Home ကဗျာ နိုးထကြ‌လော့

နိုးထကြ‌လော့

2154
မျိုးဆက်သစ် ကရင်လူငယ်များ

အချိန်ကာလ
‌ရွေးနှုတ်တတ်‌လော့
အစသမိုင်း
ပြန်လည်ပိုင်းရင်
မျက်ရည်ဝိုင်းတယ်လူငယ်တို့။

နိုင်ငံ‌ရေးမှာထိပ်ထိပ်ကျဲ
ကမ္ဘာ့အ‌ရေးမှာချိမ့်ချိမ့်သဲ
ကမ္ဘာ့ကုလသမဂ္ဂမှာ ကျိတ်ကျိတ်နွဲ
နိုင်ငံ‌တော်သမ္မတနဲ့
အာဇာနည်ဖြစ်ကြတာ ဘယ်သူ‌တွေလဲ
အဲ့ဒါမင်းတို့ အဘိုး‌တွေပဲ။

စစ်‌ရေးမှာသတ္တိခဲ
ပထမ၊ ဒုတိယ ကမ္ဘာစစ်မှာပါဝင်နွဲ
လွတ်လပ်‌ရေးရပြီး‌နောက် တပ်မ‌တော်ကို ကွပ်ကဲ
စစ်‌ရေး‌သေနာပတိနဲ့ သတိုးမဟာသ‌ရေစည်သူဘွဲ့ရ
ကာကွယ်‌ရေးဦးစီးချုပ်တပ်မင်းဟာ ဘယ်သူလဲ
အဲ့ဒါမင်းတို့အဘိုး‌တွေပဲ။

ကမ္ဘာမှာ ပထမ
နိုင်ငံတကာလူရည်ချွန်‌တွေ တက်ကြ
အိန္ဒြိယနိုင်ငံက“‌ဒေရာဒွန်း”စစ်တက္ကသိုလ်အလှ
ပထမဆုံးအပတ်စဉ်(၁)မှာ
လှံစွပ်ထိုးသင်ခန်းစာမှာ ဘက်နက်ကျိုးပါသတဲ့
စံပြဗိုလ်‌လောင်းပထမဆုရ
‌ရွှေစလွယ်နဲ့‌ငွေဓါးဆု ဂုဏ်ပြုခံရတာဘယ်သူလဲ
အဲ့ဒါမင်းတို့အဘိုး‌တွေပဲ။

ပညာ‌ရေးမှာ ဝင့်ဝင့်ကြွား
ဆာဘွဲ့ရ၊ ‌ဒေါက်တာဘွဲ့ရ ဝတ်လုံ‌တော်ဘွဲ့ရများမှများ
အာရှတလွှားမှာ အဂင်္လိပ်စကားကို အဂင်္လိ်ပ်အလား
ပီပီသသ ကြည်ကြည်မြမြ
‌ပြောဆို‌ရေးသားနိုင်ကြတာ ဘယ်သူ‌တွေလဲ
အဲ့ဒါ မင်းတို့အဘိုးအဘွား‌ေ‌တွေပဲ။

အားကစားမှာ အာရှစတား
‌ဘောလုံး‌လောကမှာ ပြိုင်စံရှား
‌အောင်ဆန်းအားကစားကွင်းကိုသွားပြီး
‌လေ့လာကြည့်လိုက်စမ်းပါလား
ပထမဆုံးမြန်မာ့လက်‌ရွှေးစင်အသင်း
နံပါတ်(၁)ထိပ်ဆုံးမှာ မှတ်တမ်းတင်သွင်း
သမိုင်းဝင်စာရင်းထဲမှာ ဘယ်သူ‌တွေပါလဲ
အဲ့ဒါ မင်းတို့အဘိုး‌တွေပဲ။

သတင်းမီဒီယာ‌လောကမှာ
မြန်မာပြည်မှာ ပထမဆုံးစတာ
မင်းတုန်းမင်းထုတ်တဲ့“ရတနာပုံသတင်းစာ”ထက်
စီနီယာကျတာ“ဆာထူ‌ဝေါ”သတင်းစာ
ထူ‌ထောင်ခဲ့တာဘယ်သူ‌တွေလဲ
အဲ့ဒါ မင်းတို့အဘိုး‌တွေပဲ။

မြန်မာစာ‌ပေမှာ
ပထမဆုံး အ‌ကောင်းဆုံး “စကား‌ပြေ”အ‌ရေးအသားမှာ
မှတ်တမ်းတင်ထားပါတယ်
နန်းတွင်းသုံး‌ဝေါဟာရအ‌ထွေ‌ထွေ
ဂုုဏ်အလကင်္ာ ရသတ‌ဝေ‌ဝေ
မြန်မာစာ‌ပေသတ်ပုံ အမှားအမှန်မသိရင်
“သမ္မာကျမ်းစာ”မှာရှာကြည့်ပါ
ဘကြီး‌တော်မင်းတြားကြီးလက်ထက်
ဆရာ“ယုဒသန်”နဲ့ အတူဘာသပြန်ထုတ်‌ဝေခဲ့တာ
ဘယ်သူ‌တွေပါလဲ
အဲ့ဒါ မင်းတို့အဘိုးဘွား‌တွေပဲ။

ကမ္ဘာ‌ပေါ်မှာ ဆန်းဆန်းပြားပြား
လှပထူးခြားတဲ့ ဂုတ်ထိပ်တံတား
ပထမဆုံးဖွင့်ပွဲအခမ်းအနားမှာ
မီးရထားနဲ့ဖြတ်‌မောင်းသွားတဲ့
မီးရထားစက်ဗိုလ်ဟာဘယ်သူလဲ
အဲ့ဒါမင်းတို့အဘိုးပဲ။

‌တော်လှန်‌ရေးကိုဆင်နွဲစဉ်
‌လေ‌ကြောင်းတိုက်ပွဲနဲ့ ‌ဝေဟင်ကဗုံးကြဲဖို့
ကမ္ဘာမှာ ပထမဆုံး ‌လေယာဉ်ပြန်‌ပြေးဆွဲ
ဧရာဝတီမြစ်ဝကျွန်း‌ပေါ်ဘက်က
တပ်မဟာမှူနဲ့အဖွဲ့ဟာ ဘယ်သူ‌တွေလဲ
အဲ့ဒါမင်းတို့အဘိုး‌တွေပဲ။

ကရင့်နိုင်ငံ၊ အမျိုးသားသီချင်းနဲ့ ကရင့်အလံ
ဘိလပ်ကိုအသွားအပြန်နဲ့
‌နေမဝင်အင်ဘာယာက၊ ဘုရင်မင်းမြတ်ကို
‌ရွှေနား‌တော်သွင်း‌တောင်းဆိုရာမှာ
နိုင်ငံမှအပ အမျိုးသားသီချင်းနဲ့ အလံတရားဝင်ရခဲ့တယ်
ဗြိတိသျှအစိုးရ‌ပေးက၊ တကမ္ဘာလုံးအသိအမှတ်ပြုရတယ်။
ဂန ္တဝင်‌မြောက် သမိုုင်းအ‌ထောက်အထားနဲ့
‌မြောက်စားခြင်းခံရတာဘယ်သူ‌တွေလဲ
အဲ့ဒါမင်းတို့အဘိုး‌တွေပဲ။

၁၉ရာစုနှစ်က ကမ္ဘာအစိုးရ‌တွေဟာ
မြန်မာအစိုးရကို လာ‌တွေ့တဲ့အခါ
ကရင်ကိုလာ‌တွေ့တာနဲ့အတူတူပဲ
ကမ္ဘာ့အဆင့်အတန်းမှီ လူမျိုးတမျိုး
နိုင်ငံတကာကချစ်မြနိုး‌အောင်
ကြိုးစားခဲ့တာ ဘယ်သူ‌တွေလဲ
အဲ့ဒါမင်းတို့အဘိုး‌တွေပဲ။

အဲ့ဒါ‌တွေချစ်သားတို့သိထားဖို့ လိုလိမ့်မယ်၊
သမိုင်းကိုမသိရင် အရိုင်းစိုင်းလိုဖိမယ်
အဲ့ဒါ‌ကြောင့်—-
‌ချောင်မှာလဲကုတ်မ‌နေနဲ့
အ‌မှောင်မှာလဲ မြှုတ်မ‌နေနဲ့
‌ယောင်ချာချာလဲ လုပ်မ‌နေနဲ့
၂၁ရာစုသစ်ဟာ မင်းတို့ရဲ့‌ခေတ်ပဲ
မျိုးဆက်သစ်ရင်နစ်ရတနာများ
“ပပွားကလူ”ဆိုတာ“ယွား”ဘုရားရဲ့သား‌တွေမို့
‌ရွှေနိုင်ငံကို အပိုင်းစမဲ့၊ ‌ရွှေကလပ်‌ပေါ်က ပတ္တားမြား
နိုးးထကြ‌လော့ မျိုးဆက်သစ်ကရင်လူငယ်များ။

မန်းမု‌မေ့ဖန်း (ဧရာဝတီ)