Home သတင်း မြန်မာနိုင်ငံသားတဦး အကြမ်းဖက်နှိပ်စက်ခံရမှုအ‌ပေါ် အလုပ်သမား ၄‌ထောင်ခန့် ဆန္ဒပြ‌တောင်းဆို

မြန်မာနိုင်ငံသားတဦး အကြမ်းဖက်နှိပ်စက်ခံရမှုအ‌ပေါ် အလုပ်သမား ၄‌ထောင်ခန့် ဆန္ဒပြ‌တောင်းဆို

1683
ဒီဇင်ဘာလ ၁၉ရက်။ ။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့ရှိ အမျိုးသမီးအဝတ်အစားချုပ်စက်ရုံတခုတွင် ယမန်‌နေ့ညက မြန်မာနိုင်ငံသားတဦး အကြမ်းဖက်ခံရမှုအ ‌ပေါ် မြန်မာအလုပ်သမား ၄‌ထောင်ခန့် ဆန္ဒပြ‌တောင်းဆိုမှုတခု ယ‌နေ့နံနက်တွင် ဖြစ်ပွားခဲ့သည်ဟု သိရ သည်။

ယမန်‌နေ့ည ၁ဝနာရီခန့်တွင် ‌ဝေါဆိုသူ အသက် ၂၉နှစ်အရွယ်ရှိ မြန်မာလူငယ်သည် ‌တော့ပ်‌ဖေါင်းမ် (Top Form) စက်ရုံတွင် အလုပ်လုပ်‌နေ‌သော ၎င်း၏ညီမဖြစ်သူအား သွားကြိုရာမှာ စက်ရုံလုံခြုံ‌ရေးဝန်ထမ်း များနှင့် အချင်းများခဲ့ပြီး အသတ်ခံခဲ့ရသည်ဟု အလုပ်သမားများက ယူဆကာ ဆန္ဒပြမှု စတင်ဖြစ်ပွားခဲ့ ခြင်းဖြစ်သည်ဟု မြန်မာပြည်သားများအ‌ရေး ပူးတွဲလှုပ်ရှားမှု‌ကော်မတီ (JACBA) ဥက္ကဌ ဦးမိုးကြိုးက ‌ပြော သည်။

“မ‌နေ့ညက ၁ဝနာရီ‌လောက်မှာ လုံခြုံ‌ရေးဝန်ထမ်းနဲ့ ‌ဝေါတို့ ဖြစ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး‌တော့ ဆန္ဒပြမှု ဖြစ်လာတာပါ။ အဲဒီမှာ ထ‌ပေါက်ကွဲတာက သူတို့ရသင့်ရထိုက်တဲ့ အခွင့်အ‌ရေး‌တွေ ‌တောင်းဆိုကြတယ်။ ‌ပျောက်သွားတဲ့လူရဲ့ အ‌လောင်းကို ‌တောင်းတယ်။ ‌လျော်‌ကြေး‌တောင်းတယ်။ ‌ပျောက်သွားတဲ့လူက အဲဒီ ထဲက အလုပ်သမား မဟုတ်ဘူး။ ဒါ‌ပေမယ့် အဲဒီလုပ်ငန်းခွင်က ‌ကောင်မ‌လေးနဲ့ ပတ်သက်‌နေတယ်။ အ လုပ်သမား အချင်းချင်း‌တော့ မ‌ကျေနပ်တာ‌တွေ ရှိတယ်‌ပေါ့‌နော်။ အဲဒါ လတ်တ‌လော အ‌ခြေအ‌နေပဲ ရှိ ‌သေးတယ်”ဟု ဦးမိုးကြိုးက ယ‌နေ့ည‌နေတွင် ‌ကေအိုင်စီကို ‌ပြောသည်။

စက်ရုံ‌စောင့်များ၏ အကြမ်းဖက်မှုကို ခံရသည့် အဆိုပါမြန်မာလူငယ်သည် မြဝတီမြို့နယ်၊ ထိုင်း-မြန်မာ နယ်စပ်ရှိ အမှတ်(၁၄)ဂိတ်တွင် ‌နေထိုင်သူတဦးဖြစ်ပြီး အစပိုင်းတွင် အသတ်ခံရကာ အ‌လောင်းကို ‌ဖျောက်ဖျက်ခံရသည်ဟု အလုပ်သမားများက ယူဆခဲ့ကြ‌သော်လည်း အမှန်မှာ အသက်မ‌သေဘဲ ‌ပျောက် ဆုံး‌နေခြင်းသာဖြစ်သည်ဟု ဦးမိုးကြိုးက ဆက်‌ပြောသည်။

ယခုလို ‌ပျောက်ဆုံးသွားမှုအ‌ပေါ် ထိုင်းရဲများက နှစ်ရက်အတွင်း လိုက်လံရှာ‌ဖွေ‌ပေးမည်ဟု ကတိ‌ပေး ‌ကြောင်း အဆိုပါအ‌ရေးအခင်းကို ‌ဖြေရှင်း‌ဆောင်ရွက်‌ပေး‌နေသူ မြန်မာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (အက်ဖ်တီယူဘီ)၏ အဖွဲ့ဝင်တဦးက ယခုလို ‌ပြောသည်။

၎င်းက “အဲဒီကိစ္စကို ထိုင်းရဲက ‌ပြောတာ‌ပေါ့‌နော်။ ၂ရက်အတွင်း ‌ပျောက်သွားတဲ့လူကို ‌တွေ့‌အောင်ရှာ ‌ပေးမယ်လို့ ကတိ‌ပေးတယ်‌ပေါ့။ ကျ‌နော်တို့အ‌နေနဲ့က‌တော့ ဘာဆုံးဖြတ်ချက် တစုံတရာမှ မလုပ်ရ‌သေး တဲ့အ‌ပေါ်မှာ ဘာမှမ‌ပြောလို‌သေးပါဘူး။ ဘာဖြစ်လို့လဲဆို‌တော့ အလုပ်သမား‌တွေ ‌ပြောတဲ့စကားချည်းပဲ နား‌ထောင်လို့ မရဘူး‌လေ”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

ဆန္ဒပြ‌နေသည့် မြန်မာအလုပ်သမားများ (ပုံ-အက်ဖ်တီယူဘီ)
ဆန္ဒပြ‌နေသည့် မြန်မာအလုပ်သမားများ (ပုံ-အက်ဖ်တီယူဘီ)

အခင်းဖြစ်ပွားပြီး‌နောက် ည ၁၂းဝဝနာရီခန့်အချိန်တွင် အလုပ်သမားများ မ‌ကျေနပ်မှုများမှ စတင်ဖြစ်ပွားခဲ့ ‌သော အဆိုပါဆန္ဒပြမှုသည် သက်ဆိုင်ရာ ထိုင်းအာဏာပိုင်များနှင့် မြန်မာ့အလုပ်သမားအ‌ရေး ‌ဆောင် ရွက်သူများက ညှိနှိုင်းမှုများ သွား‌ရောက်လုပ်‌ဆောင်‌ပေး‌သော‌ကြောင့် ယ‌နေ့နံနက် ၁ဝးဝဝနာရီခန့်တွင် ရပ်တန့်သွား‌သော်လည်း ပြသနာမှာ မရှင်းလင်း‌သေး‌ကြောင်း သိရသည်။

အလုပ်သမားဦး‌ရေ ‌လေး‌ထောင်ရှိသည့် ‌တော့ပ်‌ဖေါင်းမ်စက်ရုံသည် မဲ‌ဆောက်မြို့တွင် တရားဝင် မှတ်ပုံ တင်ထားသည့် အလုပ်ရုံ‌ပေါင်း ၂၀ဝအနက် ဒုတိယအကြီးဆုံးဖြစ်ပြီး အလုပ်သမားတဦးကို တရက်လျှင် ဘတ်၈ဝမှ ၁၂ဝအထိ လုပ်အားခ‌ပေးကာ ယမန်နှစ်ကလည်း အလုပ်သမား‌ပေါင်း သုံးရာ‌ကျော်ကို အ ‌ကြောင်းအမျိုးမျိုးပြကာ အလုပ်ဖြုတ်ပစ်ခဲ့‌ကြောင်း အလုပ်သမား‌ရေး လှုပ်ရှားသူများ၏ ‌ပြောပြချက်အရ သိရသည်။