Home သတင်း ရွာသား(၅၀၀)‌ကျော် ထိုင်းဘက်ခြမ်းသို့ ထပ်မံ‌ရောက်ရှိလာ

ရွာသား(၅၀၀)‌ကျော် ထိုင်းဘက်ခြမ်းသို့ ထပ်မံ‌ရောက်ရှိလာ

1962
ဇူလိုင် ၂၄။ နန်းထူးစံ (‌ကေအို်င်စီ)

ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်မှ ရွာသူရွာသား (၅၀၀)‌ကျော်သည် ယခုရက်သတ္တပတ်အတွင်း ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ထာ့‌ဆောင်ယန်း မြို့နယ် မဲ့အူစူရွာအနီးရှိ ပြည်တွင်းဒုက္ခသည်များ ယာယီခိုလုံရာ‌နေရာသို့ ထပ်မံ‌ရောက်ရှိလာ သည်ဟု သိရသည်။

အဆိုပါဒုက္ခသည်များသည် ပိုင်ကျုံမြို့နယ်အတွင်းရှှိ ဝါးမီကလား‌ကျေးနယ်၊ မဲ့လာအားခီး၊ မဲ့လာအားထာ့မှ ရွာသူ ရွာသားများဖြစ်ကြ ပြီး ထိုင်းဘက်ခြမ်း မဲ့အူစူရှိ ပြည်တွင်းဒုက္ခသည်များ ယာယီခိုလှုံရာ အူးသူးထာ့ စခန်းကို ဇူလိုင်လ (၂၀)ရက်မှ (၂၄)ရက်‌နေ့အတွင်း ‌ရောက်ရှိလာကြသူများဖြစ်သည်ဟု ဒုက္ခသည်များကို အနီးကပ်ကူညီ ‌စောင့်‌ရှောက်‌နေသည့် ယခင် လယ့်‌ဘော်ဟဲစခန်း ဥက္ကဌ ‌စော တာစူးညားက ‌ပြောသည်။

သူက “ဒီလ (၂၀)ရက်‌နေ့ကစပြီး‌တော့ (၂၄)ရက်အထိ‌ပေါ့‌လေ။ မဲ့အူစူမှာ ဒုက္ခသည်အသစ် (၅၁၇)‌ယောက် ‌ရောက်လာတယ်။ အိမ်‌ထောင်စုအ‌နေနဲ့ဆို (၈၀)စု‌ပေါ့‌နော်။ သူတို့ရဲ့ ‌နေ‌ရေးထိုင်‌ရေးနဲ့ ရိက္ခာ‌တွေက‌တော့ ဒုက္ခသည်‌တွေကို ကူညီ‌စောင့်‌ရှောက်တဲ့အဖွဲ့ (တီဘီဘီစီ)နဲ့ အခြားသက်ဆိုင်တဲ့အဖွဲ့‌တွေက စီစဉ်‌ပေး‌နေ ပါပြီ”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

အိုးအိမ်များကိုစွန့်၍ ထိုင်းဘက်သို့ မိသားစုအလိုက် ‌ရောက်ရှိလာသည့် အဆိုပါဒုက္ခသည်များသည် ၎င်းတို့‌ဒေသ တွင် ‌ပြောင်းလဲ တာဝန်ယူမည့် ဒီ‌ကေဘီ‌အေတပ်များက စစ်သားသစ်စု‌ဆောင်းခြင်း၊ အဓမ္မလုပ် အား‌ပေး၊ ‌ပေါ်တာ ‌ခေါ်ယူခြင်းနှင့် ‌ငွေ‌ကောက်ခံခြင်း များကို ကြမ်းတမ်းစွာ လုပ်‌ဆောင်လာနိုင်‌ကြောင်း ကြား သိရသည့် အတွက် ယခုလို ထွက်‌ပြေးလာရခြင်းဖြစ်ပြီး ၎င်းတို့အား လက်ရှိ ဒီ‌ကေဘီ‌အေ တပ်ဖွဲ့ဝင်များက ‌နှောက်ယှက် ဟန့်တားခြင်း မရှိဟု သိရသည်။

အလားတူ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် နအဖနှင့် ဒီ‌ကေဘီ‌အေ တပ်များ ထပ်မံ‌ရောက်ရှိလာသည့် အတွက် မဲ့ကလယ်ရွာသား အိမ်‌ထောင်စု ၈စုမှ ရွာသူရွာသား (၃၀)‌ကျော်ကလည်း ယခုရက်သတ္တပတ် အတွင်း ထိုင်းဘက် ခြမ်းရှိ မဲ့တရီ‌နေရာသို့ ထပ်မံ‌ရောက်ရှိလာပြီး လက်ရှိအချိန်တွင် ၎င်းတို့ကို ‌ထောက်ပံ့ ကူညီ‌ပေးမည့်သူ မရှိ‌သေး သည့်အတွက် ရွာခံများ၏ အကူအညီဖြင့်သာ ခက်ခက်ခဲခဲ ‌နေထိုင်စား‌သောက် ကြရသည်ဟု မဲ့အူစူရွာသားတဦး က ‌ပြောသည်။

လွန်ခဲ့‌သော ဇွန်လဆန်းက တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် (ဒီ‌ကေဘီ‌အေ)နှင့် နအဖ တပ်ဖွဲ့တို့က ဖားအံ ခရိုင်အတွင်းရှိ ‌ကေအဲန်ယူ တပ်မဟာ(၇)ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ထို‌ဒေသ တွင်းရှိ ရွာ‌ပေါင်း(၂၀)‌ကျော်မှ ရွာသူရွာသား‌ပေါင်း (၄‚၀၀၀)‌ကျော် ထိုင်းဘက်ကမ်းရှိ မဲ့အူစူ(အူးသူးထာ့)၊ နိုဘိုးနှင့် မဲ့တရီ‌ကျေးရွာအတွင်း ‌ရောက်ရှိ‌နေထိုင်ကြသည်။

အဆိုပါဒုက္ခသည်များမှာ လက်ရှိအချိန်တွင် ‌နေရပ်ပြန်နိုင်ခြင်းမရှိ‌သေးသည့်အတွက် မိုးတွင်းကုန်ဆုံးမည့် ၂၀၀၉ ခုနှစ်၊ ‌အောက်တို ဘာ၊ နိုဝင်ဘာလအထိ ထာ့‌ဆောင်ယန်းရှိ ‌နေရာ‌ခြောက်ခုတွင် ယာယီ‌နေထိုင်သွား မည်ဖြစ်ပြီး တချိန်တည်းတွင် ဒုက္ခသည်များ၏ လုံခြုံ‌ရေးနှင့် စားဝတ်‌နေ‌ရေးအ‌ခြေအ‌နေကို ‌နောက်တဆင့် အ‌နေဖြင့် ဆုံးဖြတ်လုပ်‌ဆောင်သွားမည်ဟု တီဘီဘီစီက ဆိုသည်။

ထို့အပြင် အ‌ခြေအ‌နေတိုးတက်လာမှု မရှိ‌သေးပါက ဒုက္ခသည်များကို မယ်လစခန်းသို့ ပို့‌ဆောင်သွားမည် ဖြစ်ပြီး မြန်မာဘက်ကမ်း သို့ ပြန်လည်‌နေထိုင်နိုင်‌ရေးနှင့် ၎င်းတို့‌နေရပ်၏ အ‌ခြေအ‌နေများ နဂိုအတိုင်း ပြန်လည်‌ကောင်း မွန်လာ‌ရေးသည် ဒီ‌ကေဘီ‌အေ၊ နအဖစစ်တပ်နှင့် ‌ကေအဲန်အယ်လ်‌အေတပ်များ၏ လှုပ်ရှားမှုအ‌ပေါ်တွင်သာ မူတည်‌ကြောင်း တီဘီဘီစီ၏ ယမန်‌နေ့ထုတ် အစီရင်ခံ စာတွင် ‌ဖော်ပြထားသည်။

ဒီ‌ကေဘီ‌အေနှင့် နအဖတပ်များသည် ‌ကေအဲန်ယူ တပ်မဟာ(၇)ကို ထိုးစစ်ဆင်မှု‌ကြောင့် ဒုက္ခသည်များ ထွက်‌ပြေး လာမှုမှာ ယ‌နေ့အ ထိ ရပ်တန့်ခြင်းမရှိ‌သေးသလို တပ်မဟာ(၆)ကိုလည်း ထိုးစစ်ဆင်‌တော့မည့် သတင်း‌ကြောင့် သက်ဆိုင်ရာ‌ဒေသခံများမှာ အထိတ် တလန့် ဖြစ်‌နေကြသည်ဟု သိရသည်။