Home ကဗျာ နှစ်သစ်အားမာန်

နှစ်သစ်အားမာန်

2105
‌ခေါင်ဆူ.လိုင့်

ကန္တာရခရီးကြမ်း ‌လျှောက်ရင်း
လမ်းမ‌ပျောက်ဘဲ ‌ရေငတ်‌နေတဲ့ ငါ
စမ်း‌ရေတ‌ပေါက် ‌တွေ့‌သောက်မိ‌တော့
‌ပေါ့ပါးရွှင်လန်း ဆန်းစစ်မိခဲ့
‌ရှေ့ဆက်မဲ့ ခရီးသစ်ကို
နှစ်သစ်မှာ အကြံသစ်‌တွေနဲ့
ခွန်အားမာန်အပြည့်မို့
ရန်စွယ်‌ကျော်လွှားဖို့ အသင့်‌တွေး
‌ရွေး‌ကောက်ပွဲမတိုင်ခင်
‌လေး၊ မျှားတံ တင်ကြပါစို့လား…။