Home သတင်း စစ်‌ပြေးက‌လေးငယ်များ ပညာသင်ကြား‌ရေး တည်ငြိမ်မှုမရှိ‌သေး

စစ်‌ပြေးက‌လေးငယ်များ ပညာသင်ကြား‌ရေး တည်ငြိမ်မှုမရှိ‌သေး

1584
ဇူလိုင် ၁၅ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

နအဖနှင့် ဒီ‌ကေဘီ‌အေ ပူးတွဲထိုးစစ်‌ကြောင့် ထိုင်းနိုင်ငံ နိုဘိုး‌ကျေးရွာ၌ ယာယီအ‌ခြေချ ‌နေထိုင်သည့် စစ်‌ပြေး‌ကျောင်းသူ‌ကျောင်းသားများသည် ‌ကျောင်းဖွင့်ချိန် တလ‌ကျော် လွန်ပြီဖြစ်‌သော်လည်း ‌ကျောင်းမတက်နိုင်‌သေးသည့် အ‌ခြေအ‌နေတွင် ရှိ‌နေ‌ကြောင်း လယ်‌ပေါ်ဟဲ စခန်းဥက္ကဌ ‌စောတာစူးညားက ‌ကေအိုင်စီကို ‌ပြောသည်။

“‌ကျောင်းသူ‌ကျောင်းသား‌တွေ ‌ကျောင်းတက်နိုင်ဖို့ဆိုရင် စခန်းက အိမ်‌တွေ အကုန်တည်‌ဆောက်ပြီးမှဖြစ်မယ်။ အိမ်က ပိုအ‌ရေးကြီးတယ် ‌လေ။ ဒါ‌ကြောင့် ခ‌လေး‌တွေ ‌လော‌လောဆယ်‌တော့ သူတို့ စာသင်လို့ မရ‌သေးပါဘူး။ ကျ‌နော်တို့‌တွေ သူများအိမ်မှာ ‌နေရတဲ့အခါကျ ‌တော့ စာသင်ချင်‌ပေမယ့် သင်လို့ မရပါဘူး။ စာသင်ဖို့မ‌ပြောနဲ့ သူတို့အိမ်မှာ‌နေဖို့ လက်ခံထားတာကိုပဲ ကံ‌ကောင်း။ အခု ကျ‌နော်တို့ အိမ်‌တွေကိုပဲ ဦးစား‌ပေး ‌ဆောက်‌နေပါတယ်”ဟု သူက ‌ပြောသည်။

ဆက်လက်၍ သူက “တချို့‌ကျောင်းသား‌တွေ မ‌စောင့်နိုင်ကြလို့ မယ်လစခန်းသွားပြီး‌တော့ ‌ကျောင်းသွားတက်ကြတယ်။ သွားတက်တဲ့ သူ‌တွေ (၅၀)‌ကျော် ‌လောက်ရှိပြီ။ ဒါ‌ပေမယ့် ဒီမှာ ‌ကျောင်းသူ‌ကျောင်းသားဦး‌ရေ‌တွေ (၃၀၀)‌ကျော်‌တော့ ရှိ‌နေ‌သေးတယ်။ သူတို့‌တွေ ‌တော့ အခုဖွင့်လှစ်မယ့် စခန်းသစ်‌ကျောင်းမှာပဲ ဆက်လက်စာသင်ကြားသွားမှာဖြစ်တယ်။ စခန်းဖွင့်ဖို့ ဇူလိုင် (၇)ရက်‌နေ့က ကျ‌နော်တို့ အိမ်‌ဆောက်တာ ခုထိပဲ။ ‌နောက်ပတ်ဆိုရင် ပြီးနိုင်မယ်။ အိမ်‌ဆောက်ပြီးတာနဲ့ ‌ကျောင်း‌ဆောက်မယ်”ဟု ဆိုသည်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အတွင်းသို့ ထွက်‌ပြေးလာသူ ကရင်ရွာသား ၇၀၀‌ကျော်ရှိသည့် ယာယီအ‌ခြေစိုက် မဲ‌ခေါခီး‌နေရာ၌လည်း ‌ကျောင်း သားများသည် ထိုင်းအာဏာပိုင်များမသိ‌အောင် ခိုး‌ကြောင်ခိုးဝှက် စာသင်‌နေရသည်ဟု ကရင်လူငယ်အစည်းအရုံး (‌ကေဝိုင်အို) အဖွဲ့ဝင် တဦးဖြစ်သူ ‌စောဆာကလိုကလည်း ‌ကေအိုင်စီကို ယခုလို ‌ပြောသည်။

“က‌လေး‌တွေက‌တော့ စာအရမ်းသင်ချင်တယ်။ ဆရာမ‌တွေကလည်း သင်‌ပေးချင်တယ်။ ထိုင်း သိမှာကလည်း စိုးရိမ်တယ်။ သူတို့က သင်ခွင့်မ‌ပေးဘူး‌လေ။ ဒါ‌ပေမယ့် သူတို့ယာယီ‌နေရတဲ့‌နေရာမှာပဲ အချိန်ရသ‌လောက် လစ်ရင် လစ်သလို ဆရာမ‌တွေက က‌လေး‌တွေကို သင်‌ပေးတာပဲ။ တရားဝင်‌တော့ မဟုတ်‌သေးဘူး‌ပေါ့။ ဒီက‌လေး‌တွေ စာ‌ကောင်း‌ကောင်း သင်ကြားနိုင်ဖို့က‌တော့ ဘယ်အချိန်မှ ဖြစ်လာမ လဲဆိုတာ ‌ပြောရခက်ပါ‌သေးတယ်”ဟု ၎င်းက ‌ပြောသည်။

စစ်‌ပြေးဒုက္ခသည် ၁,၀၀၀‌ကျော် ယာယီအ‌ခြေစိုက်‌နေရာ အူးသူးထာ့မှလည်း ‌ကျောင်းသူ‌ကျောင်းသားများသည် ‌ကျောင်း‌ဆောင်များ မ‌ဆောက်လုပ်ရ‌သေးသည့်အ‌ပေါ် စာမသင်နိုင်‌သေး‌ကြောင်းနှင့် ‌ကျောင်းသားမိဘများက ဤနှစ်အတွင်း မိမိက‌လေးများ စာသင်ကြားခွင့် မရမှာကို စိုးရိမ်‌ကြောင်း အမည်မ‌ဖော်လိုသူ အူးသူးထာ့‌ဒေသခံတဦးက ‌ပြောသည်။

နအဖနှင့် ဒီ‌ကေဘီ‌အေ ပူးတွဲထိုးစစ်သည် ကရင်ရွာသားများဒုက္စ‌ရောက်ရသည့်အပြင် ‌ကျောင်းသူး‌ကျောင်းသားများ၏ ပညာ‌ရေးကို များ စွာထိခိုက်နစ်နာခဲ့‌ကြောင်း ‌စေးဖိုးခီး ‌ဘော်ဒါ‌ဆောင် ‌ကျောင်းဆရာဖြစ်သူ ‌စောမူးက‌ပေါ်ကလည်း ယခုလို‌ပြောသည်။

“ကျ‌နော်တို့ရွာဟာ ထိုးစစ်မဖြစ်လာလို့ ‌အေး‌အေးချမ်းချမ်း‌နေရမယ်ဆိုရင် အခု‌လောက်ဆိုရင် က‌လေး‌တွေ ‌ကျောင်းတက်ရပြီး‌တော့ စာ ‌ကောင်း‌ကောင်းသင်ရ‌လောက်ပြီ။ အခု‌တော့ က‌လေး‌တွေ စာမသင်ရဘဲ ဒီမှာပဲ ‌သောင်တင်တာကြာပြီဖြစ်တဲ့အတွက် ‌တော်‌တော်စိတ် ညစ်ရတယ်။ ဖြစ်နိုင်ရင် စာသင်‌ကျောင်း‌တွေ မြန်မြန်ပြီးချင်လှပြီ။ ဒါမှ ကျ‌နော်တို့ ‌ကျောင်းသူ‌ကျောင်းသား‌လေး‌တွေ ‌ပျော်ရွှင်လာမယ်”ဟု ၎င်းက ‌ပြောသည်။

မဲ့တရီရှိ က‌လေးငယ်များ ဖြစ်သလို စာသင်ကြား‌နေစဉ် (ဓာတ်ပုံ-‌ကေအိုင်စီ)
မဲ့တရီရှိ က‌လေးငယ်များ ဖြစ်သလို စာသင်ကြား‌နေစဉ် (ဓာတ်ပုံ-‌ကေအိုင်စီ)

ထိုးစစ်‌ကြောင့် ဖားအံခရိုင်၊ ပိုင်ကျုံ(တာကရယ်)နှင့် လှိုင်းဘွဲ(လူးပလယ်)မြို့နယ်များမှ ထွက်‌ပြေးလာသည့် ‌ကျောင်း‌နေအရွယ် က‌လေး ငယ်များမှာ စုစု‌ပေါင်း (၇၀၀)နီးပါးရှိပြီး ထိုအထဲတွင် လက်ရှိ‌ကျောင်းသား‌လေးများမဟုတ်ဘဲ အသက်အရွယ်ပိုင်းအရ ‌ကျောင်း‌နေရန်သင့် ‌တော်သည့် က‌လေးငယ်များလည်း များစွာ ကျန်ရှိ‌နေ‌သေး‌ကြောင်း ဖားအံခရိုင်၊ ပညာ‌ရေးတာဝန်ခံက ‌ပြောသည်။

ပြီးခဲ့သည့် ဇွန်လ (၂)ရက်‌နေ့မှစ၍ ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ) တပ်မဟာ(၇)နယ်‌မြေကို စစ်အစိုးရနှင့် တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် (ဒီ‌ကေဘီ‌အေ)တပ်တို့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲ‌ဆောက်မြို့‌မြောက် ဖက် မဲ့သ‌ဝေါနှင့် မဲ့တန်အကြားရှိ အူးသူးထာ့၊ နိုဘိုး၊ မဲ့တရီနှင့် သ‌လေ့ထာ့ စသည့်‌နေရာများတွင် ထွက်‌ပြေးလာခဲ့သည့် ကရင်ရွာသား ၄,၀၀၀‌ကျော်တွင် ‌ကျောင်းသူ‌ကျောင်းသားများစွာ ပါဝင်ခဲ့သည်။