Home သတင်း ‌ကေပီအက်ဖ် တပ်ဖွဲ့ဝင်တချို့ ‌ကေအဲန်ယူထံ ပူး‌ပေါင်း

‌ကေပီအက်ဖ် တပ်ဖွဲ့ဝင်တချို့ ‌ကေအဲန်ယူထံ ပူး‌ပေါင်း

1717
ဇူလိုင် ၁၁ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဝင်း‌ရေးမြို့နယ်၊ ဘုရားသုံးဆူနှင့် သံဖြူဇရပ်ကြား အနန်းကွင်းစခန်းရှိ ကရင်ငြိမ်းချမ်း‌ရေးတပ်ဖွဲ့ (‌ကေပီအက်ဖ်) တပ်ရင်း (၃)မှ တပ်ဖွဲ့ဝင်တချို့သည် လက်နက်ခဲယမ်းနှင့်အတူ ဝင်း‌ရေးမြို့နယ်ရှိ ကရင်အမျိုးသားလွတ် ‌မြောက်‌ရေးတပ်မ‌တော်(‌ကေအဲန်အယ်လ်‌အေ)တပ်ရင်း (၁၆)ထံသိုု့ ယမန်‌နေ့ည‌နေက သွား‌ရောက်ပူး‌ပေါင်းခဲ့သည်ဟု ‌ကေပီအက်ဖ် တပ်ဖွဲ့မှ ထုတ်‌ဖော်‌ပြောဆိုသည်။

‌ကေပီအက်ဖ် တပ်ရင်း (၃)မှ ထိပ်ပိုင်း‌ခေါင်း‌ဆောင်တဦးက “ မ‌နေ့က ည‌နေ ၄နာရီ‌လောက်မှာ တပ်ခွဲမှူး ဗိုလ်‌နော် ချိဖိုးနဲ့ သူ့လူ‌တွေ ‌ကော်သူ‌လေဆီကို ‌ရောက်ပြီလို့ ကျ‌နော်တို့သိရတယ်။ စခန်းထဲမှာရှိတဲ့ လူပဲပါသွားတယ်။ စခန်းအပြင်မှာ‌နေတဲ့လူကျ‌တော့ ပါမသွားဘူး။ သူတို့သွားတာ သူတို့ရဲ့ တပ်ရင်းမှူးက ပြန်‌ခေါ်လိုက်တာပဲ ဖြစ်နိုင်တယ်” ဟု ‌ပြောသည်။

အဆိုပါ ‌ကေအဲန်ယူထံပူး‌ပေါင်းသည့် တပ်ရင်း (၃)တပ်ခွဲ(၁)မှူး ဗိုလ်ကြီး ‌စော‌နော်ချိဖိုးအဖွဲ့သည် တပ်အင်အား (၁၆)ဦး ပါရှိပြီး ၎င်းတို့နှင့်အတူ ကာဘိုင်(၇)လက်၊ ‌အေ‌ကေ (၆)လက်၊ အမ်၁၆ (၃)လက်၊ 79(၁)လက်၊ ဗစ်စတို(၄)လက်၊ စကား‌ပြောစက်(၅)လုံးနှင့် ကျည်တချို့ပါရှိသည်ဟု သိရသည်။

ထို‌နေ့တွင်ပင် ဒူးပလာယာခရိုင် ကြာအင်းမြို့နယ် စခ‌ချောင်းဝ အ‌ခြေစိုက် ဒီ‌ကေဘီ‌အေ တပ်ရင်း (၉၀၁ )တပ်ခွဲ (၂)မှ ‌စောကဲ့ကဲ့နှင့် ၎င်း၏တပ်ဖွဲ့ဝင် (၅)ဦးသည်လည်း လက်နက်ခဲယမ်းများနှင့်အတူ ‌ကေအဲန်အယ်လ်‌အေ တပ်ရင်း(၁၆) ထံသို့ သွား‌ရောက်ပူး‌ပေါင်းပြီး ၎င်းတို့ယူ‌ဆောင်သွားသည့် လက်နက်အ‌ရေအတွက်ကိုမူ အတိအကျမသိရှိရပါ။

ယင်းသို့ လာ‌ရောက်ပူး‌ပေါင်းသူများသည် နအဖစစ်အစိုးရ၏ ၂၀၁ဝ ‌ရွေး‌ကောက်ပွဲမတိုင်ခင် အပစ်ရပ်အဖွဲ့များကို နယ်ခြား‌စောင့်တပ် အသွင်ကူး‌ပြောင်း‌ရေးကိစ္စနှင့်ပတ်သက်၍ သ‌ဘောမတူကြသည့်အတွက် ယခုလို လာ‌ရောက်ပူး ‌ပေါင်းခြင်းဖြစ်သည်ဟု ‌ကေအဲန်ယူ တပ်မဟာ(၆)ဗျူဟာမှူး ဗိုလ်မှူးကြီး ‌စောဂျိုးဇွာက ‌ပြောသည်။

၎င်းက“ သူတို့‌တွေဟာ နယ်ခြား‌စောင့်တပ်ဖြစ်ရမယ်‌လေ၊ မဖြစ်ခင်မှာ သင်တန်းလည်းတက်ရမယ်၊ အဲဒါကို သူတို့ သ ‌ဘောမတူကြလို့ အခုလိုပြန်လာတာဖြစ်တယ်” ဟု ကရင်သတင်းစဉ်ကို ‌ပြောသည်။

ယခုလို ‌ကေအဲန်ယူနှင့် သွား‌ရောက်ပူး‌ပေါင်းသည့် ‌ကေပီအက်ဖ် တပ်ဖွဲ့ဝင်များ၏တပ်ရင်းမှူးဖြစ်သူ ဒုဗိုလ်မှူးကြီး မန်း‌လေးဝါးသည် ပြီးခဲ့သည့် ၈ ရက်‌နေ့က ‌ကေအဲန်အယ်လ်‌အေမှ ဗိုလ်ဆာ့ပယ်ထူးဦး‌ဆောင်သည့် ‌ကေအဲန် အယ်လ်‌အေတပ်ဖွဲ့က လာ‌ရောက်ဖမ်းဆီးသွားသည်ဟု ‌ကေပီအက်ဖ်က ‌ပြောဆိုခဲ့‌သော်လည်း ၎င်းတို့သည် မိမိတို့သ ‌ဘောဆန္ဒအရသာ လာ‌ရောက်ပူး‌ပေါင်းခြင်းဖြစ်သည်ဟု ‌ကေအဲန်ယူဘက်က ‌ပြောဆိုသည်။

ထိုကဲ့သို့ ‌ကေပီအက်ဖ်နှင့် ဒီ‌ကေဘီ‌အေ တပ်ဖွဲ့ဝင်များက ‌ကေအဲန်ယူထံ သွား‌ရောက်ပူး‌ပေါင်း‌နေချိန်တွင် ‌ကေအဲန်ယူ တပ်မဟာ ၆ ဌာနချုပ်ကို ထိုးစစ်ဆင်ရန် နအဖနှင့် ဒီ‌ကေဘီ‌အေစစ်တပ်တို့က စစ်‌ရေးပြင်ဆင်မှုများ အသင့်အ‌နေအ ထားမှာရှိ‌နေပြီဟု ဘုရားသုံးဆူရှိ သတင်းရပ်ကွက်များက ‌ပြောဆို‌နေကြသည်။