ဒီဇင်ဘာလ ၁၂ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ) ယ‌နေ့ကျ‌ရောက်သည့် ၂၀၀၉ခုနှစ် က‌လေးကူးသန်း‌ရောင်းဝယ်မှုဆန့်ကျင်‌ရေး‌နေ့ကို ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့ ဆာသူး‌လေ‌ကျောင်း၌ နံနက် ၉နာရီအချိန်ခန့်တွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ အခမ်းအနားကို ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့ရှိ မြန်မာစာသင်‌ကျောင်း‌ပေါင်း ၄ဝ ‌ကျော်မှ ဆရာ၊ ဆရာမများနှင့် ‌ကျောင်းသူ၊ ‌ကျောင်းသားများအပါအဝင် ပရိဿတ်‌ပေါင်း ၃၀ဝ ခန့် တက်‌ရောက်ခဲ့သည်။ မြန်မာ့‌ရွှေ့‌ပြောင်းအလုပ်သမား က‌လေးငယ်များ‌ကော်မတီဥက္ကဌ ဆရာမ ‌နော်‌ဖော‌ရေက "ကျမတို့ဟာ ကုန်ကူး ခံ‌နေရတဲ့ က‌လေး‌တွေအတွက် ကူညီ‌ဆောင်ရွက်‌ပေးဖို့ အားလုံးမှာ တာဝန်ရှိပါတယ်။ ဒါ‌ကြောင့် တညီတ ညွှတ်တည်း...
အိမ်နီးချင်း‌ကောင်း ပီသမယ်ဆိုရင် အဂတိလိုက်စားမှုဖြင့် ထိုင်းအစိုးရမှ ‌ထောင်ဒဏ် ၂နှစ် ချမှတ်ခံထားရသူ ထိုင်းဝန်ကြီးချုပ်‌ဟောင်း မစ္စတာ တာ့ခ်ဆင်ရှင်နာဝပ် ထရာအား က‌မောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ဟွန်ဆန်၏ စီးပွား‌ရေးအကြံ‌ပေး ပုဂ္ဂိုလ်အဖြစ် ခန့်အပ်လိုက်ပြီဖြစ်‌ကြောင်း နိုဝင်ဘာ လ ၄ရက်‌နေ့တွင် က‌မောဒီးယားနိုင်ငံပိုင် ရုပ်သံက ထုတ်ပြန်ခဲ့သည်။ ယင်းသို့ ခန့်အပ်လိုက်ပြီး နာရီပိုင်းအတွင်း အဆိုပါကိစ္စ၏ ‌နောက်ဆက်တွဲအဖြစ် ထိုင်းနှင့် က‌မ္ဘောဒီးယား နှစ်နိုင်ငံအစိုးရများက ၎င်းတို့၏ သံအမတ်ကြီးများကို ဌာ‌နေသို့ အသီးသီး ပြန်လည်ဆင့်‌ခေါ်ခဲ့ကြသည်။ ထိုပြဿနာ၏အစမှာ လွန်ခဲ့သည့် ၁၁ရာစုနှစ် ကတည်းက ထိုင်းနှင့် က‌မ္ဘောဒီးယားနယ်ခြားတွင်...
ဒီဇင်ဘာလ ၁၁ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ) တိုးတက်‌သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် (ဒီ‌ကေဘီ‌အေ) တပ်သားတဦးသည် လက်နက်ငယ် ၃လက်နှင့်အတူ ယခုလ ဒီဇင်ဘာလ ၄ရက်‌နေ့တွင် ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ) တပ်မဟာ(၇)ထံ လာ‌ရောက်ပူး‌ပေါင်းခဲ့သည် ဟု သိရသည်။ ဒီ‌ကေဘီ‌အေ တပ်မဟာ(၉၉၉) တပ်ရင်း(၅) တပ်ခွဲ(၁)မှ တပ်သား ‌စောဖိုး‌ဇော် ၂၆နှစ်သည် ‌အေ‌ကေ သုံးလက် ယူ‌ဆောင်ကာ ထို‌ဒေသတဝိုက်တွင် လှုပ်ရှား‌နေ‌သော ကရင်အမျိုးသားလွတ်‌မြောက်‌ရေး တပ်မ‌တော် (‌ကေအဲန်အယ်လ်‌အေ) တပ်ဖွဲ့ဝင်များ နှင့် ဆက်သွယ်၍ ၎င်း၏ တပ်ခွဲအ‌ခြေချ ခလယ်‌ဒေးစခန်းမှ လာ‌ရောက်ပူး‌ပေါင်းခဲ့ခြင်းဖြစ်သည်။ ထိုသို့...
ဒီဇင်ဘာလ ၁ဝရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ) ပအိုဝ်းအမျိုးသားညီညွတ်‌ရေးကို ဦးတည်‌သော ပထမဦးဆုံး ပအိုဝ်းအမျိုးသား ညီလာခံတွင် “ပအိုဝ်းအမျိုးသားလွတ် ‌မြောက်‌ရေး အဖွဲ့ချုပ်”ကို စတင် ဖွဲ့စည်းတည်‌ထောင်လိုက်သည်ဟု သိရသည်။ ယခု ဒီဇင်ဘာလ ၇ရက်မှ ၉ရက်‌နေ့အထိ ထိုင်း-မြန်မာနယ်စပ်တ‌နေရာတွင် ကျင်းပပြုလုပ်ခဲ့သည့် ထိုညီလာခံတွင် တခု တည်း‌သော ပအိုဝ်းအမျိုးသား ဦး‌ဆောင်အဖွဲ့အစည်းအဖြစ် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု ဥက္ကဌအဖြစ် ‌ရွေးချယ်ခံရသူ ဗိုလ် မှူးကြီး ခွန်ဥက္ကာက ၎င်းတို့၏ ‌ကြေညာချက်တွင် ‌ပြောကြားလိုက်သည်။ “အခု ပအိုဝ်းအမျိုးသားညီလာခံက‌နေ ဖွဲ့စည်းထားတဲ့ ပအိုဝ်းအမျိုးသားလွတ်‌မြောက်‌ရေးအဖွဲ့ချုပ်ဟာ လက်ရုံးရည် နှလုံးရည်နဲ့ ပူး‌ပေါင်းပြီး...
ဒီဇင်ဘာလ ၈ရက်။ ‌ကေအိုင်စီ မြဝတီခရိုင် မဲ့‌ထော်သ‌လေး‌ကျေးရွာ ဥက္ကဌကို ယမန်‌နေ့ညပိုင်းတွင် အမည်မသိ လူတစုက လာ‌ရောက်ပစ်သတ်သွားခဲ့သည် ဟု ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။ အသက် ၃၉နှစ်အရွယ်ရှိ မဲ့‌ထော်သ‌လေး ဥက္ကဌ စိုင်းစိုးနိုင်သည် ၎င်း‌နေအိမ်တွင် ဘိလိယက်ခုံ ဖွင့်လှစ်ထားရာ ယမန်‌နေ့ည ၈နာရီဝန်းကျင်၌ အမည်မသိ ‌သေနတ်သမားတစုက လာ‌ရောက်ပစ်သတ်သွားခြင်းဖြစ်သည်။ ထိုပစ်ခတ်မှု‌ကြောင့် ‌ကျေးရွာဥက္ကဌမှာ ‌သေနတ်ဒဏ်ရာ ၅ချက်နှင့် ‌သေဆုံးသွားပြီး ယ‌နေ့မနက်တွင် သူ၏အ‌လောင်းကို မြဝတီ ‌ဆေးရုံ၌ ရင်ခွဲစစ်‌ဆေးခဲ့သည်ဟုလည်း ‌ဆေးရုံနှင့် နီးစပ်သူတဦးက ယခုလို ‌ပြောသည်။ “ကြားရသ‌လောက်က‌တော့ သူ့ကို ဘိလိယက်ခုံမှာ...
ဒီဇင်ဘာ ၇ရက်။ ‌နော်ဖြူသင်း (‌ကေအိုင်စီ) ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့၌ ကျင်းပပြုလုပ်သည့် ထိုင်းဘုရင်မင်းမြတ်၏ ‌မွေး‌နေ့ပွဲ‌တော်သို့ နာမည်ကြီး မြန်မာအဆို‌တော် ‌လေးဦး လာ‌ရောက်‌ဖျော်‌ဖြေမည်ဟု ‌ကြေညာထားခဲ့‌သော်လည်း အဆို‌တော် ‌ဇော်ပိုင်နှင့် ‌ရေဗက္ကာဝင်းတို့နှစ်ဦးသာ သီဆိုသွားခဲ့သည် ဟု သိရသည်။ ဒီဇင်ဘာလ ၄ရက်မှ ၆ရက်အထိ အဆိုပါမြန်မာအဆို‌တော်များ လာ‌ရောက်သီဆိုမည့် အစီအစဉ်တွင် သတ်မှတ်ထားသည့် ဒုတိယညတွင် အဆို‌တော် စိုင်းစိုင်းခမ်းလှိုင်နှင့် ကြိုးကြာ၊ တတိယညတွင် အဆို‌တော် ‌ဇော်ပိုင်နှင့် ‌ရေဗက္ကာဝင်းတို့ လာ‌ရောက် ‌ဖျော်‌ဖြေမည်ဟု ‌ကြေညာထားခဲ့‌သော်လည်း ‌နောက်ဆုံးညကျမှသာ ‌ဇော်ပိုင်နှင့် ‌ရေဗက္ကာဝင်းတို့နှစ်ဦးသာ...
ဒီဇင်ဘာလ ၇ရက်။ နန်းထူးစံ (‌ကေအိုင်စီ) နအဖတပ်များသည် ယခုလဆန်းပိုင်းအတွင်း ‌တောင်ငူ‌ဒေသတွင် တပ်ရိက္ခာများ သယ်ယူပို့‌ဆောင်ရန်အတွက် ရွာသားကားများကို ‌ချောဆွဲ‌ခေါ်ယူရာ ကားတစီးမှာ မိုင်းထိ၍ ရွာသားတဦး ‌သေဆုံးခဲ့ပြီး နှစ်ဦး ဒဏ်ရာရှိခဲ့သည်ဟု ထို‌ဒေသမှ လာသည့်သတင်းအရ သိရသည်။ ယခုလ (၃)ရက်‌နေ့က ‌တောင်ငူမြို့၏ အ‌နောက်ဘက်ခြမ်း နအဖ စစ်ကွပ်ကဲ‌ရေးဌာနချုပ်-စကခ (၅) အ‌ခြေချရာ ‌ဘောဂလိနှင့် ‌ရေသိုးကြီး‌ကျေးရွာတို့တွင် စကခမှူး ဗိုလ်မှူးကြီး ခင်‌မောင်ဆင့်က ‌ကျေးရွာအတွင်းရှိ ကားပိုင်ရှင်များကို ‌ခေါ်ယူပြီး ‌ဘောဂလိစခန်း မှ ‌မောင်းတိုင်ကြီးစခန်းသို့ ရိက္ခာပို့ရန် သွားခိုင်းရာ...
ဒီဇင်ဘာလ ၇ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ) မတူညီကွဲပြားသည့် တိုင်းရင်းသားလူမျိုးနှင့် ဓ‌လေ့ရိုးရာခြားနားမှုများကို ပြန်လည်‌ပေါင်းစည်းကြဖို့ အားလုံးပါဝင်ပူး‌ပေါင်း ‌ဆောင်ရွက်ရန် ဆရာမ ‌ဒေါက်တာစင်သီယာ‌မောင်က ယမန်‌နေ့ ကျ‌ရောက်သည့် သူမ၏ ၅ဝပြည့်နှစ်‌မြောက် ‌မွေး‌နေ့တွင် တိုက်တွန်း‌ပြောကြားလိုက်သည်။ "ကျမတို့ မြန်မာပြည် တိုင်းရင်းသားလူမျိုးစု‌တွေ ပြန်လည်စုစည်းမှု တည်‌ဆောက်တဲ့အပိုင်းမှာ အများကြီး လိုပါ‌သေးတယ်။ ဒါ ‌ကြောင့် ကျမတို့ တဦးချင်းစီရဲ့ အရည်အ‌သွေး‌တွေ တိုးမြှင့်‌အောင် ‌ဆောင်ရွက်ရင်းနဲ့ အစုအဖွဲ့တခုနဲ့တခု အပြန်အလှန် ပူး ‌ပေါင်း‌ဆောင်ရွက်မယ့် လမ်း‌ကြောင်း‌တွေကို ဆက်လက်ရှာပြီး‌တော့ ကျမတို့နိုင်ငံရဲ့ ငြိမ်းချမ်း‌ရေးနဲ့ ဒီမိုက‌ရေစီဖွံ့ဖြိုး‌ရေးအ...
ဒီဇင်ဘာလ ၄ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ) ‌ကေအဲန်ယူ တပ်မဟာ (၇)နယ်‌မြေတွင် ယမန်‌နေ့က တိုးတက်‌သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ ‌တော်(ဒီ‌ကေဘီ‌အေ)နှင့် ‌ကေအဲန်အယ်လ်‌အေတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွား‌သော‌ကြောင့် ယ‌နေ့မနက်ပိုင်းတွင် ဒီ‌ကေဘီ‌အေဘက်က နယ်စပ်ဖြတ်‌ကျော်မှုကို ပိတ်ပစ်လိုက်သည်ဟု သိရသည်။ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (‌ကေအဲန်အယ်လ်‌အေ) တပ်ရင်း(၂၂)ဒုရင်းမှူး ဗိုလ်မှူး ‌စောဒီ့ကွယ်က “မ‌နေ့က ည‌နေ ၃နာရီအချိန်မှာ သူတို့ (ဒီ‌ကေဘီ‌အေ)‌တွေ မဲ့ကရဲနှင့် က‌လေ့ဖိုးကလိုး စပ် ကြားမှာ ကျ‌နော်တို့လူနဲ့ ၁ဝမိနစ်‌လောက် အပြန်အလှန် ပစ်ခတ်ကြတယ်။ သူတို့ဆီက ‌သေနတ် ၁လက်၊ မက္ကစင်း ၂ခုနဲ့...
ဒီဇင်ဘာလ ၄ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ) ကရင်ပြည်နယ်‌မြောက်ပိုင်း၊ ‌တောင်ငူခရိုင်တွင် စပါးထွက်နှုန်း ‌လျော့နည်းလာ‌သော‌ကြောင့် လာမည့်နှစ်တွင် ကြီးမားသည့် စားဝတ် ‌နေ‌ရေး ပြဿနာများနှင့် ရင်ဆိုင်ရနိုင်သည်ဟု ‌ဒေသခံလယ်သမားများက ‌ပြောဆို‌နေကြသည်။ ‌တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ‌ဒေသအတွင်းမှ ‌ဒေသခံပြည်သူများသည် နှစ်စဉ် လယ်ယာလုပ်ငန်းကို အဓိက လုပ်ကိုင်ကြရသူ များဖြစ်သည့်အတွက် ယခုနှစ်တွင် မိုးနည်း၍ စပါးပင်များ သန်စွမ်းမှုမရှိသည့်အတွက် ယခင်နှစ် စပါးထွက်နှုန်းထက် သုံးပုံတပုံခန့် ‌လျော့နည်းလာရခြင်းဖြစ်‌ကြောင်း ‌ဒေသခံ ဇီးဖြူကုန်းရွာမှ လယ်သမား ‌စောရားရာက ‌ကေအိုင်စီကို ယခုလို ‌ပြောပြသည်။ "ကျ‌နော်က လယ်လုပ်လာတာ...