Home ဆောင်းပါး စု‌ပေါင်းလုပ်‌ဆောင်ခြင်းမှ စည်းလုံးခြင်းဆီသို့

စု‌ပေါင်းလုပ်‌ဆောင်ခြင်းမှ စည်းလုံးခြင်းဆီသို့

2118
မနိုက်အွာ (ဒီဇင်ဘာ ၂၁ရက်)

အခု ‌ဆောင်းရာသီ၊ နှင်း‌တွေတဖျန်းဖျန်းကျပြီး ‌အေးချမ်းလှတဲ့ ဒီဇင်ဘာလမှာ ကျမတို့ကရင်လူမျိုး‌တွေ အ‌ပျော်ရွှင်ဆုံးအချိန်ဖြစ် တယ်။ အ‌ကြောင်းမှာ တနှစ်တာအတွင်း ရာသီသုံးခုအလိုက် ‌တောင်ယာ၊ လယ်ယာနဲ့ ခြံလုပ်ငန်း‌တွေ လုပ်ကိုင်စား‌သောက်ကြတဲ့ ကျမတို့ကရင်လူမျိုး‌တွေက လုပ်ငန်း‌တွေ ပြီးစီးတဲ့ယခုအချိန်မှာ နှစ်သစ်ကို ကြိုဆိုဖို့အတွက် ‌တောင်‌ပေါ်၊ ‌မြေပြန့်‌ဒေသအနှံ့ ‌နေထိုင် ကြတဲ့ ကျမတို့ကရင်‌တွေက မိမိတို့ သက်ဆိုင်ရာ‌ဒေသအလိုက် စုစည်းပြီး ကရင်နှစ်သစ်ကူးပွဲ‌တော်ကို ‌ပျော်ရွှင်စွာနဲ့ ကျင်းပဆင်နွဲ ကြတယ်။

ယခုနှစ် ကျ‌ရောက်လာတဲ့ ကရင့်သက္ကရာဇ် ၂၇၄၉ခုနှစ်၊ သ‌လေ(ပြာသို)လဆန်း ၁ရက်‌နေ့၊ ခရစ်နှစ် ၂၀၀၉ခုနှစ်၊ ဒီဇင်ဘာ ၁၆ရက် ‌နေ့မှာ မြန်မာပြည်တွင်း ပြည်ပရှိ ကရင်အမျိုးသားများ ‌ရောက်ရှိ‌နေထိုင်ကြတဲ့ ‌နေရာအနှံ့မှာ ကရင်နှစ်သစ်ကူးပွဲ‌တော်ကို ကျင်းပပြု လုပ်ခဲ့သလို ကရင်ပြည်နယ်၊ မြဝတီမြို့နဲ့ မနီးမ‌ဝေးမှာ တည်ရှိ‌နေတဲ့ မဲ့ကနဲ၊ နို့ဖိုး(အတွင်းကွင်းက‌လေး)နှင့် ထီးမူးထာ့ (အပြင်ကွင်း က‌လေး)‌ကျေးရွာတို့မှာလည်း ရွာသူရွာသား‌တွေက ကရင်နှစ်သစ်ကူးပွဲ‌တော်ကို စု‌ပေါင်းကျင်းပကြတယ်။

အဲဒီ မဲ့ကနဲ၊ နို့ဖိုး၊ ထီးမူးထာ့‌ကျေးရွာ‌တွေဟာ တရွာနဲ့တရွာ အကွာအ‌ဝေးက သိပ်မ‌ဝေးလှပါ။ ရွာသူရွာသား‌တွေက အပြန်အလှန် ယိုင်းပင်းကူညီမှု၊ စု‌ပေါင်းလုပ်‌ဆောင်မှု‌တွေ အား‌ကောင်းတဲ့အတွက်‌ကြောင့် ကရင့်နှစ်သစ်ကူးပွဲ‌တော်ကို အလှည့်ကျ လက်ခံကျင်း ပခဲ့တာဖြစ်ပြီး ဒီနှစ်မှာ ကျ‌ရောက်လာတဲ့ ကရင်နှစ်သစ်ကူးပွဲ‌တော်ကို နို့ဖိုး‌ကျေးရွာမှာ လာ‌ရောက်စု‌ပေါင်း ကျင်းပခဲ့တာဖြစ်တယ်။

“ကရင်တမျိုးသားလုံးရဲ့ ရိုးရာနှစ်သစ်ကူးပွဲ‌တော်ကို တနှစ်တကြိမ် ကျ‌နော်တို့ ရွာသူရွာသား‌တွေ စု‌ပေါင်းကျင်းပခြင်းဖြင့် ကျ‌နော်တို့ အချင်းချင်း စည်းလုံးညီညွတ်ခြင်းကို ‌ဖော်‌ဆောင်‌စေပါတယ်”လိုု့ မဲ့ကနဲရွာသားတဦးက ‌ပျော်ရွှင်‌သော အပြုံးနဲ့အတူ ‌ပြောဆိုလာ တယ်။

ကရင်နှစ်သစ်ကူးပွဲ‌တော်ရဲ့ အထိမ်းအမှတ်အ‌နေဖြင့် နှစ်သစ်ကူးကျင်းပတဲ့‌နေ့ မ‌ရောက်ခင် သုံး‌လေးရက်အလိုမှာ လူကြီး၊ လူငယ်၊ အမျိုးသမီးနဲ့ က‌လေး‌တွေအတွက် ‌ဘောလုံးပြိုင်ပွဲ‌တွေ နို့ဖိုး‌ကျေးရွာရဲ့ စာသင်‌ကျောင်းကွင်းထဲမှာ ကျင်းပပြုလုပ်ကြတဲ့အပြင် ည ပိုင်းမှာလည်း ကရင့်ရိုးရာဒုံးယိမ်းအက၊ ဝါးညှပ်အကနှင့် ရိုးရာလှပျိုဖြူ‌မောင်မယ် ပြိုင်ပွဲ‌တွေကိုလည်း ကျင်းပခဲ့ကြပြီး လာ‌ရောက် ကြည့်ရှုကြတဲ့ ရွာသူရွာသား‌တွေကလည်း အပြုံးကိုယ်စီနဲ့ ‌ပျော်ရွှင်ကြတာကို ‌တွေ့ရ‌တော့ ကျမလည်း သူတို့နဲ့အတူ ဝမ်း‌မြောက် ‌ပျော်ရွှင်မိပါတယ်။
Karen new year article (1)
ဒီဇင်ဘာ ၁၆ရက်‌နေ့၊ ကရင်လ သ‌လေလဆန်း ၁ရက်‌နေ့ မနက်‌စော‌စော ၆နာရီ‌လောက်အချိန်မှာ ရွာ‌ပေါင်းသုံးရွာမှ ရွာသူရွာသား ‌တွေက ‌ရောင်စုံကရင်အမျိုးသား ဝတ်စုံ‌တွေကို ဝတ်ဆင်ကာ နှစ်သစ်ကူးပွဲ‌တော်ကျင်းပရာ စာသင်‌ကျောင်းကွင်းထဲမှာ လာ‌ရောက် စုစည်းကြပြီး ကရင့်နှစ်သစ်ကူးပွဲ‌တော် အခမ်းအနားကို ကရင်အမျိုးသားအလံ‌တော်တင်၊ အ‌လေးပြုခြင်းအစီအစဉ်နဲ့ စတင် ဖွင့်လှစ် ခဲ့ပြီး အခမ်းအနားကို တက်‌ရောက်လာကြတဲ့ ရွာသူရွာသား‌တွေက ဖားစည်နှင့် ရိုးရာတူရိယာ‌တွေ တီးခတ်၊ ကျွဲချို‌တွေ မှုတ်ပြီး‌တော့ သက်ဆိုင်ရာ ‌ကျေးရွာတာဝန်းရှိသူ‌တွေက ကရင်နှစ်သစ်ကူး ဖြစ်‌ပေါ်လာပုံအ‌ကြောင်း၊ ကရင်အမျိုးသားအလံ‌တော်အ‌ကြောင်းနဲ့ ကရင်မျိုးနွယ် ဆင်းသက်လာပုံအ‌ကြောင်း‌တွေကို ရှင်းလင်း‌ဟော‌ပြောခဲ့ကြတယ်။

ဒါ့အပြင် သက်ကြီးရွယ်အို အဘိုးအဘွား‌တွေကို ပူ‌ဇော်ခြင်း၊ အရိုအ‌သေ‌ပေးခြင်းတို့ကို ကရင်အမျိုးသား‌တွေရဲ့ ချစ်စရာ‌ကောင်းတဲ့ အစဉ်အလာတရပ်ပါ။ ထိုအခမ်းအနားမှာလည်း ရွာသူရွာသားများက မိမိတို့‌ကျေးရွာအတွင်းမှာရှိတဲ့ သက်ကြီးရွယ်အို အဘိုးအဘွား ‌တွေကို ရို‌သေဂါရဝပြုခြင်း၊ လက်‌ဆောင်ပစ္စည်း‌တွေ ‌ပေးအပ်ခြင်း အစီအစဉ်ကိုလည်း ပြုလုပ်ခဲ့ကြပြီး တချိန်တည်းမှာပဲ “ကရင်နှစ် သစ်မှာ လူ‌တွေအားလုံး ‌ဘေးကင်းပါ‌စေ၊ လုပ်ငန်း‌တွေ ဖြစ်ထွန်း‌အောင်မြင်ပါ‌စေ”လိုု့ နှစ်သစ်ဆုမွန်‌ကောင်း‌တွေ ‌ချွေကြတယ်။

ည‌နေပိုင်းမှာ ကရင်‌တွေရဲ့ ရိုးရာအားကစားတရပ်ဖြစ်တဲ့အတွက် ရိုးရာလက်‌ဝှေ့ပွဲကိုလည်း အစဉ်အလာမပျက်‌အောင် ကျင်းပပြု လုပ်ကြပြန်တယ်။ နှစ်သစ်ကူးပွဲ‌တော် စတင်ကျင်းပခြင်းတ‌လျှောက်လုံးမှာ ထူးခြားတာခုက ပွဲ‌တော်ကျင်းပတဲ့ ကွင်းအတွင်း အရက် ‌သေစာ ‌ရောင်းချတာတို့၊ ‌လောင်းကစားလုပ်တာတို့ မ‌တွေ့ရဘူး၊ မရှိ‌အောင်လည်း ပွဲဖြစ်‌မြောက်‌ရေး ‌ကော်မတီအဖွဲ့က စည်းကမ်း ထုတ်ထား‌ကြောင်းကိုလည်း သိရတယ်။ ဒါဟာလည်း ရိုးရာယဉ်‌ကျေးမှု‌တွေကို လုပ်ရိုးလုပ်စဉ်အတိုင်း အစဉ်အလာမပျက် ထိန်း သိမ်းတဲ့ လုပ်ရပ်‌ကောင်းတခုဖြစ်တယ်လို့ ကျမ ထင်တယ်။

ကရင်အမျိုးသား‌တွေ၊ ‌သွေးချင်းညီအကို‌မောင်နှမ‌တွေက အမျိုးသားအလံ‌တော်‌အောက်မှာ စုစည်းပြီး ကရင်နှစ်သစ်ကူးပွဲ‌တော်ကို် ‌ပျော်ရွှင်စွာ ဆင်နွဲကြတာကို ‌တွေ့ရလို့ အထူးဝမ်း‌မြောက်မိ‌ကြောင်း ‌ပြောဆိုလာတဲ့ နို့ဖိုးရွာသူ ‌နော်‌တော‌နော့‌ဖောက‌တော့ “ဒီနှစ် နှစ်သစ်ကူးမှာ ကျမအထူးပဲ ဝမ်းသာမိပါတယ်။ ဘာ‌ကြောင့်လဲဆို‌တော့ ကျမတို့ တရွာထဲပဲ ကျင်းပမယ်ဆိုရင် အခုလို လူ‌တွေအ များကြီး‌တွေ့ရမှာမဟုတ်ဘူး။ အခုလို စု‌ပေါင်းကျင်းပခြင်းအားဖြင့် အ‌ဝေးမှာ‌နေတဲ့ ကျမတို့ ညီအကို‌မောင်နှမ‌တွေ ကျမတို့နဲ့အတူ ကရင်နှစ်သစ်ကူးပွဲ‌တော်ကို လာ‌ရောက်ဆင်နွဲတာ‌တွေ့ရ‌တော့ မ‌ပြောတတ်‌လောက်‌အောင် ဝမ်းသာတယ်။ ‌ပျော်လည်း‌ပျော်တယ်” လို့ ပြုံးရင်း ‌ပြောဆိုသွားတာဖြစ်တယ်။
Karen new year article (2)

နို့ဖိုး‌ကျေးရွာအတွင်းမှာ ကျင်းပပြုလုပ်တဲ့ နှစ်သစ်ကူးပွဲ‌တော်ဟာ ကြီးကျယ်ခမ်းနားတဲ့ပွဲ‌တော်တခု မဟုတ်‌သော်လည်း ကရင်အမျိုး သား‌တွေရဲ့ အစဉ်အလာ၊ ချစ်စရာ‌ကောင်းတဲ့ ယဉ်‌ကျေးမှုအ‌မွေအနှစ်‌တွေကို ‌ဖော်ထုတ်ပြီး စည်းလုံးခြင်းကို ‌ဖော်‌ဆောင်တဲ့ပွဲတခု ပါလို့ အခမ်းအနားကို တက်‌ရောက်လာ မဲ့ကနဲရွာသား ‌စောဃီထူးက ယခုလို ဆိုသတဲ့။

သူက “ဒါ‌တွေဟာ ကျ‌နော်တို့ ရိုးရာ ယဉ်‌ကျေးမှု‌တွေ မ‌ပျောက်‌အောင် ‌ဖော်ထုတ်တာဖြစ်သလို ကျ‌နော်တို့ တရွာနဲ့တရွာ ချစ်ခင် ရင်းနီးမှု၊ စည်းလုံးမှု‌တွေကို ‌ဖော်‌ဆောင်တာလည်းဖြစ်တယ်။ နှစ်သစ်ကူးပွဲ‌တော်ကို အခုလိုမျိုး စု‌ပေါင်းမကျင်းပဖြစ်ရင် ကျ‌နော်တို့ ဒီ လိုမျိုး ဆုံဆည်းဖြစ်မှာမဟုတ်ဘူး”တဲ့။

လူမျိုးတမျိုးဟာ ဘာသာစကား၊ စာ‌ပေ၊ အနုပညာ၊ ယာဉ်‌ကျေးမှုဓ‌လေ့ စတဲ့ အဂင်္ါရပ်‌တွေ ပြည့်စုံရမယ်ဆိုတဲ့အတိုင်း အဲဒီအဂင်္ါရပ် ‌တွေနဲ့ ပြည့်စုံ‌နေတဲ့ ကရင်လူမျိုး‌တွေ ပ‌ပျောက်မသွားဖို့နဲ့ အနာဂတ်မျိုးဆက်သစ်‌တွေလည်း ကရင်အမျိုးသား‌တွေရဲ့ ယဉ်‌ကျေးမှု ဓ‌လေ့‌တွေကို သိရှိထိန်းသိမ်းတတ်‌အောင် ရည်ရွယ်ပြီး‌တော့ သက်ဆိုင်ရာ ‌ကျေးရွာတာဝန်ရှိသူများက ကရင်နှစ်သစ်ကူးကျင်းပ ‌ရေး ‌ကော်မတီတရပ်ဖွဲ့စည်းကာ ကရင့်နှစ်သစ်ကူးပွဲ‌တော်ကို စု‌ပေါင်းကျင်းပကြခြင်းဖြစ်တယ်လို့ ‌ကော်မတီ ဥက္ကဌဖြစ်သူ ‌စောကြီး တဲနဲက ‌ပြောဆိုသွားခဲ့တယ်။

သူက “ကျ‌နော်တို့ကို အရင်က ဆရာသမား‌တွေ လုပ်ပြ‌ပေးတဲ့အတိုင်း ကျ‌နော်တို့‌တွေဟာ ကရင်လူမျိုး‌တွေ ဖြစ်တယ်ဆိုတာ လူ ‌တွေ သိဖို့ရယ်၊ ကရင်‌တွေရဲ့ ယဉ်‌ကျေးမှု‌တွေ မ‌ပျောက်ဖို့ရယ်၊ အနာဂတ်က‌လေးသူငယ်‌တွေ ကျ‌နော်တို့ရဲ့ ယဉ်‌ကျေးမှုဓ‌လေ့‌တွေ ကို သိရှိနားလည်ပြီး ‌နောက်‌နောင် လုပ်တတ်ကိုင်တတ်ဖို့အတွက် ရည်ရွယ်ကျင်းပတာဖြစ်တယ်”တဲ့။

အဆိုပါ နို့ဖိုး၊ ထီးမူးထာ့နှင့် မဲ့ကနဲ‌ကျေးရွာတို့ဟာ မြဝတီမြို့နယ်၊ သဃင်္န်းညီ‌နောင်၏ အ‌နောက်ဘက်ခြမ်းမှာ တည်ရှိပြီး ကရင်နှစ်သစ်ကူးပွဲ‌တော်ကို ပြီးခဲ့တဲ့ ၁၉၇၈ခုနှစ်က စပြီး‌တော့ ‌ကျေးရွာအတွင်း စတင်ကျင်းပခွင့်ရခဲ့တာဖြစ်ပြီး ယခုကျင်းပ တဲ့အကြိမ်မှာ (၃၁)ကြိမ်‌မြောက် ကရင်နှစ်သစ်ကူးပွဲ‌တော်ဖြစ်တယ်။

ရွာသူရွာသား‌တွေရဲ့‌ပြောဆိုချက်အရ အရင်က ကရင်နှစ်သစ်ကူးပွဲ‌တော်ကို ‌ကျေးရွာအတွင်း ကျင်းပခွင့်မရဘဲ သဃင်္န်းညီ‌နောင်မှာ နိုင်ငံကို အုပ်ချုပ်တဲ့ အာဏာပိုင်‌တွေ စီစဉ်ကျင်းပ‌ပေးတဲ့အတိုင်း ရွာသူရွာသား‌တွေက သွား‌ရောက်ဆင်နွဲကြရတယ်။ အခုလို ‌ကျေး ရွာအတွင်း ကရင်နှစ်သစ်ကူးပွဲ‌တော်ကို ကျင်းပခွင့်ရတာကလည်း ရွာသူရွာသားများ‌တွေရဲ့ စည်းလုံးညီညွတ်ခြင်း‌ကြောင့်ပါလို့ ဆိုတယ်။

စု‌ပေါင်းလုပ်‌ဆောင်ခြင်းဟာ စည်းလုံးခြင်းကို ‌ဖော်‌ဆောင်သလို အဲဒီမှာရှိတဲ့ ရွာသူရွာသား‌တွေက အခု ၂၇၄၉ခု၊ နှစ်သစ်မှာ ကရင် အမျိုးသားအားလုံး ဒုက္ခအ‌ပေါင်းမှ ကင်း‌ဝေးပြီး အချင်းချင်း ‌သွေးစည်းညီညွတ်သွား‌စေဖို့ ‌မျှော်လင့်‌နေကြတယ်။