လယ်ပြင်ထင်ရှား၊ ဆင်တွေသွားနှယ်
မြင်ကျယ်စူးရှ၊ ပြစ်ကွင်းလှမို့
လက်တညှိုးလေး၊ ကွေးလိုက်ယုံ
စုပြုံကာသုဉ်း၊ နင်ကျဆုံးမှာ
ငါပင်သိနေလည်း။
နင်လုပ်ချင်တိုင်း၊ လုပ်တိုင်းရနေ
ရလဒ်တွေ၊ ရမှတ်တွေဟာ
တချိန်မှာ၊ချည်လာနိုင်ခြင်း
ဇတ်ချိုးဆင်း၊ သတ်ကြိုးကွင်းရာ
ငါပင်သိနေလည်း။
မပြစ်ချင်၊ မသတ်ချင်ပြန်
အလံမထူ၊ နိုင်မယူချင်
ဖြူစင်စိတ်ထား၊ ချစ်များဝင်နေတုန်း
စစ်မှန်ဆုံး၊ ပြုံးများခင်း၍
ပွင့်လင်းခဲ့၊ နားလည်ခဲ့စေချင်။
လေရှိ်န်နဲ့ဝဲရာ
လေငြိမ်မလာခင်
ငါရှိရာ၊ ပျံလာသင့်ပြီမို့။
နင်နင်ငါငါ….
အာဃာတ၊ မာန်မာန
ယူအဆ၊ ခဏချတွေ့
လာကြဟေ့လား၊ ပျော်ပါးပါးပေါ့
တို့များတစ်ည၊ မေ့လိုက်ကြစဉ်
ရင်ခွင်ငြိမ်းအေး၊ မျိုးသားတေးသံ
အလံတော်အောက်၊ ဉာဏ်မျှော်ထောက်လေ
အပြုံးတွေစွက်၊ ပခုံးဖက်လို့
ဆုံးဖြတ်ညီညာ ဦးညွတ်စို့။
ယမ်းငွေ့နံ့ကင်း၊ပန်းနံ့သင်းသည်
ရောင်နီကြွယ်ဝ၊ နေ့မြတ်လှမှာ
သာယာမြည်ဟီး၊ ဖားစည်တီးမယ်
ညီရယ် အစ်ကိုတွေဆုံကြမယ်။
အကြိုးမဲ့အား၊ လှည့်စားရန်မွေး
သွေးတွေချောင်းစီး၊ တိုက်ပွဲမီးတွေ
ပြန်ညှိနေ၊ ဆက်နေမဲ့အစား
ပြည်ဖုံးကားချစေ၊ သင်ပုန်းချေလော့
တေပေပြစ်များ၊ နင်ချန်ထားလေ
လာ..သွားမယ်ဆို၊ ဟို….နေ့သစ်
ချစ်စစ်တည်မဲ့ နှစ်သစ်တွေဆီပေါ့။
(လကင်္ာဒီပ)