိုးသားချင်း အများအပြား ရှိနေသည့်အပေါ်...
ဇူလိုင် ၆ရက်၊ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ် သထုံခရိုင်အတွင်းရှိ အချို့သော ကျေးရွာများတွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (ဒီကေဘီအေ) (၃၃၃) တပ်မဟာမှ စစ်သားသစ်များအပြင် ငွေကြေးပါ ပေးဆောင်ရန် ဇူလိုင်လ (၄) ရက်နေ့က ညွှန်ကြားလိုက်သည်ဟု သိရသည်။
ဒီကေဘီအေ (၃၃၃) တပ်မဟာ၊ တပ်ရင်း(၃)၏ ဒုတပ်ရင်းမှူး ဗိုလ်မှူး သောမနက သထုံခရိုင်။ ဖားအံ မြို့နယ်ရှိ ကျေးရွာများတွင် ဇွန်လလယ်ခန့်မှစ၍ စစ်သားသစ်များ ကောက်ခံခဲ့ပြီး စစ်ထဲဝင်ရောက်သည့် ရွာသားများက လက်နက်များ ယူဆောင်...






