Home သတင်း မယ်လစခန်းတွင် ယခင်နှစ်ထက် တုပ်‌ကွေး‌ရောဂါ အဖြစ်များလာ

မယ်လစခန်းတွင် ယခင်နှစ်ထက် တုပ်‌ကွေး‌ရောဂါ အဖြစ်များလာ

1907
ဇူလိုင်လ ၂၈ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့‌မြောက်ဘက် ၄၅ကီလို အကွာအ‌ဝေးတွင်ရှိသည့် မယ်လဒုက္ခသည်စခန်းတွင် ယခုနှစ် ဇူလိုင် လအတွင်း တုပ်‌ကွေး‌ရောဂါ ဖြစ်ပွားမှုမှာ ယခင်နှစ်ထက် ပိုမိုများပြားလာသည်ဟု စခန်း‌ဆေးရုံအုပ် ‌စော‌နေစဲန်က ‌ကေအိုင်စီကို ‌ပြောသည်။

၎င်းက “တုပ်‌ကွေးက ဒီနှစ် အဖြစ်များတယ်လို့ ဆိုရမယ်။ ဒီဇူလိုင်လအတွင်းမှာပဲ လူနာက အ‌ယောက် (၁၀၀)‌ကျော်ပြီ။ အဲဒီအ ထဲမှာ တကယ့်ကို ဆိုးရွားတဲ့လူနာက (၁၀)‌ယောက်‌လောက် ‌တွေ့ရတယ်။ နှာ‌ခေါင်းပါ‌သွေးယိုလို့ အရမ်းစိုးရိမ်ရတဲ့ (၅) ‌ယောက်ကို‌တော့ မဲ‌ဆောက် ‌ဆေးရုံပို့လိုက်ရတယ်။ A-H1N1 ‌တော့ မဟုတ်ဘူး။ ပြီးခဲ့တဲ့နှစ်က ဆိုလို့ရှိရင် တုပ်‌ကွေးလူနာက ဆယ်‌ယောက်‌ကျော်‌ကျော်‌လောက်ပဲ ရှိတယ်”ဟု ဆိုသည်။

အဆိုပါ‌ဝေဒနာသည်များသည် တုပ်‌ကွေး‌ရောဂါလက္ခဏာများဖြစ်သည့် ကိုယ်ပူပြီး အဖျားတက်ခြင်း၊ တကိုယ်လုံးကိုက်ခဲခြင်း၊ ‌အော့အန်ခြင်းနှင့် နှာ‌ခေါင်း‌သွေးယိုခြင်းဖြစ်လာပြီး ရက်ကြာလာလျှင် ‌ခြေ‌ထောက်များ‌ပျော့လာပြီး လမ်းမ‌လျှောက်နိုင်‌တော့ သည်အထိ ခံစားလာရ‌ကြောင်း သူက ဆက်‌ပြောသည်။

ယင်းသို့ဖြစ်ပွားရာတွင် လူကြီးများထက် က‌လေးလူငယ်များက ပို၍အဖြစ်များပြီး လက်ရှိအချိန်တွင် စခန်းကျန်းမာ‌ရေးတာဝန်ခံ များက ရပ်ကွက်တွင်းနှင့် စာသင်‌ကျောင်းများတွင် ကြိုတင်ကာကွယ်မှုဆိုင်ရာ ကျန်းမာ‌ရေးပညာ‌ပေးမှုများ ပြုလုပ်‌ပေး‌နေသည် ဟု သိရသည်။

မယ်လစခန်းရှိ ‌အေအမ်အိုင်‌ဆေးရုံ (ဓာတ်ပုံ-‌ကေအိုင်စီ)
မယ်လစခန်းရှိ ‌အေအမ်အိုင်‌ဆေးရုံ (ဓာတ်ပုံ-‌ကေအိုင်စီ)

အဆိုပါ တုပ်‌ကွေး‌ရောဂါ‌ကြောင့် ‌သေဆုံးမှုများ မရှိ‌သေး‌သော်လည်း စိုးရိမ်ရသည့် အ‌နေအထားတွင် ရှိသည်ဟု မယ်လစခန်း ကျန်းမာ‌ရေးတာဝန်ခံ ဆရာမ‌နော်စီစီးလျာက ‌ပြောသည်။ “အခုဖြစ်‌နေတာ ရိုးရိုးတုပ်‌ကွေးဆို‌ပေမယ့် စိုးရိမ်ရတယ်။ ဒီရိုးရိုး အဆင့်က‌နေ ‌သွေးလွန်တုပ်‌ကွေးအဆင့်ထိ တက်သွားလို့ရှိရင် ပိုပြီးစိုးရိမ်ရအုံးမယ်။ အဲဒီအချိန်ကျရင် အ‌ရေး‌ပေါ်အဖြစ် ‌သွေး ‌တွေပါ လိုအပ်မယ်”ဟု သူမက ‌ပြောသည်။

အလားတူပင် အုန်းဖျန်ဒုက္ခသည်စခန်း၌လည်း ရာသီအလိုက်ဖြစ်ပွားသည့် တုပ်‌ကွေး‌ရောဂါဖြစ်ပွားမှုများရှိ‌သော်လည်း မယ်လ စခန်း‌လောက် ‌ဝေဒနာသည်ဦး‌ရေ များပြားခြင်းမရှိဟု စခန်းဥက္ကဌ ‌စောဝါးထီးက ‌ပြောသည်။

“အုန်းဖျန်မှာလည်း ‌လေကတိုက်၊ မိုးကရွာနဲ့ အ‌တော်များများ တုပ်‌ကွေးဖြစ်ကြတယ်။ ကျ‌နော်ကိုယ်တိုင်‌တောင် နှာ‌စေးပြီး အ သက်ရှူမ‌ကောင်းဘူး။ အများစုက‌တော့ က‌လေး‌တွေ‌ပေါ့။ ဒါ‌ပေမဲ့ ဒီမှာက မယ်လစခန်းထက်စာရင် ‌လေ‌ကောင်း‌လေသန့်ရ ‌သေးတယ်‌လေ။ မယ်လမှာက လူ‌နေထူထပ်ပြီး ‌လေ‌ကောင်း‌လေသန့်ရတာနည်း‌တော့ တုပ်‌ကွေးပိုဖြစ်မှာ‌ပေါ့”ဟု ‌စောဝါးထီး က ဆိုသည်။

ယခုလအတွင်း နယ်စပ်ဒုက္ခသည်စခန်းများအပြင် မဲ‌ဆောက်မြို့၊ မယ်‌တော်‌ဆေးခန်းတွင် တုပ်‌ကွေး‌ရောဂါဖြစ်ပွားသည့် လူနာ များ ‌ရောက်ရှိလာ‌သော်လည်း စိုးရိမ်ရသည့်အ‌နေအထားသို့ မ‌ရောက်ရှိ‌သေး‌ကြောင်း သိရှိရသည်။