ဩဂုတ်လ ၃။ ‌စောသိန်းမြင့် (‌ကေအိုင်စီ) ရှမ်းပြည်နယ်‌မြောက်ပိုင်း နမ့်ဆန်မြို့နယ်ရှိ လက်ဖက်‌တောင်သူများသည် စီးပွား‌ရေး ကြပ်တည်းမှု‌ကြောင့် စားနပ်ရိက္ခာပြတ် လပ်သည့် ပြဿနာများနှင့် ရင်ဆိုင်‌နေရသည်ဟု တအာင်း(ပ‌လောင်)‌ကျောင်းသားနှင့် လူငယ်များအစည်းအရုံးက ယ‌နေ့ ‌ပြောသည်။ အဆိုပါ လက်ဖက်‌တောင်သူများသည် လက်ဖက်‌ဈေး အဆမတန် ကျဆင်းလာသည့်အ‌ပေါ် ဆန်ဝယ်စားနိုင်ခြင်းမရှိသည် အ တွက် ‌ပြောင်းဖူး၊ သစ်ဥ၊ သစ်ဖု၊ ပိန်းဥ၊ အသီးအရွက်များကို ဆန်နှင့်‌ရော၍ စား‌နေရသည့် အ‌ခြေအ‌နေတွင်ဖြစ်‌နေ‌ကြောင်း တအာင်း‌ကျောင်းသားနှင့် လူငယ်များအစည်းအရုံး အ‌ထွေ‌ထွေအ တွင်း‌ရေးမှူး မိုင်း‌အောင်ကိုက ‌ပြောသည်။ “ကျ‌နော်တို့ ပ‌လောင်ပြည်သူ‌တွေဟာ အဓိက...
ဇူလိုင်လ ၃၁ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ) ဒီ‌ကေဘီ‌အေ တပ်မဟာ (၅)မှူး ဗိုလ်မှူးချုပ်‌စောလားပွယ် (‌ခေါ်) ဗိုလ်နှုတ်ခမ်း‌မွှေးသည် ‌ကေအဲန်ယူတပ်မဟာ (၆)နယ် ‌မြေကို ထိုးစစ်ဆင်ရန်အတွက် ဇူလိုင်လ ၂၉ရက်‌နေ့က ဝင်း‌ရေးမြို့နယ်၊ ဖားပြ‌ကျေးရွာတွင် ‌ရောက်ရှိ‌နေပြီဟု ‌ဒေသခံများ က ‌ပြောသည်။ “မ‌နေ့ည (၈)နာရီ‌လောက်မှာ သူ့လူအ‌ယောက်(၁၂၀)နဲ့ ဖားပြရွာကို ‌ရောက်လာပြီး‌တော့ ရွာလယ်ဘုန်းကြီး‌ကျောင်းမှာ တည်းတယ်။ အဲဒီထဲမှာ (၉၀၁)၊ (၉၀၆)၊ (၉၀၇)တပ်ရင်း‌တွေပါတယ်လို့ ကျ‌နော်တို့ သိရတယ်။ တပ်မဟာ(၆)ကို မ‌နေ့က တည်းက ထိုးစစ်ဆင် စတင်‌နေပြီ‌လေ။...
ဇူလိုင် ၂၁ရက်၊ ‌စောသိန်းမြင့် (‌ကေအိုင်စီ) ကရင်ပြည်နယ်‌မြောက်ပိုင်း ‌ညောင်‌လေးပင်ခရိုင် ‌ကျောက်ကြီးမြို့နယ်နှင့် မုန်းမြို့နယ်တို့တွင် နအဖစစ်အစိုးရ အာဏာပိုင် များက ယခုလဆန်းပိုင်းမှစ၍ ပြည်သူ့စစ် အတင်းအဓမ္မ‌ကောက်ခံခဲ့သည်ဟု ‌ကေအဲန်ယူက သတင်းထုတ်ပြန်သည်။ ယင်းသို့‌ကောက်ခံရာတွင် ‌ကျောက်ကြီးမြို့နယ် ဘ‌လောဂွင်ရှိ ‌ကျေးရွာအုပ်စုတစုလျှင် လူ ၂ဝဦးနှင့် အရံ ၁၅ဦး ‌ကောက်ခံပြီး မုန်းမမြို့နယ်ဂွင် (၂)နှင့် (၃)တွင် ‌ကျေးရွာအုပ်စုုတအုပ်စုလျှင် (၆၀)ဦး ပြည်သူ့စစ်ထဲ မဖြစ်မ‌နေဝင်ရ မည်ဟု နအဖ အမှတ် (၂) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးတင်‌မောင်က ညွှန်ကြား‌ကြောင်း ယင်းထုတ်ပြန်ချက်တွင်...
M. ထက်‌ခေါင် (၁) ပြီးခဲ့သည့်လ က‌ကေအဲန်ယူတပ်မဟာ (၆) စခန်းတခုဖြစ်‌သော ‌ဝေါ်‌လေခီးစခန်းကို ဒီ‌ကေဘီ‌အေ တပ်ရင်းများနှင့် နအဖတပ်တို့ပူး‌ပေါင်းကာ ထိုးစစ်ဆင်ခဲ့သည်။ ‌ကေအဲန်အယ်လ်‌အေမှ တပ်မှူးတဦး ကျဆုံးခဲ့ခြင်းမှအပ ‌ကေအဲန်ယူတွင် ကြီးကြီးမားမား ထိခိုက်နစ်နာမှုမရှိ။ နအဖတပ် ပစ်ခတ်မှု‌ကြောင့် ထိုင်းဘက်ခြမ်းသို့ လက်နက်ကြီးကျည်များကျ‌ရောက်ပြီး ထိုင်းနယ်ခြား‌စောင့်တပ်မှ အချို့ထိခိုက် ‌သေ‌ကြေခဲ့သည်။ ထိုင်းရွာသား အချို့လည်း ထိခိုက်ဒဏ်ရာရကြသည်။ ‌ဝေါ်‌လေခီးရွာ နှင့် အနီးပတ်ဝန်းကျင် ရွာအချို့မှ လူများလည်း ‌ရှောင်တိမ်းကြရ၊ တိုက်ပွဲ‌ကြောင့် ရွာမှာ ပိုထိခိုက်နစ်နာမည်စိုး‌သော‌ကြောင့် ‌ကေအဲန်အယ်‌အေက စခန်းမှ‌နောက်ဆုတ်‌ပေးခဲ့သည်။ ရန်သူနှင့် ဒီ‌ကေဘီ‌အေတို့...
‌မေး - ဘီအဲန်အိုင်ဟာ ဖွဲ့စည်းလာခဲ့တာ (၆)နှစ်ခွဲရှိပြီဆို‌တော့ ဒီကာလအ‌တောအတွင်းမှာ ဖြတ်သန်းလာခဲ့တဲ့ အ‌နေအထားအရ ဘာ‌တွေလုပ်‌ဆောင်နိုင်ခဲ့ပါသလဲ၊ ‌ဖြေ - ဒီကျ‌နော်တို့ ဘီအဲန်အိုင်က အလုပ်‌ဆောင်‌ပေးနိုင်ဆုံးက‌တော့ ကျ‌နော်တို့ ဘီအဲန်အိုင်ထဲမှာ ပါဝင်‌နေတဲ့ အဖွဲ့ဝင်‌တွေရဲ့ (Capacity Building ) အရည်အ‌သွေးဆိုင်ရာ မြင့်တင်မှုလုပ်ငန်း‌တွေမှာ ကျ‌နော်တို့အများကြီး လုပ်‌ဆောင်နိုင်ခဲ့တယ်။ ဘီအဲန်အိုင်က‌နေ ပြီး‌တော့မှ တခြားသက်ဆိုင်ရာ မီဒီယာ‌တွေကို အား‌ပေးကူညီတဲ့အဖွဲ့နဲ့ ပူး‌ပေါင်းပြီး‌တော့ တခြားသက်ဆိုင်ရာအဖွဲ့ဝင်ရဲ့ အ‌ခြေခံသတင်းပညာသင်တန်း‌တွေ၊ ဓာတ်ပုံသင်တန်း‌တွေ၊ ဗီဒီယို သင်တန်း‌တွေ၊ ဝက်ဘ်ဆိုက်သင်တန်း‌တွေကို ကျ‌နော်တို့သင်‌ပေးခဲ့တယ်။ အဲဒီ‌နောက်ပိုင်းမှာ ကျ‌နော်တို့သက်...
ခိုင်မာ‌ကျော်‌ဇော အဖွားရယ်... နင်ဘယ်သွားသွား ချန်မထားနဲ့ နင်ဘယ်‌ပြေး‌ပြေး ငါလိုက်‌ပြေးမယ် နင်ငတ်‌သေလည်း ငါလိုက်‌သေမယ် စစ်သားကြီးကို ငါ‌ကြောက်တယ်။ အဖွားရယ်... ငါတို့ အိမ်မှာ ‌နေချင်ပါတယ် ဒါ‌ပေမယ့်လည်း မ‌နေရဲဘူး၊ စစ်သားကြီးကို ငါ‌ကြောက်တယ်၊ ငါတို့ ပညာသင်ချင်ပါတယ် ဒါ‌ပေမယ့်လည်း ငါတို့‌ကျောင်းကို မသွားရဲဘူး၊ စစ်သားကြီးကို ငါ‌ကြောက်တယ်။ ငါတို့‌တောင်ယာ မ‌ဝေးပါဘူး၊ ဒါ‌ပေမယ့်လည်း မသွားရဲဘူး၊ စစ်သားကြီးကို ငါ‌ကြောက်တယ်၊ ငါတို့ နွားကို သူဆွဲသွားတာ ငါမြင်ပါတယ်၊ ဒါ‌ပေမယ့်လည်း မ‌ပြောရဲဘူး စစ်သားကြီးကို ငါ‌ကြောက်တယ်။ ငါ့မိဘကို သူနှိပ်စက်တာ ငါမြင်ပါတယ်၊ ဒါ‌ပေမယ့်လည်း မ‌အော်ရဲဘူး စစ်သားကြီးကို ငါ‌ကြောက်တယ်။ ငါ့မိဘကို သူတို့ သတ်တာ ငါမြင်ပါတယ် ဒါ‌ပေမယ့်လည်း မငိုရဲဘူး စစ်သားကြီးကို ငါ‌ကြောက်တယ်။ ဟိုမှာ... ဟိုမှာ... စစ်သားကြီး‌တွေ ‌သေနတ်‌တွေနဲ့ ငါတို့ရှိရာ လာ‌နေကြပြီ ငါ့ကို ချစ်ရင် ဖက်ထား‌ပေးပါ စစ်သားကြီးကို ‌ကြောက်လို့ပါ စစ်သားကြီးကို ‌ကြောက်လို့ပါ စစ်သားကြီးကို ‌ကြောက်လို့ပါ။ (ဇွန်လ ၁၅ရက်။ ၂၀၀၉)
အမည် - ‌စော‌ထောင်း‌ထော့စူ ၂၃နှစ် ပညာအရည်အချင်း - အထက်တန်းလွန်အဆင့် ‌နေရပ် - ဖားပြ‌ကျေးရွာ၊ ကြာအင်းဆိပ်ကြီးမြို့နယ် ကျ‌နော်က ‌မောင်နှမ ၄ ‌ယောက်မှာ ဒုတိယ‌မြောက်သားဖြစ်တယ်။ ကြာအင်းဆိပ်ကြီးမြို့နယ် တွဲဖက် အထက ဖားပြ‌ကျောင်းက‌နေ ခလယ်တံခွန်တိုင်၊ တွဲဖက်အထက၊ ပြီး‌တော့ ကြာအင်းဆိပ်ကြီးမြို့မှာ ဆယ်တန်း‌အောင်တယ်၊ ဆယ်တန်းမ‌အောင်ခင် ၂၀၀၁ ခုနှစ်က ‌ကေအဲန်ယူ တပ်မဟာ(၆)ရဲ့အထူး တပ်ရင်းမှာ တပ်သားအဖြစ် ဝင်‌ရောက်ခဲ့တယ်။ အသက်လည်းငယ်‌သေး‌တော့ ‌ခေါင်း‌ဆောင်‌တွေက ပညာဆက်သင်ဖို့ တိုက်တွန်းတယ်၊ ၂၀၀၂ခုနှစ်မှာ အထက်တန်း‌အောင်ပြီး ထီးနယ်ချီးရွာ မူလတန်း ‌ကျောင်းမှာ...
ဩဂုတ် ၁။ ‌စောသိန်းမြင့် (‌ကေအိုင်စီ) ကရင်ပြည်နယ် သဃင်္န်းညီ‌နောင်ရှိ ‌ကော့ကရိတ်-မြဝတီကားလမ်း တံတားကျိုးစခန်းမှ အ‌ရှေ့‌တောင်တိုင်း စစ်ဌာနချုပ် အ‌ခြေချစစ်ဗျူဟာမှ တာဝန်ခံ စစ်ဗျူဟာမှူးတဦးသည် အဖွဲ့အစည်းအမည်ခံကာ ကိုယ်ကျိုးရှာ အခွန်‌ကောက်ခံလျှက်ရှိသည်ဟု သိရသည်။ အဆိုပါ စစ်ဗျူဟာမှူး ဗိုလ်မှူးခင်‌မောင်ဝင်းသည် ၂၀၀၈ခုနှစ်မှစ၍ ယခုအချိန်ထိ ထိုင်း-မြန်မာနယ်စပ် မြဝတီမှ တင်သွင်းလာ‌သော လိုင်စင်မဲ့ ဂျပန်‌မော်‌တော်ယာဉ်ကားများကို ကားအမျိုးအစားအ‌ပေါ် မူတည်ပြီး တစီးလျှင် ကျပ် ၂သိန်းမှ ၅သိန်းအထိ ‌ကောက်ခံ‌နေသည့်အပြင် တရားမ ဝင် တင်‌ဆောင်လာ‌သော ကန့်သတ်ကုန်တင်ကားများကိုလည်း ကုန်ပစ္စည်းအ‌ပေါ် မူတည်ပြီး တစီးလျှင်...
ဇူလိုင်လ ၂၃ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ) လက်ဖက်ဖျက်ပိုး အစီရင်ခံစာ စစ်အစိုးရ၏ မှားယွင်းသည့် စီမံခန့်ခွဲမှု။ ခြစားလာဘ်စားမှုတို့‌ကြောင့် လက်ဖက်တွင် အဝါ‌ရောင်ဆိုး‌ဆေးပါဝင်ှု လက်ဖက်များကို ပိတ်ပင်တားမြစ်ခြင်းသည် လက်ဖက်‌တောင်သူများသာ ထိခိုက်ပြီး မှန်ကန်သည့် ‌ဖြေရှင်းမှုမဟုတ်ဟု တအာင်း (ပ‌လောင်)လုပ် ငန်းအဖွဲ့က ဆိုသည်။ ထိုင်းနယ်စပ်တွင် ယ‌နေ့ပြုလုပ်သည့် တအာင်း (ပ‌လောင်)လုပ်ငန်းအဖွဲ့၏ “လက်ဖက်ဖျက်ပိုး”အမည်ရှိ အစီရင်ခံစာ ရှင်းလင်း ပွဲတွင် ပ‌လောင်ပြည်နယ်လွတ် ‌မြောက်‌ရေးတပ်ဦး (PSLF) အလုပ်အမှု‌ဆောင် ‌ကော်မတီဝင် မိုင်းဘုန်း‌ကျော်က ယခုလို ‌ပြော သည်။ ၎င်းက “ဒီ ၂၀၀၉...
ဇူလိုင် ၂၆ရက်။ administrator ‌ကေအိုင်စီ မယ်လဒုက္ခသည်စခန်းတွင် ဘိန်းမဲ‌ရောင်းဝယ်ဖြန့်ဖြူးသည့် ဒုက္ခသည်နှစ်ဦးကို ထိုင်းစစ်တပ်က ဇူလိုင်လ ၂၅ရက်‌နေ့တွင် လာ ‌ရောက်ဖမ်းဆီးသွားခဲ့‌ကြောင်း စခန်းတွင်း ‌နေထိုင်သူ ဒုက္ခသည်တဦး၏ ‌ပြောပြချက်အရ သိရသည်။ သူက “ဒီ‌နေ့မွန်းလွဲ(၃)နာရီ‌ကျော်‌လောက်မှာ ထိုင်းက စခန်း‌ဆေးရုံ‌ရှေ့မှာ ဘိန်း‌ရောင်းဝယ်တဲ့လူနှစ်‌ယောက်ကို လာရှာဖမ်း သွားတယ်”ဟု ‌ကေအိုင်စီကို ‌ပြောသည်။ ထိုကိစ္စနှင့်ပတ်သက်၍ စခန်းလုံခြုံ‌ရေးတာဝန်ခံ ‌စောအားမူက “စခန်းအပြင်ဘက် ထိုင်းရွာ‌တွေက ဘိန်းမဲ‌တွေကို စခန်းထဲမှာ ‌ရောင်းဝယ်ဖြန့်ဖြူး‌နေတဲ့ ဇုံစီ ရပ်ကွက်(၁)ဘီက ‌ကောင်‌လေးတ‌ယောက်ကို ၁ကီလို‌လောက်ရှိတဲ့ ဘိန်းတထုပ်နဲ့ ထိုင်းစစ်တပ် က ဖမ်းမိသွားတယ်။...