ဒီဇင်ဘာလ ၃၀၊ နန်းထူးစံ (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်ရှိ ထီဖိုးသန်ရွာသူရွာသားများသည် ရွာပြင်ရှိ တောင်ယာ၊ လယ်ယာလုပ်ငန်းခွင်များတွင် သွားရောက်နေထိုင်ကာ အလုပ်လုပ်ခွင့်မရှိဘဲ ရွာတွင်းပြန်လာကြရန် နအဖတပ်မှ ယခုလ ၂၅ရက်နေ့က စတင် အမိန့်ထုတ်ညွန်ကြားထားသည်ဟု ဒေသခံများက ပြော သည်။
“ဒီလို ညွန်ကြားတာက နအဖ ခမရ(၃၅၇)က စစ်ကြောင်းမှူးပါ။ သူတို့တပ်ဟာ ထီဖိုးသန်မှာ ပြောင်းလာတာ မကြာသေးဘူး။ အရင်က နေသွား တဲ့ တပ်တွေက ဘာမှမပြောပေမယ့် အခု စစ်ကြောင်းမှူး ဗိုလ်မှူးသန်းထွန်းအောင်က ရွာသူရွာသားတွေ သူ့ရဲ့အုပ်ချုပ်မှုအောက်မှာ အကုန်ရှိရ...
ခေါင်ဆူ.လိုင့်
ကန္တာရခရီးကြမ်း လျှောက်ရင်း
လမ်းမပျောက်ဘဲ ရေငတ်နေတဲ့ ငါ
စမ်းရေတပေါက် တွေ့သောက်မိတော့
ပေါ့ပါးရွှင်လန်း ဆန်းစစ်မိခဲ့
ရှေ့ဆက်မဲ့ ခရီးသစ်ကို
နှစ်သစ်မှာ အကြံသစ်တွေနဲ့
ခွန်အားမာန်အပြည့်မို့
ရန်စွယ်ကျော်လွှားဖို့ အသင့်တွေး
ရွေးကောက်ပွဲမတိုင်ခင်
လေး၊ မျှားတံ တင်ကြပါစို့လား...။
ဒီဇင်ဘာ ၂၉ရက်။ ကေအိုင်စီ
မြဝတီ-ကော့ကရိတ် တောင်ပေါ်ကားလမ်းတွင် ယမန်နေ့က ခရီးသည်တင် ဟိုင်းလက်ကားတစီး တိမ်းမှောက်ခဲ့ရာ ကားပေါ် ပါလာသည့် ခရီးသည် ၉ဦးသေဆုံးကာ ၂၀ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ခရီးသည် ၃ဝဦးကျော်ကို တင်ဆောင်လာသည့် အ/၄၇၂၅ နံပါတ်ပါ အဆိုပါ ခရီးသည်တင်ကားမှာ မြဝတီနှင့် ဖြူးသို့ ပြေး ဆွဲနေခြင်းဖြစ်ပြီး ယမန်နေ့ မွန်းလွဲ ၂နာရီခန့်တွင် ကားတန်းအဆင်း၌ မောင်းနှင်သည့်အရှိန်ပြင်းသဖြင့် အလေးချိန်ကို မထိန်း နိုင်ဘဲ အလယ်ဘိုတဲအနီးတွင် ချောက်ထဲထိုးကျကာ တိမ်းမှောက်သွားခြင်းဖြစ်သည်။
ယင်းသို့ ကားတိမ်းမှောက်မှုကြောင့် စပယ်ယာ အပါအဝင်...
လယ်ပြင်ထင်ရှား၊ ဆင်တွေသွားနှယ်
မြင်ကျယ်စူးရှ၊ ပြစ်ကွင်းလှမို့
လက်တညှိုးလေး၊ ကွေးလိုက်ယုံ
စုပြုံကာသုဉ်း၊ နင်ကျဆုံးမှာ
ငါပင်သိနေလည်း။
နင်လုပ်ချင်တိုင်း၊ လုပ်တိုင်းရနေ
ရလဒ်တွေ၊ ရမှတ်တွေဟာ
တချိန်မှာ၊ချည်လာနိုင်ခြင်း
ဇတ်ချိုးဆင်း၊ သတ်ကြိုးကွင်းရာ
ငါပင်သိနေလည်း။
မပြစ်ချင်၊ မသတ်ချင်ပြန်
အလံမထူ၊ နိုင်မယူချင်
ဖြူစင်စိတ်ထား၊ ချစ်များဝင်နေတုန်း
စစ်မှန်ဆုံး၊ ပြုံးများခင်း၍
ပွင့်လင်းခဲ့၊ နားလည်ခဲ့စေချင်။
လေရှိ်န်နဲ့ဝဲရာ
လေငြိမ်မလာခင်
ငါရှိရာ၊ ပျံလာသင့်ပြီမို့။
နင်နင်ငါငါ....
အာဃာတ၊ မာန်မာန
ယူအဆ၊ ခဏချတွေ့
လာကြဟေ့လား၊ ပျော်ပါးပါးပေါ့
တို့များတစ်ည၊ မေ့လိုက်ကြစဉ်
ရင်ခွင်ငြိမ်းအေး၊ မျိုးသားတေးသံ
အလံတော်အောက်၊ ဉာဏ်မျှော်ထောက်လေ
အပြုံးတွေစွက်၊ ပခုံးဖက်လို့
ဆုံးဖြတ်ညီညာ ဦးညွတ်စို့။
ယမ်းငွေ့နံ့ကင်း၊ပန်းနံ့သင်းသည်
ရောင်နီကြွယ်ဝ၊ နေ့မြတ်လှမှာ
သာယာမြည်ဟီး၊ ဖားစည်တီးမယ်
ညီရယ် အစ်ကိုတွေဆုံကြမယ်။
အကြိုးမဲ့အား၊ လှည့်စားရန်မွေး
သွေးတွေချောင်းစီး၊ တိုက်ပွဲမီးတွေ
ပြန်ညှိနေ၊ ဆက်နေမဲ့အစား
ပြည်ဖုံးကားချစေ၊ သင်ပုန်းချေလော့
တေပေပြစ်များ၊ နင်ချန်ထားလေ
လာ..သွားမယ်ဆို၊ ဟို....နေ့သစ်
ချစ်စစ်တည်မဲ့ နှစ်သစ်တွေဆီပေါ့။
(လကင်္ာဒီပ)
ဒီဇင်ဘာလ ၂၃ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်မြောက်ပိုင်းရှိ ကေအဲန်ယူ တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင်၊ ဒွဲလိုးမြို့နယ်တွင် ပြီးခဲ့သည့် ရက်အနည်းငယ်တွင် နအဖနှင့် ဒီကေဘီအေ ပူးပေါင်းတပ်တို့ တပ်အင်အား အလုံးအရင်းဖြင့် ဝင်ရောက် နေရာယူနေသည်ဟု သတင်းရရှိသည်။
ကေအဲန်ယူ တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်၌ ယခင်က တပ်အင်အား ၆၀ဝရှိသော ဒီကေဘီအေ တပ်မ ဟာ(၃၃၃)နှင့် တပ်မဟာ (၉၉၉)တပ်ရင်းတချို့သည် ပြီးခဲ့သည့် ရက်အနည်းငယ်က တပ်အင်အား ၁၀ဝ ကျော် ထပ်ဖြည့်ကာ နောက်ထပ်အင်အား ၄၀ဝ ထပ်ဖြည့်ရန်ရှိပြီး လက်ရှိအချိန်တွင်...
ဒီဇင်ဘာလ ၂၃ရက်။ နန်းထူးစံ (ကေအိုင်စီ)
ယခုနှစ် နိုဝင်ဘာလကတည်းက ကရင်ပြည်နယ်၊ တောင်ငူဒေသအတွင်း လုပ်အားခိုင်းစေမှု များလာသည်နှင့်အမျှ တိုက်ပွဲဖြစ်ပွားမှု လည်း ပိုမိုများပြားလာကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ကေအဲန်ယူ တပ်မဟာ(၂)၊ တောင်ငူခရိုင်ရှိ သံတောင်နှင့် ထန်းတပင်မြို့နယ် စပ်ကြားဒေသများအတွင်း အခြေစိုက် လှုပ်ရှားနေ သော နအဖ စစ်ကွပ်ကဲရေးဌာနချုပ်-စကခ (၅)လက်အောက်ခံ တပ်ရင်း၊ စစ်ကြောင်းများက ၎င်းတို့ တပ်စခန်းများ ပြုပြင်ဆောက် လုပ်ရန်နှင့် ရိက္ခာများ သယ်ယူပို့ဆောင်ရန် ပြီးခဲ့သည့်လမှစ၍ ဒေသခံရွာသူရွာသားများကို ခေါ်ယူခိုင်းမှု ပိုမို လုပ်ဆောင်လာသည့်...
မနိုက်အွာ (ဒီဇင်ဘာ ၂၁ရက်)
အခု ဆောင်းရာသီ၊ နှင်းတွေတဖျန်းဖျန်းကျပြီး အေးချမ်းလှတဲ့ ဒီဇင်ဘာလမှာ ကျမတို့ကရင်လူမျိုးတွေ အပျော်ရွှင်ဆုံးအချိန်ဖြစ် တယ်။ အကြောင်းမှာ တနှစ်တာအတွင်း ရာသီသုံးခုအလိုက် တောင်ယာ၊ လယ်ယာနဲ့ ခြံလုပ်ငန်းတွေ လုပ်ကိုင်စားသောက်ကြတဲ့ ကျမတို့ကရင်လူမျိုးတွေက လုပ်ငန်းတွေ ပြီးစီးတဲ့ယခုအချိန်မှာ နှစ်သစ်ကို ကြိုဆိုဖို့အတွက် တောင်ပေါ်၊ မြေပြန့်ဒေသအနှံ့ နေထိုင် ကြတဲ့ ကျမတို့ကရင်တွေက မိမိတို့ သက်ဆိုင်ရာဒေသအလိုက် စုစည်းပြီး ကရင်နှစ်သစ်ကူးပွဲတော်ကို ပျော်ရွှင်စွာနဲ့ ကျင်းပဆင်နွဲ ကြတယ်။
ယခုနှစ် ကျရောက်လာတဲ့ ကရင့်သက္ကရာဇ် ၂၇၄၉ခုနှစ်၊ သလေ(ပြာသို)လဆန်း ၁ရက်နေ့၊...
မျိုးဆက်သစ် ကရင်လူငယ်များ
အချိန်ကာလ
ရွေးနှုတ်တတ်လော့
အစသမိုင်း
ပြန်လည်ပိုင်းရင်
မျက်ရည်ဝိုင်းတယ်လူငယ်တို့။
နိုင်ငံရေးမှာထိပ်ထိပ်ကျဲ
ကမ္ဘာ့အရေးမှာချိမ့်ချိမ့်သဲ
ကမ္ဘာ့ကုလသမဂ္ဂမှာ ကျိတ်ကျိတ်နွဲ
နိုင်ငံတော်သမ္မတနဲ့
အာဇာနည်ဖြစ်ကြတာ ဘယ်သူတွေလဲ
အဲ့ဒါမင်းတို့ အဘိုးတွေပဲ။
စစ်ရေးမှာသတ္တိခဲ
ပထမ၊ ဒုတိယ ကမ္ဘာစစ်မှာပါဝင်နွဲ
လွတ်လပ်ရေးရပြီးနောက် တပ်မတော်ကို ကွပ်ကဲ
စစ်ရေးသေနာပတိနဲ့ သတိုးမဟာသရေစည်သူဘွဲ့ရ
ကာကွယ်ရေးဦးစီးချုပ်တပ်မင်းဟာ ဘယ်သူလဲ
အဲ့ဒါမင်းတို့အဘိုးတွေပဲ။
ကမ္ဘာမှာ ပထမ
နိုင်ငံတကာလူရည်ချွန်တွေ တက်ကြ
အိန္ဒြိယနိုင်ငံက“ဒေရာဒွန်း”စစ်တက္ကသိုလ်အလှ
ပထမဆုံးအပတ်စဉ်(၁)မှာ
လှံစွပ်ထိုးသင်ခန်းစာမှာ ဘက်နက်ကျိုးပါသတဲ့
စံပြဗိုလ်လောင်းပထမဆုရ
ရွှေစလွယ်နဲ့ငွေဓါးဆု ဂုဏ်ပြုခံရတာဘယ်သူလဲ
အဲ့ဒါမင်းတို့အဘိုးတွေပဲ။
ပညာရေးမှာ ဝင့်ဝင့်ကြွား
ဆာဘွဲ့ရ၊ ဒေါက်တာဘွဲ့ရ ဝတ်လုံတော်ဘွဲ့ရများမှများ
အာရှတလွှားမှာ အဂင်္လိပ်စကားကို အဂင်္လိ်ပ်အလား
ပီပီသသ ကြည်ကြည်မြမြ
ပြောဆိုရေးသားနိုင်ကြတာ ဘယ်သူတွေလဲ
အဲ့ဒါ မင်းတို့အဘိုးအဘွားေတွေပဲ။
အားကစားမှာ အာရှစတား
ဘောလုံးလောကမှာ ပြိုင်စံရှား
အောင်ဆန်းအားကစားကွင်းကိုသွားပြီး
လေ့လာကြည့်လိုက်စမ်းပါလား
ပထမဆုံးမြန်မာ့လက်ရွှေးစင်အသင်း
နံပါတ်(၁)ထိပ်ဆုံးမှာ မှတ်တမ်းတင်သွင်း
သမိုင်းဝင်စာရင်းထဲမှာ ဘယ်သူတွေပါလဲ
အဲ့ဒါ မင်းတို့အဘိုးတွေပဲ။
သတင်းမီဒီယာလောကမှာ
မြန်မာပြည်မှာ ပထမဆုံးစတာ
မင်းတုန်းမင်းထုတ်တဲ့“ရတနာပုံသတင်းစာ”ထက်
စီနီယာကျတာ“ဆာထူဝေါ”သတင်းစာ
ထူထောင်ခဲ့တာဘယ်သူတွေလဲ
အဲ့ဒါ မင်းတို့အဘိုးတွေပဲ။
မြန်မာစာပေမှာ
ပထမဆုံး အကောင်းဆုံး “စကားပြေ”အရေးအသားမှာ
မှတ်တမ်းတင်ထားပါတယ်
နန်းတွင်းသုံးဝေါဟာရအထွေထွေ
ဂုုဏ်အလကင်္ာ ရသတဝေဝေ
မြန်မာစာပေသတ်ပုံ အမှားအမှန်မသိရင်
“သမ္မာကျမ်းစာ”မှာရှာကြည့်ပါ
ဘကြီးတော်မင်းတြားကြီးလက်ထက်
ဆရာ“ယုဒသန်”နဲ့ အတူဘာသပြန်ထုတ်ဝေခဲ့တာ
ဘယ်သူတွေပါလဲ
အဲ့ဒါ မင်းတို့အဘိုးဘွားတွေပဲ။
ကမ္ဘာပေါ်မှာ ဆန်းဆန်းပြားပြား
လှပထူးခြားတဲ့ ဂုတ်ထိပ်တံတား
ပထမဆုံးဖွင့်ပွဲအခမ်းအနားမှာ
မီးရထားနဲ့ဖြတ်မောင်းသွားတဲ့
မီးရထားစက်ဗိုလ်ဟာဘယ်သူလဲ
အဲ့ဒါမင်းတို့အဘိုးပဲ။
တော်လှန်ရေးကိုဆင်နွဲစဉ်
လေကြောင်းတိုက်ပွဲနဲ့ ဝေဟင်ကဗုံးကြဲဖို့
ကမ္ဘာမှာ...
ဒီဇင်ဘာလ ၁၉ရက်။ ။ စောသိန်းမြင့် (ကေအိုင်စီ)
ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ အမျိုးသမီးအဝတ်အစားချုပ်စက်ရုံတခုတွင် ယမန်နေ့ညက မြန်မာနိုင်ငံသားတဦး အကြမ်းဖက်ခံရမှုအ ပေါ် မြန်မာအလုပ်သမား ၄ထောင်ခန့် ဆန္ဒပြတောင်းဆိုမှုတခု ယနေ့နံနက်တွင် ဖြစ်ပွားခဲ့သည်ဟု သိရ သည်။
ယမန်နေ့ည ၁ဝနာရီခန့်တွင် ဝေါဆိုသူ အသက် ၂၉နှစ်အရွယ်ရှိ မြန်မာလူငယ်သည် တော့ပ်ဖေါင်းမ် (Top Form) စက်ရုံတွင် အလုပ်လုပ်နေသော ၎င်း၏ညီမဖြစ်သူအား သွားကြိုရာမှာ စက်ရုံလုံခြုံရေးဝန်ထမ်း များနှင့် အချင်းများခဲ့ပြီး အသတ်ခံခဲ့ရသည်ဟု အလုပ်သမားများက ယူဆကာ ဆန္ဒပြမှု စတင်ဖြစ်ပွားခဲ့ ခြင်းဖြစ်သည်ဟု...
ဒီဇင်ဘာလ ၁၉ရက်။ စောခါးစူးညား (ကေအိုင်စီ)
ဒီကေဘီအေတပ်ဖွဲ့က ကရင်နှစ်သစ်ကူးအပြီး စစ်သားကောက်မည်ဖြစ်သောကြာင့် ဖာပွန်ဒေသမှ လူငယ်များ ၎င်းတို့ကျေးရွာမှ လွတ်မြောက်ရာနေရာသို့ တိမ်းရှောင်နေရကြောင်း မယ်လဒုက္ခသည်အတွင်းသို့ ထွက်ပြေးရောက်ရှိလာသူ စောတဂါက ကေအိုင်စီကို ယနေ့ ပြောသည်။
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဝင်းမောင်ကျေးရွာအုပ်စုအတွင်း လှုပ်ရှားနေသည့် ဒီကေဘီအေ တပ်မဟာ(၃၃၃)မှ ဒု-ဗိုလ်မှူးကြီး စောဟယ်နရီ ဦးဆောင်သော တပ်ရင်းက စစ်အင်အားတိုးချဲ့ရန် စစ်ကောက်လာမည်ကို စိုးရိမ်သည့်အပေါ် ယခုလို ထွက် ပြေးတိမ်းရှောင်လာရခြင်းဖြစ်သည်ဟု ဝင်းမောင်ကျေးရွာအုပ်စုအတွင်း နေထိုင်သူ အသက် ၁၈နှစ်အရွယ် စောတဂါက ပြောသည်။
"ကျနော်တို့ မနေ့ကပဲ...





