မဲ့လာအားခီးရွာသူကြီး ‌စောတင်လှ “ရန်သူ (နအဖနှင့် ဒီ‌ကေဘီ‌အေ) ဝင်လာ ‌တော့မယ်လို့ ကြားတာနဲ့ ကျ‌နော်တို့ တရွာ လုံးလည်း ဘာမှယူမခင်‌တော့ဘဲ ထွက်‌ပြေး လာခဲ့တယ်။ အရင်က သူတို့ ဝင်လာရင် ကျ‌နော်တို့ကို ‌မေးမြန်း၊ ရိုက်နှက် သတ်ဖြတ်တာ‌တွေ လုပ်တာ ခံခဲ့ရဘူး‌တော့ သူတို့လာပြီဆိုရင် ကျ‌နော်တို့က ဘယ်လိုမှ ရင်မဆိုင်ရဲ‌တော့ဘူး။ အခုလည်း ကျ‌နော်တို့ ထွက်‌ပြေးလာပြီး ‌နောက်ပိုင်း ရွာက ‌နေအိမ်‌တွေကို ‌ခေါင်း‌ပေါင်းဝါ အဖွဲ့က ဖျက်လိုက်ပြီလို့ ကြားတယ်။ ဒီ‌ကောင်‌တွေကို ပြန်တိုက်ဖို့ပဲ ရှိ‌တော့တယ်။...
ဇွန်လ ၈ ရက် နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ) ကရင်ပြည်နယ် ဖားအံခရိုင်တွင် ဖြစ်ပွား‌နေသည့် တိုက်ပွဲများအတွင်း တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မ‌တော် (ဒီ‌ကေဘီ‌အေ) တပ်ဖွဲ့များက အနီးတဝိုက်မှ ရွာသားများအား ‌ရှေ့တန်းသို့ လိုက်ပါရန် လိမ်လည်‌ခေါ်‌ဆောင် ခဲ့သည်ဟု ဇွန်လ(၇)ရက်‌နေ့က ‌ကေအဲန်ယူ နယ်‌မြေသို့ ထွက်‌ပြေး လွတ်‌မြောက်လာသူ ရွာသားတဦးက ‌ပြောသည်။ သူက “ဗိုလ်ချစ်သူ ဦးစီးတဲ့အဖွဲ့က ကျ‌နော်တို့ ရွာသား‌တွေကို ဘုရားသွားတည်ဖို့ လိုက်ရမယ်ဆိုပြီး တရွာကို ရွာသား အ‌ယောက်(၂၀)စီ ‌ခေါ်တယ်။ တကယ်တမ်းကျ‌တော့ ဘာဘုရားမှ မ‌တွေ့ဘဲ...
ဇွန်လ ၁ဝရက်၊ ‌ကေအိုင်စီ ဇွန်လဆန်းပိုင်းမှစ၍ ဖြစ်ပွားခဲ့သည့် ထိုင်း-မြန်မာနယ်စပ် တိုက်ပွဲများအတွင်း နအဖနှင့် ဒီ‌ကေဘီ‌အေ တပ်ဖွဲ့ဝင်များ ပစ်ခတ်ခဲ့သည့် လက်နက် ကြီး (၇)လုံးမှာ ထိုင်းဘက်ကမ်းသို့ ကျ‌ရောက်ခဲ့သည်ဟု ‌ဒေသဆိုင်ရာ ထိုင်းအာဏာပိုင်များ၏ ‌ပြောပြချက်အရ သိရသည်။ အဆိုပါ လက်နက်မှာ (RPG) အမျိုးအစားဖြစ်ပြီး ထိုင်းဘက်ကမ်းရှိ နိုဘိုး‌ကျေးရွာဘက်ခြမ်းတွင် ဇွန်လ (၈)ရက်‌နေ့က ၃လုံး ကျ‌ရောက်ခဲ့ပြီး ဇွန်လ (၉)ရက်‌နေ့တွင် မဲတရိ‌ကျေးရွာဘက်ခြမ်းသို့ ၄လုံး ကျ‌ရောက်ခဲ့‌သော်လည်း ရွာသူရွာသားများကို ထိခိုက်မှု မရှိ‌ကြောင်း ‌ဒေသခံများက ‌ပြောသည်။ ဒီ‌ကေဘီ‌အေမှ...
ဇွန်လ ၂ဝရက်၊ ‌စောသိန်းမြင့် (‌ကေအိုင်စီ) နအဖ စစ်တပ်နှင့် ဒီ‌ကေဘီ‌အေ တပ်ဖွဲ့များ၏ ‌ကေအဲန်အယ်လ်‌အေ တပ်မဟာ (၇) နယ်‌မြေကို ထိုးစစ်ဆင် ‌နေသည်မှာ ရက် (၂၀) နီးပါး ရှိပြီ ဖြစ်‌သော်လည်း တိုက်ပွဲများ ရပ်တန့်ခြင်း မရှိသည့်အတွက် ပိုင်ကျုံ မြို့နယ်မှ အိမ်‌ထောင်စု (၁၇) စုသည် ဇွန်လ ၁၈ ရက်‌နေ့က ထိုင်းနိုင်ငံသို့ ထပ်မံ‌ရောက်ရှိလာသည်။ ထိုသို့ ထပ်မံ ‌ရောက်ရှိလာသည့် ရွာသားများသည် နအဖနှင့် ဒီ‌ကေဘီ‌အေ ပူး‌ပေါင်းတပ်များ၏ ‌ကေအဲန်အယ်လ်‌အေ ထိန်းချုပ်ရာ...
‌မေလ ၂၃ရက်၊ နန်း‌ဖော့‌ဂေ (‌ကေအိုင်စီ) တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မ‌တော် (ဒီ‌ကေဘီ‌အေ) တပ်မဟာ (၉၉၉) ၏ တပ်သား ‌ကောက်ခံမှု‌ကြောင့် ‌မေလ တတိယပတ်တွင် ဖားအံခရိုင် ပိုင်ကျုံ မြို့နယ် ထီးပယ် ‌ကျေးရွာမှ ရွာသူရွာသား ၉၆ ဦးသည် လယ့်‌ဘော်ဟဲ ပြည်တွင်း ကရင်ဒုက္ခသည် စခန်းသို့ ထွက်‌ပြေး‌ရောက်ရှိလာသည်ဟု စခန်းဥက္ကဌ ဖြစ်သူ ‌စောတာစူးညားက ကရင်သတင်းစဉ်ကို ‌ပြောသည်။ “အခု တက်လာတဲ့ ရွာသား‌တွေက ဖားအံ ခရိုင် ပိုင်ကျုံ မြို့နယ်က...
ဇွန် ၁၇ရက်၊ ‌စောသိန်းမြင့် (‌ကေအိုင်စီ) ထိုင်းနိုင်ငံသို့ ထွက်‌ပြေး ‌ရောက်ရှိလာသည့် ရွာသားများ မိမိ ‌နေရပ်သို့ ‌အေးချမ်းစွာ ပြန်‌နေနိုင်‌ရေး အတွက် နအဖနှင့် ဒီ‌ကေဘီ‌အေ ပူး‌ပေါင်း တပ်ဖွဲ့များ အ‌နေဖြင့် ထိုးစစ်ဆင်မှုကို ရပ်တန့်‌ပေးရန် ကရင် လူမှု အဖွဲ့အစည်းများက ယမန်‌နေ့က ‌ကြေညာချက် ထုတ်ပြန်၍ ‌တောင်းဆိုလိုက်သည်။ နအဖ စစ်တပ်များသည် မြန်မာပြည် အ‌ရှေ့ဘက်ခြမ်းကို ယခုနှစ် မိုးဦးရာသီမှ စတင်၍ အဆက်မပြတ် ထိုးစစ်ဆင်ခဲ့မှု‌ကြောင့် ‌ဒေသခံ ကရင် ပြည်သူ ‌မြောက်များစွာ...
‌စောဗစ်တာလင်း - ၂၇နှစ် ဇာတိ - ‌ညောင်‌လေးပင်ခရိုင်၊ မုန်းမြို့နယ်၊ ‌ဝေဆွဲ‌ကျေးရွာ။ ပညာအရည်အချင်း - Philosophy ‌မောင်နှမ ကိုး‌ယောက်မှာ ကျ‌နော်က သုံး‌ယောက်‌မြောက်။ ငယ်ငယ်တုန်းက‌တော့ ရွာမှာပဲ ‌ခြောက်တန်းအထိ ‌ကျောင်း‌နေခဲ့တယ်။ အထက်တန်း‌ရောက်‌တော့ ‌တောင်ငူမှာသွား‌နေပြီး ဆယ်တန်း‌အောင်ခဲ့တယ်။ အစက‌တော့ ရည်ရွယ်ချက်က အတည်တကျ မရှိခဲ့ဘူး။ ဒါ‌ပေမယ့် ‌တော်လှန်‌ရေး ထဲ‌ရောက်‌တော့ ကိုယ့်လူမျိုး‌တွေရဲ့ အ‌ခြေအ‌နေ၊ ‌တောထဲ‌တောင်ထဲ ‌ပြေးရတဲ့ ကိုယ့်လူမျိုး‌တွေ အ‌ခြေအ‌နေ‌တွေ ကျ‌နော် သိလာပြီး ‌ပေးဆပ်ချင်တဲ့စိတ်က ထက်သန်လာတယ်။ ‌တော်လှန်‌ရေးထဲ ‌ရောက်လာ‌တော့ ပထမဆုံး...
‌စောစတီဗင် ၂၄နှစ် ဝါသနာ စစ်သား ပညာ ဆယ်တန်း‌အောင် ကျ‌နော့်ရဲ့ ဇာတိက ‌တောင်ငူခရိုင်၊ သံ‌တောင်ကြီး မြို့နယ်၊ ‌ရွှေ‌ညောင်ပင် အုပ်စု၊ ပျားစခန်း ရွာပါ။ ပျားစခန်း ရွာမှာ အိမ်‌ခြေ ၄၀၀ဝ ‌ကျော် ရှိတယ်။ ‌မောင်နှမ ‌ခြောက်‌ယောက်မှာ ကျ‌နော်က ဒုတိယ‌မြောက်။ ကျ‌နော် ဆယ်တန်း ‌အောင်ပြီး ၂၀၀၆ ခုနှစ်မှာ ရွာက‌နေ မယ်လစခန်းကို ‌ရောက်လာတယ်။ အဲဒီမှာ ကျဘမ်း အလုပ်‌တွေ လုပ်ပြီး တနှစ်‌လောက် ‌နေ‌တော့ ‌တောင်ငူကို ပြန်တယ်။ ၂၀၀၇ ခုနှစ် စက်တင်ဘာ...
‌ခေါင်ဆူလိုင့် အသက် ၁၉နှစ်အရွယ် ‌ကေအဲန်အယ်လ်‌အေ ရဲ‌ဘော်‌လေး ‌စောမူ‌စေးဟာ ‌ခြေတဖက် ဖြတ်လိုက်ရ‌ပေမယ့် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒုက္ခိတ ဖြစ်သွားရတဲ့ သူ့ဘဝ အတွက် စိတ်ဓာတ် မကျဘဲ ဖြစ်ပျက်ပုံကို ပြန်‌ပြောရင်း ‌ကျေနပ်‌နေခဲ့တယ်။ “ဒီ‌ကေဘီ‌အေက စစ်သားသစ် ‌ကောက်လို့ ထွက်‌ပြေးလာတဲ့ ရွာသား‌တွေကို ကျ‌နော်တို့တ‌တွေ လမ်းရှင်း‌ပေးရတာ သုံး‌လေးခါ‌လောက် ရှိပြီ၊ ဒါ‌ပေမဲ့ ဒီတ‌ခေါက်မှာ ဒီ‌ကေဘီ‌အေ ‌ထောင်ထားတဲ့ ဗုံးကို ကျ‌နော် နင်းမိ‌တော့တာပဲ။ ‌တော်‌သေးတယ်‌နော်၊ ကျ‌နော်သာ မနင်းမိဘဲ ရွာသား‌တွေထဲက အများစုဖြစ်တဲ့ က‌လေးငယ်နဲ့ မိခင်‌တွေသာ...
အယ်ဒီတာ့အာ‌ဘော် လူတဦးတ‌ယောက် သို့မဟုတ် တစုတဖွဲ့၏ လုပ်‌ဆောင်မှုများသည် ‌နောင်တချိန်တွင် သမိုင်းမှတ်တမ်းအဖြစ် ကျန်ရစ်စမြဲပင်၊ အသက်ရှင်ရပ်တည်‌နေသည့် ကာလတ‌လျှောက်လုံး မိမိတို့၏  လုပ်‌ဆောင်မှုများသည် တဦးတည်းအတွက်၊ မိသားစုအတွက်၊ အဖွဲ့တခုအတွက်၊ လူထုတရပ်လုံးအတွက် မည်မျှ တန်ဘိုးရှိသည်။ မည်မျှ‌ကောင်းကျိုးရသည်ကို ပြန်လည်ဆန်းစစ်ရန် လိုသကဲ့သို့ မလုပ်‌ဆောင်မှီအချိန်ကလည်း ကြိုတင်ချင့်ချိန်တတ်ရန် လိုအပ်သည်။ မကြာ‌တော့‌သောအချိန်တွင် လက်ရှိ မြန်မာပြည်ကို အုပ်ချုပ်‌နေသည့် နအဖ စစ်အစိုးရသည် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲမတိုင်မီ ၎င်းတို့ နှင့် အပစ်ရပ်ထားသည့် တိုင်းရင်းသားအဖွဲ့များအား မိမိတို့၏ ‌ဒေသများ၌ နယ်ခြား‌စောင့်တပ်အဖြစ် လက်ခံဖွဲ့စည်း‌ရေးကို အပူတပြင်း...