MOST POPULAR
ပြာသိုမှာပွင့်တဲ့ ခွာညိုဖူးကိုပဲ ပန်ချင်တယ်
ပြာသိုမှာပွင့်တဲ့ ခွာညိုဖူးကိုပဲ ပန်ချင်တယ်
• ဒီရာသီမှာ ကျွဲချိုသံကြားရင်
သံစဉ် သဲကွဲပါ့မလား...
လရောင်မဲ့တဲ့ညမှာ ဖားစည်သံကြားရင်
အိပ်ရာနိုးပါ့မလား...
ပြာသိုနှင်းက
ရင်ကိုအေးမြစေပါ့မလား...။
• ရွေ့လျားနေရတဲ့ ကာလမှာ
တစ်ခါတစ်ခါ ရောင်နီကို မေ့နေသလို...
ကောက်သစ်ဦးရဲ့အရသာကို မသိတော့သလို...
စိမ်းလွန်းတယ်
စိမ်းရက်တယ်
ဘဝမေ့နေတယ်။
•တစိမ်းတွေရဲ့ ပျားရည်စက်ကြောင့်
တွင်းရေတွေလည်း နောက်ခဲ့ရပြီ
အတွင်းစည်းတွေလည်း ထိန်းရခက်ပြီ
ဒီခရီး အရင်းအနှီးက များလွန်းတော့
အကျိုးအမြတ်က ပုဂ္ဂိုလ်ရေး ဆန်လွန်းတယ်။
• ဘယ်သို့ ဆိုစေ...
ဘယ်သို့ ရှိစေ...
မလိမ်ကြေး မညာကြေး
ဘယ်လိုပဲရောရော
ရောလို့မရတဲ့ မူလအရောင်ဟာ
မနက်ခင်းရဲ့...
LATEST ARTICLES
စောရှား (ဩဂုတ် ၂၂ ရက်၊ ၂ဝ၁၉ခုနှစ်)
ကရင်ပြည်နယ်အမျိုးသမီးလက်ရွေးစင် ဘောလုံးသမားတစ်ယောက်ဖြစ်ဖို့ အိပ်မက်တွေနဲ့ ကြိုးစားနေတဲ့ ဝင်းရော်သူ ကရင်မိန်းမပျိုလေးတစ်ယောက်ရှိနေပါတယ်။ သူကတော့ လက်ရှိ ဖားအံတက္ကသိုလ်မှာ ပထမနှစ် (သတ္တဗေဒ) အထူးပြုဘာသာရပ်ကို တက်ရောက်နေတဲ့ အသက် ၁၈နှစ်အရွယ် နန်းဖော့သောင်ကျာ(နာန်.ဖဝ့်သုဂ်ကျာ) ဖြစ်ပါတယ်။
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်းရော်ဒေသ၊ ဒုံလီ(မြို့ဟောင်း)ရွာ ဇာတိကနေ ဖားအံမြို့ကို ပညာ သင်ဖို့ ရောက်ရှိလာတဲ့ ဖော့သောင်ကျာဟာဆိုရင် မူလတန်းကျောင်းသူဘဝကတည်းက ဘောလုံးကန်ဖို့ စိတ်ပါ ဝင်စားခဲ့တာပါ။ ၇ တန်းကစပြီး ရွာထဲက သူငယ်ချင်း(မိန်းကလေး၊...
ဇွန် (၂၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတွင် ပါဝင်လာမည့် ကော်သူးလေဖက်ဒရယ်ယူနစ်ပေါ်ထွန်းရေးအတွက် ပူးပေါင်းဆောင်ရွက်မှုအားကောင်းကောင်းဖြင့် ကျရာအခန်းကဏ္ဍမှ ကြိုးပမ်းလုပ်ဆောင်သွားကြရန် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနှင့် ကရင်အရပ်ဖက်အဖွဲ့များအကြား ဆွေးနွေးညှိနှိုင်းပွဲမှ သဘောတူခဲ့ကြကြောင်း သိရသည်။
ကေအဲန်ယူနှင့် ကရင်အရပ်ဖက်အဖွဲ့အစည်း(၂၆)ဖွဲ့ပါဝင်သည့် ဆွေးနွေးညှိနှိုင်းပွဲတစ်ရပ်ကို ပြီးခဲ့သည့် ဇွန်လ(၁၅)ရက်မှ (၁၈)ရက်နေ့အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးနှင့် ဆက်စပ်သော နိုင်ငံရေးအရွေ့အပြောင်း အခြေအနေများကို ဆွေးနွေးခဲ့ကြသည်ဟု ကေအဲန်ယူ-ဗဟိုက ယနေ့ထုတ်ပြန်သည်။
ထိုဆွေးနွေးပွဲကို အချင်းချင်းကြားပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းစေရန် ရည်ရွယ်ပြုလုပ်သလို ကော်သူးလေဖက်ဒရယ်ယူနစ် တည်ဆောက်ရာတွင်လည်း နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စည်းရုံးရေး စသဖြင့် ကဏ္ဍအသီးသီး၌...
ဇွန် (၂၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူခရိုင်၊ မူးမြို့နယ်ရှိ စစ်အုပ်စုတပ်စခန်းကို ဇွန်လ(၂၀)ရက်နေ့တွင် KNLA မှ တိုက်ခိုက်ပြီး လက်နက်(၃)လက် သိမ်းယူနိုင်ခဲ့သလို စစ်အုပ်စုတပ်ဖွဲ့ဝင်(၁၆)ဦးမှာလည်း ဇွန်လဒုတိယအပတ်အတွင်း လယ်ဒိုမြို့နယ် KNDO ထံသို့ ဘက်ပြောင်းခိုလှုံခဲ့ကြောင်း ကေအဲန်ယူ ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် ဇွန်လ (၂၀) ရက်နေ့ ည ၁၁ နာရီဝန်းကျင်တွင် မူးမြို့နယ်၊ ဒိုးဒိုကျေးရွာအတွင်းတပ်စွဲထားသည့် စစ်အုပ်စု၏ ခြေမြန်တပ်ရင်း ခမရ (၄၃၉) တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း...
ဇွန် (၂၂)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆) ဝင်းရေးမြို့နယ်ထဲရှိ အနန်းကွင်း စစ်အုပ်စုဗျူဟာစခန်းမှ ယမန်နေ့ ဇွန်လ (၂၁)ရက်နေ့တွင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ဝင်းခနရွာရှိ အမျိုးသမီး(၃)ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။
ယမန်နေ့ ညနေ (၅)နာရီဝန်းကျင်တွင် အဆိုပါ အနန်းကွင်းစစ်ဗျူဟာတပ်စခန်းမှ လက်နက်ကြီး(၈)လုံးပစ်ခတ်ခဲ့၍ ဝင်းခနရွာနှင့် ပန်းအောင်ရွာထဲသို့ကျရောက်ပေါက်ကွဲပြီး လူနေအိမ်ထိခိုက်မှုအပြင် ဝင်းခနရွာရှိ ညီအစ်မ(၃)ဦး ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု ဒေသခံများကပြောသည်။
“မနေ့က ညနေ(၅)နာရီကျော်ကျော်မှာ ပစ်တယ်။ ရွာထဲမှာကျတော့ သူများအိမ်ခြံထဲက အုန်းပင်တွေထိပြီး အဲဒီအစနဲ့ နော်လေးလေးမူနဲ့...
ဇွန် (၂၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
သတင်းပညာအရည်အသွေးမြင့်တင်ရန်၊ သတင်းသမားများဘေးကင်းလုံခြုံစွာ သတင်းယူနိုင်ရန်နှင့် မီဒီယာကျင့်ဝတ်များ ရေးဆွဲကျင့်သုံးနိုင်ရန်အတွက် ရခိုင်သတင်းသမားများပါဝင်သော အာရက္ခမီဒီယာကောင်စီ-APC ကို ဖွဲ့စည်းလိုက်ကြောင်း ယနေ့ ဇွန်လ(၂၂)ရက်တွင် ထုတ်ပြန်သည်။
ပြည်တွင်း၊ ပြည်ပမှ လွတ်လပ်သောရခိုင်သတင်းသမား (၃၃) ဦး ပါဝင်ဆုံးဖြတ်မှုဖြင့် ဇွန်လ(၁၄)ရက်နေ့က အစည်းအဝေးတွင် APC ကို ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး ရေရှည်ခိုင်မာပြီး လွတ်လပ်သည့်အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်သွားမည်ဖြစ်ကြောင်း သိရသည်။
“လက်ရှိ ကျနော်တို့က ရခိုင်သတင်းသမားတွေကို အခြေခံတယ်ပေါ့နော်။ ကော်မတီမှာ ရခိုင်သတင်းသမား(၃၃)ယောက်ပါတယ်။ ရခိုင်ပြည်ထဲမှာ ပြည်ပမှာနဲ့...
ဇွန်လ ၂၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူ/ညောင်လေးပင်ခရိုင်၊ လယ်ဒို/ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စစ်အုပ်စုတပ်၏ မကြာခဏဆိုသလို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှု လုပ်ဆောင်လျက်ရှိသောကြောင့် လယ်ယာစိုက်ပျိုးရန် အခက်အခဲ ကြုံနေရသည်ဟု ဒေသခံစစ်ရှောင်တောင်သူများ၏ ပြောပြချက်အရ သိရ သည်။
လက်ရှိ နယ်မြေမတည်ငြိမ်သည့်အပြင် လုံခြုံမှုမရှိသောကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ကျေးရွာဒေသခံများသည် မိုးစပါးစိုက်ပျိုးချိန်ကာလ ရောက်လာသော်လည်း စစ်အုပ်စုတပ်ဖွဲ့ဝင်များမှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်နေသောကြောင့် စိုက်ပျိုး လုပ်ကိုင်ရာတွင် အခက်အခဲများကို ရင်ဆိုင်နေကြရခြင်း ဖြစ်သည်။
“လယ်ထဲ သွားရင် လက်နက်ကြီးသံတွေကို...
“လိုအပ်တဲ့ပစ္စည်းတွေကို မြို့ပေါ်မှာ ဝယ်ယူသယ်ယူဖို့ တအားခက်ခဲတယ်။ ဂိတ်တွေမှာ စစ်ဆေးတာ တအားများတဲ့အပြင် တချို့ဆို ဖမ်းဆီးထိန်းသိမ်းတာတွေတောင် ရှိတယ်”
ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ- KRC ၏ ပြောရေးဆိုခွင့်ရှိသူ စောနေကော်မူး
ဇွန် (၂၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ပြီးခဲ့သည့်မတ်လက လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုဖြစ်ပွားခဲ့သည့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃) ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ လယ်ဒို(ကျောက်ကြီး) မြို့နယ်မှာ လက်ရှိအချိန်ထိလည်း စစ်အုပ်စုစစ်ကြောင်းထိုးလှုပ်ရှားမှု၊ လက်နက်ကြီးပစ်ခတ်မှုများ ဖြစ်ပေါ်နေ၍ ဇွန်လ မိုးတွင်းကာလရောက်သည်အထိ ဒေသခံလူထု စစ်ဘေးရှောင်နေရဆဲ အခြေအနေရှိသည်။
စားဝတ်နေရေးအပြင် စစ်ရှောင်များလတ်တလောကြုံတွေ့နေရသည့်အခက်အခဲ၊ လိုအပ်ချက်နှင့်...
“ကျမတို့နိုင်ငံရဲ့အခြေအနေနဲ့လက်ရှိသွားနေတဲ့ အခြေအနေမျိုးက တရားမျှတမှုရနိုင်ဖို့ တရားရုံးတွေဆီသွားတဲ့လမ်းကြောင်းမျိုး မရှိဘူး။ ကျမတို့လုပ်နိုင်ကိုင်နိုင်တဲ့ဘောင်ထဲကနေ လုပ်ရတာဖြစ်တယ်။”
MWiM တည်ထောင်သူ ဒေါ်တင်ဇာအောင်နှင့်ဆက်သွယ်မေးမြန်းခြင်း။
ဇွန် (၂၂)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
လွတ်လပ်တဲ့မြန်မာသတင်းမီဒီယာတွေဟာ စစ်အုပ်စုအာဏာသိမ်းပြီးနောက်ပိုင်း သတင်းစာလွတ်လပ်ခွင့်ဖိနှိပ်ခံရမှု တဖြည်းဖြည်းဆိုးရွားလာတာကြောင့် နယ်စပ်နဲ့ ပြည်ပဒေသတွေမှာ သွားရောက်အခြေစိုက်ပြီး သတင်းအလုပ်ကိုဆက်လက်လုပ်ကိုင်နေကြရပါတယ်။ အဲဒီလိုအခြေအနေမှာ မြန်မာမီဒီယာအသိုင်းအဝိုင်း၊ မီဒီယာလုပ်ငန်းခွင် အထူးသဖြင့် ပြည်ပရောက် Exile Media တွေမှာ လိင်ပိုင်းဆိုင်ရာနှောက်ယှက်ခံရမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
အဲဒီဖြစ်စဥ်တွေကနေ အကာအကွယ်ပေးနိုင်ဖို့၊ အသိပညာပေးနိုင်ဖို့နဲ့ တိုင်ကြားနိုင်ဖို့အတွက် Myanmar Women in Media-MWiM...
ဇွန်လ ၂၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
အနာဂတ် ကရင်နီပြည်တည်ဆောက်ရေးတွင် ပြည်သူလူထု၊ နိုင်ငံရေးအင်အားစုများနှင့် တော်လှန်ရေး တပ်ပေါင်းစုများအကြား စည်းလုံးညီညွတ်မှုနှင့် အပြန်အလှန်ယုံကြည်လေးစားမှုတို့ကို အခြေခံကာ ဘုံရည်မှန်းချက်အောင်မြင်သည်အထိ ဆက်လက်ပူးပေါင်းကြိုးပမ်းသွားကြရန် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က တိုက်တွန်းပြောဆိုလိုက်သည်။
ယနေ့ ဇွန်လ (၂၁) ရက်နေ့တွင် ကျရောက်သည့် (၁၅၁) နှစ်မြောက် ကရင်နီအမျိုးသားနေ့သို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ၌ ယခုလို ပြောဆိုထားခြင်း ဖြစ်သည်။
သဝဏ်လွှာအတွင်း ခေတ်အဆက်ဆက် အာဏာရှင်စနစ်အဆုံးသတ်ရေး၊ တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက်...
ဇွန်လ ၂၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)၊ ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျောက်ဖျာကျေးရွာအုပ်စု၊ သဝေါသော (ချောင်းစောင့်) ကျေးရွာ အနီးတဝိုက် လေကြောင်းရန် စိုးရိမ်မှုကြောင့် ကျေး ရွာ (၆)ရွာထက်မနည်းမှ ဒေသခံများ ဘေးလွတ် ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ (၁၈) ရက်နှင့် (၁၉) နေ့အထိ နှစ်ရက်ဆက်တိုက်လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် လေကြောင်းရန် ထပ်မံစိုးရိမ်ရသဖြင့် သဝေါသော (ချောင်းစောင့်) ကျေးရွာအပြင် အနီးအနားရှိ မယ်ရူခီး၊...
ဇွန်လ ၂၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
မြန်မာနိုင်ငံအတွင်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် နိုင်ငံရေး၊ လုံခြုံရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများ ပိုမိုဆိုးရွားလာပြီး လက်ရှိတွင် ကမ္ဘာပေါ်၌ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု အများဆုံးနိုင်ငံများအနက် တစ်နိုင်ငံအဖြစ် ရပ်တည်နေကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီ ဘစ်ရှော့က သတိပေးပြောဆိုသည်။
ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့က ပြုလုပ်သည့် ကုလသမဂ္ဂအထွေထွေညီလာခံ၏ အလွတ် သဘောအစည်းအဝေးတွင် အထူးကိုယ်စားလှယ် ဂျူလီ ဘစ်ရှော့က မြန်မာနိုင်ငံအခြေအနေ ဆိုးရွားလာမှုနှင့် ပတ်သက်၍...



















