Home သတင်း ဆဲဗင်းဇူလိုင်စိတ်ဓာတ်နှင့် ဗကသ ဆက်လက်တိုက်ပွဲဝင်သွားမည်

ဆဲဗင်းဇူလိုင်စိတ်ဓာတ်နှင့် ဗကသ ဆက်လက်တိုက်ပွဲဝင်သွားမည်

2109
ဇူလိုင် ၇ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

နအဖ၏ စစ်အာဏာရှင်စနစ် အမြစ်ပြုတ်သည်အထိ ဆဲဗင်းဇူလိုင် အ‌ရေး‌တော်ပုံ စိတ်ဓာတ်နှင့် ဆက်လက် တိုက်ပွဲဝင်သွား မည်ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ‌ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (နိုင်ငံခြား‌ရေး ‌ကော်မတီ) က ထုတ်ပြန် ‌ပြောဆိုသည်။

ထိုင်း-မြန်မာ နယ်စပ်၌ ယ‌နေ့ ကျင်းပပြုလုပ်‌သော (၄၇)နှစ်‌မြောက် ဆဲဗင်းဇူလိုင် ‌ကျောင်းသား အ‌ရေး‌တော်ပုံကြီး အခမ်းအနားတွင် ယင်းသို့ ထုတ်ပြန် ‌ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“‌ကျောင်းသားဆိုတဲ့ စိတ်ဓာတ်က မဟုတ်မခံဘူး။ အမှန်တရားကို မြတ်နိုးတယ်။ ‌နောက်ပြီး‌တော့ ကိုယ့်ထက်‌တော်တဲ့ အနစ်နာ ခံတတ်တဲ့လူကို ‌ခေါင်း‌ဆောင်တင်တယ်။ ‌ကျောင်းသား စိတ်ဓာတ် နှင့်အတူ လက်နက်ကိုင် ‌တော်လှန်‌ရေးနှင့် လူထုတိုက်ပွဲနဲ့အတူ ‌ပေါင်းစပ်လိုက်လို့ရှိရင် ဘယ်တိုက်ပွဲမဆို ‌အောင်မြင်မှာ ‌သေချာတယ်။ ‌ကျောင်းသား‌သွေးဆိုတာ ဘယ်‌တော့မှ မတိမ်မွှမ်း သွားပါဘူး။ ဒီစိတ်ဓာတ်နဲ့ အာဏာရှင်စနစ်ကို ဆက်တိုက်သွားရင် ‌အောင်မြင်မှာ ဖြစ်တယ်” ဟု ၁၉၇၄ ခုနှစ် ‌ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့သူ ဦး‌မောင်‌မောင်တိတ်က ‌ပြောသည်။

၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်‌နေ့တွင် စစ်တပ်က ‌ကျောင်းသားအ‌ရေး‌တော်ပုံကြီးမှာ ‌ကျောင်းသူ‌ကျောင်းသား (၁၀၀) ‌ကျော် ပစ်သတ်ခဲ့ပြီး ဗိုလ်ချုပ်‌နေဝင်း၏ အမိန့်ဖြင့် ရန်ကုန်တက္ကသိုလ် ‌ကျောင်းသားသမဂ္ဂ အ‌ဆောက်အဦးကြီးကိုလည်း ဒိုင်းနမိုက်ဖြင့် ဖြိုခွင်းပစ်ခဲ့သည်ဟု ဆဲဗင်းဇူလိုင် အ‌ရေးအခင်းကို ကိုယ်‌တွေ့ကြုံခဲ့ရသည့် ကရင်အမျိုးသားအစည်းအရုံး၏ ဒုဥက္ကဌဖြစ်သူ ရန်ကုန်တက္ကသိုလ် ‌ကျောင်းသား‌ဟောင်း ‌စော‌ဒေးဗစ်သက‌ဘောက ‌ပြောသည်။

၎င်းက “၁၉၆၂ ခုနှစ် မတ်လမှာ ‌နေဝင်းအာဏာသိမ်းတယ်။ အာဏာသိမ်းတဲ့အခါကျ‌တော့ ‌ကျောင်းသား‌တွေက မ‌ကျေနပ်ဘူး။ စစ်တပ်က‌နေပြီး‌တော့ မတရားအာဏာသိမ်းတယ်ဆိုပြီး‌တော့ ဆန္ဒပြကြတယ်။ အဲဒီ ဆဲဗင်းဇူလိုင် မ‌ရောက်ခင်ကတည်း က ဆန္ဒပြပွဲက အကြီးအကျယ်ပြတယ်။ အခင်းဖြစ်ပွားတဲ့ ည‌နေက ‌ကျောင်းသား‌တွေ ဆန္ဒပြတဲ့လူကပြ၊ ကြည့်တဲ့လူကကြည့် ည‌နေ(၅)နာရီ‌လောက်မှာ စပစ်ခတ်ကြတာ‌ပေါ့။ ပစ်တာ (၁၅)မိနစ်‌လောက်ကြာတယ်။ ‌နောက်‌နေ့မနက် (၆)နာရီ‌လောက်မှာ စစ်တပ်က တက္ကသိုလ်အ‌ဆောက်အဦးကို မိုင်းနဲ့ ‌ဖောက်ခွဲတယ်။ လှမ်းကြည့်လိုက်‌တော့ အ‌ပေါ်မှာ မီးခိုးကြီးက ‌မှောင်မည်းပြီး တခါတည်း သွားကြည့်လိုက်‌တော့ အ‌ဆောက်အဦးတခုလုံး ပြားကုန်ပြီ”ဟု ‌ပြောသည်။

(၄၇)နှစ်‌မြောက် ဆဲဗင်းဇူလိုင် ‌ကျောင်းသား အ‌ရေး‌တော်ပုံကြီး အခမ်းအနား
(၄၇)နှစ်‌မြောက် ဆဲဗင်းဇူလိုင် အခမ်းအနား

ဇူလိုင် (၇) အ‌ရေး‌တော်ပုံသည် ဗမာပြည်သမိုင်းတွင် စစ်အာဏာရှင်စနစ်ကို အ‌စောဆုံး ဆန့်ကျင်ခဲ့သည့် ‌ကျောင်းသားသပိတ် တိုက်ပွဲဖြစ်ပြီး ဗမာ့နိုင်ငံ‌ရေးသမိုင်းတွင် စစ်အာဏာရှင်စနစ်‌အောက်တွင် ‌ကျောင်းသားများ ပထမဆုံး‌သွေး‌မြေကျခဲ့ရသည်‌နေ့ လည်း ဖြစ်သည်။